ကျွံဆင်းနေသော မြို့တော် (သို့) ကပ်ဆိုး နှုတ်ခမ်းဝက ဂျကာတာမြို့

ကျွံဆင်းနေသော မြို့တော် (သို့) ကပ်ဆိုး နှုတ်ခမ်းဝက ဂျကာတာမြို့

ဂျကာတာ၊ သြဂုတ် ၁၆ ။ အင်ဒိုနီးရှားနိုင်ငံရဲ့ ဂျကာတာမြို့တော်ရဲ့ သက်တမ်းဟာ တဖြည်းဖြည်း အဆုံးသတ်ဆီ ချည်းကပ်လျက် ရှိနေပါတယ်။

ကမ္ဘာပေါ်မှာ မြေကြီးထဲ အရှိန်မြန်မြန် ကျွံဝင်နစ်ဆင်းနေတဲ့ မြို့တွေထဲက တစ်မြို့အဖြစ် ဂျကာတာမြို့တော်ကို အခု ကျွံဆင်းနေတဲ့ နှုန်းအတိုင်းပဲ ဆက်သွားမယ်ဆိုရင် ၂၀၅၀ မှာ မြို့ရဲ့ သုံးပုံတစ်ပုံ မြေထဲ နစ်မြုပ်သွားတော့မှာ ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။

အထိန်းအချုပ် မရှိ မြေအောက်ရေ အလွန်အကျွံ ထုတ်လုပ်ခဲ့တဲ့ ဆယ်စုနှစ်တွေ၊ ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာနေခြင်းနဲ့ ရာသီ မမှန်တဲ့ ဖြစ်စဉ်တွေ အဖြစ်များလာခြင်းက ဂျကာတာမြို့တော်ကြီး ပျောက်ကွယ်သွားအောင် မြေအောက် နှစ်မြုပ်လျက် ရှိနေပါတယ်။

ရှိနေတဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုဆိုင်ရာ လုပ်ငန်းစဉ်တွေဟာလညး် အကျိုးသက်ရောက်မှု နည်းပါးတာကြောင့် အာဏာပိုင်တွေဟာ အကြီးမားဆုံးသော အပြောင်းအလဲကြီး တစ်ရပ်ကို ဖော်ဆောင်နေရပါပြီ။ ဒါကတော့ နိုင်ငံအတွက် မြို့တော်သစ်တစ်ခု တည်ထောင်ဖို့ပါပဲ။

မြို့တော်သစ်ရဲ့ တည်နေရာကို အတိအကျ ကြေညာလာဖို့ ရှိတယ်လို့ ဌာနေမီဒီယာတွေက ဖော်ပြပါတယ်။

“ကျွန်တော်တို့ နိုင်ငံရဲ့ မြို့တော်ကို ဘော်နီယိုကျွန်းဆီ ရွှေ့ဖြစ်မယ်။”လို့ သမ္မတ ဂျိုကိုဝီဒိုဒိုက တွစ်တာမှာ ရေးသားပါတယ်။

နိုင်ငံရဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးအချက်အခြာတွေကို နေရာရွှေ့ပြောင်းပြီး မြို့တော်သစ်တည်တာဟာ နိုင်ငံအကျိုးစီးပွား အဓွန့်ရှည် တည်တံ့ရေးအတွက် လုပ်ဆောင်ချက် တစ်ရပ် ဖြစ်နိုင်ပေမယ့် လူဦးရေ ဆယ်သန်းရှိတဲ့ ဂျကာတာမြို့တော်အတွက် သေမင်းတမန်ခေါင်းလောင်းထိုးသံပဲ ဖြစ်နေပါတော့တယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly