ပစ်ခတ်ခံရမှုကြောင့် လားရှိုးလူငယ်ပရဟိတအသင်းဥက္ကဋ္ဌ သေဆုံး

ပစ်ခတ်ခံရမှုကြောင့် လားရှိုးလူငယ်ပရဟိတအသင်းဥက္ကဋ္ဌ သေဆုံး
ဓာတ်ပုံ - Htike Htwe

ရန်ကုန် ၊ သြဂုတ် ၁၇ ။             ။ လားရှိုးမြို့အထွက် ၁၂ မိုင် ရဲကင်းအနီးတွင် မီးလောင်နေသည့် ဆီဆိုင်များအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် သွားရောက်သည့် လားရှိုးလူငယ်ပရဟိတအသင်းကား ပစ်ခတ်ခံခဲ့ရပြီး ဥက္ကဋ္ဌ ဖြစ်သူ သေဆုံးသွားခဲ့ရသည်ဟု လားရှိုးမြို့မှ ကမ္ဘောဇအသင်းတာဝန်ရှိသူတစ်ဦးက မဇ္စျိမသို့ အတည်ပြုပြောဆိုသည်။

“အခု ကျွန်တော်တို့ဆေးရုံရောက်နေတာပါ။ လားရှိုးလူငယ်အသင်းဥက္ကဋ္ဌ သေဆုံးသွားပါတယ်။ လောလောဆယ် ဒီလောက်အထိပဲ သိပါသေးတယ်” ဟု ၎င်းက ဆိုသည်။

လားရှိုးလူငယ်ပရဟိတအသင်းမှ အသင်းသား ၄ ဦး ဒဏ်ရာ ရရှိထားသည်ဟုလည်း ကြားသိထားရသည်။

ဓာတ်ပုံ-မိုင်းအနိုင်

ယနေ့ သြဂုတ် ၁၇ ရက်နေ့ နံနက်ပိုင်းတွင် ရှမ်းပြည်မြောက်ပိုင်း လားရှိုး ၊ ကွတ်ခိုင် ၊ သိန္နီ မြို့ အနီး ပြည်ထောင်စုလမ်းမကြီးပေါ်၌ ပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး တံတားအချို့လည်း မိုင်းခွဲ ဖျက်ဆီးခံထားရသည်။

သြဂုတ် ၁၅ ရက်နေ့က မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့( TNLA၊ AA၊ MNDAA ) တို့ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာ တက္ကသိုလ်၊ နောင်ချိုမြို့သို့ အထွက် ပြင်ဦးလွင် တိုးဂိတ်၊ ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်ရှိ ဂုတ်တွင်း ရဲစခန်း၊ ကျောက်မဲမြို့သို့ အထွက် နောင်ချို တိုးဂိတ်၊ မူးယစ်ဆေးဝါးစစ်ဆေးရေးဂိတ်နှင့် နယ်မြေခံ တပ်ရင်းဌာနချုပ် တစ်ခုတို့ တိုက်ခိုက်ခဲ့ပြီးနောက် တိုက်ပွဲများ ထပ်မံဖြစ်ပွားလာနေခြင်း ဖြစ်သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required