မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်ကျောင်းဝင်းအတွင်းနှင့် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်အတွင်းရှိ ဂုတ်တွင်းတံတားနှင့် ရဲကင်းစခန်းအပါအဝင် စုစုပေါင်းနေရာ ငါးနေရာကို ဩဂုတ် ၁၅ ရက် နံနက်ပိုင်းက မြောက်ပိုင်းမဟာမိတ်အဖွဲ့မှ တစ်ပြိုင်နက်တည်း ဝင်ရောက်တိုက်ခိုက်ခဲ့ရာ တပ်မတော်သား ကိုးဦး၊ရဲတပ်ဖွဲ့ဝင် သုံးဦးနှင့်အရပ်သားသုံးဦး စုစုပေါင်း ၁၅ ဦး သေဆုံးခဲ့ကြောင်း တပ်မတော်
သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက မဇ္ဈိမကို အတည်ပြုပြောသည်။
ရိုက်ကူး-ကိုကိုအောင်
( အထိတ်တလန့်ဖြစ်စရာမြင်ကွင်းများ ပါရှိသည့် ရုပ်သံဖိုင် ဖြစ်ပါသည်)