မြန်မာ ဝက်တင်ပို့မှု ရက် ၉၀ ကြာ ထိုင်း ပိတ်ပင်မည်

မြန်မာ ဝက်တင်ပို့မှု ရက် ၉၀ ကြာ ထိုင်း ပိတ်ပင်မည်

သြဂုတ် ၁၆  ။        ။ မြန်မာနိုင်ငံကနေ ဝက်တင်ပို့မှုတွေကို သုံးလကြာ ပိတ်ထားမည်ဖြစ်ကြောင်း ထိုင်း  မွေးမြူရေးလုပ်ငန်း ဌာနက ရိုက်တာသတင်းဌာနကို သြဂုတ် ၁၅ ရက်က ပြောကြားခဲ့သည်ဟု သိရသည်။

ယခုသီတင်းပတ်အတွင်း မြန်မာတွင် အာဖရိက ဝက်တုပ်ကွေး အပြင်းဖျားရောဂါ ဗိုင်းရပ်စ်ပိုး ပထမဆုံး တွေ့ရှိကြောင်း အတည်ပြုခဲ့ပြီးနောက် ယခုလို ထိုင်းဘက်က ပိတ်ပင်ခြင်း ဖြစ်သည်။

လာမည့် အပတ်တွင်  စတင်အသက်ဝင်မည်ဟု မျှော်လင့်ရသော ယင်းပိတ်ပင်မှုအောက်တွင် မြန်မာနိုင်ငံမှ တင်ပို့မည့် ဝက်အရှင်၊ တောဝက်များနှင့် ဝက်အသေ၊ ဝက်ထွက်ပစ္စည်းတွေ တို့ လွှမ်းခြုံပါဝင်မှာ ဖြစ်ပြီး ဒါဟာ ထိုင်းဆီ ဗိုင်းရပ်စ်ပိုး မပြန့်နှံ့စေရန် ကာကွယ်ဖို့ ရည်ရွယ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇွန်လကလည်း အာဖရိက အပြင်းဖျား ဝက်တုပ်ကွေး ကြောင့် လာအိုမှ ဝက်တင်သွင်းမှုများကို ပိတ်ပင်ကြောင်း အလားတူအတိုင်း ထိုင်းအာဏာပိုင်များ ထုတ်ပြန်ထားခဲ့သည်။

လက်ရှိအချိန်တွင်တော့ ထိုင်းနိုင်ငံတွင် အဆိုပါ အာဖရိက ဝက်တုပ်ကွေး ဗိုင်းရပ်စ်ပိုး ကူးစက်မှု ဖြစ်စဉ် ဖြစ်ပွားခြင်း မရှိကြောင်း ထိုင်း မွေးဖြူရေးလုပ်ငန်း ဖွံ့ဖြိုးရေးဌာန ညွန်ကြားရေးမှူးချုပ် Sorawit Thanito က ပြောသည်။

အလားတူ တရုတ်နိုင်ငံကလည်း အာဖရိက ဝက်တုပ်ကွေး ကူးစက်ပြန့်နှံ့မှုကို စိုးရိမ်မှုကြောင့် မြန်မာနိုင်ငံမှ ဝက်၊ တောဝက်နှင့် ဝက်နှင့်ဆက်စပ်ထုတ်ကုန်တွေ တင်သွင်းမှုကို ပိတ်ပင်ကြောင်း ထုတ်ပြန်ထားခဲ့သည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required