ဧရာဝတီနှင့်ရခိုင်ကို ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းအတွက် တိုင်းအစိုးရထံ သဘောထားမှတ်ချက် တောင်းခံ

16 August 2019
ဧရာဝတီနှင့်ရခိုင်ကို ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းအတွက် တိုင်းအစိုးရထံ သဘောထားမှတ်ချက် တောင်းခံ

ဧရာဝတီနှင့်ရခိုင်ကို ဆက်သွယ်မည့် ကမ်းခြေပတ်လမ်းအတွက် တိုင်းဒေသကြီးအစိုးရသို ့ သဘောထား မှတ်ချက်တောင်းကြောင်း လျှပ်စစ်စွမ်းအင်စက်မှုလက်မှုနှင့်လမ်းပန်းဝန်ကြီးဦးဝင်းဌေးက ပြောသည်။

“ကမ်းခြေပတ်လမ်းကြောင့် ခရီးသွားလုပ်ငန်းတွေလုံခြုံရေးအပိုင်းတွေ လမ်းပန်းဆက်သွယ်ရေး အပိုင်းတွေ အများကြီးကောင်းမှာပါ။ ကမ်းခြေပတ်လမ်းကို မော်တင်အထိသွားလို ့ရတယ်။ ပြည်ထောင်စု ဆောက်လုပ်ရေး ဝန်ကြီးဌာနက လေ့လာထားမှုအရ ဂေါ်ရင်ဂျီကျွန်းကရခိုင်အထိ ”ဟု လျှပ်စစ်စွမ်းအင်စက်မှုလက်မှု နှင့်လမ်းပန်း ဝန်ကြီးဦးဝင်းဌေးက ပြောသည်။

အဆိုပါ ကိစ္စအတွက် တိုင်းအစိုးရအဖွဲ ့ရုံးသို့ တင်ပြထားပြီး စိတ်ဝင်စားသူများအတွက် တင်ဒါစနစ်ဖြင့် ဆောင်ရွက်ရန် စီစဉ်နေကြောင်း သိရသည်။

ရိုက်ကူး - စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly