ကိုကျော်ဇင်ဝင်းသေဆုံးမှုတွင်  LGBT ဖိနှိပ်ချုပ်ချယ်မှုမတွေ့ရကြောင်း လူ့အခွင့်ရေးကော်မရှင်ဆို

15 August 2019
ကိုကျော်ဇင်ဝင်းသေဆုံးမှုတွင်  LGBT ဖိနှိပ်ချုပ်ချယ်မှုမတွေ့ရကြောင်း လူ့အခွင့်ရေးကော်မရှင်ဆို

ကိုယ့်ကိုကိုယ်အဆုံးစီရင်ခဲ့သော MIU ကျောင်းဝန်ထမ်း ကိုကျော်ဇင်ဝင်းအမှုတွင် လုပ်ငန်းခွင်အတွင်း အုပ်စုဖွဲ့ အနိုင်ကျင့်မှုနှင့် LGBT ဖိနှိပ်ချုပ်ချယ်မှု မတွေ့ရှိခဲ့ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်၏ အဖွဲ့ဝင် ဦးယုလွင်အောင်က မဇ္စျိမကို ပြောသည်။

“ဘယ်သူ့မှာ တာဝန်ရှိသလဲဆိုတာ သုံးသပ်ရတာ အတော်ကြီး ခက်သွားတယ်။ နောက်တစ်ခုက သူပြောသလို အုပ်စုလိုက်ဖွဲ့ပြီးတော့ Blame လုပ်တယ်ဆိုတဲ့ အထောက်အထားကတော့ လုံးဝမတွေ့ရဘူး။ နောက်ဆုံး အနီးစပ်ဆုံးတွန်းအားပေးဖြစ်သွားတဲ့ ပြသနာကတော့ သူမိတ္တူကူးမပေးတဲ့ ကိစ္စရယ်၊ သူ့ရဲ့အထက် မန်နေဂျာကိုကျော်ပြီး ဒါရိုက်တာကို အီးမေးလ်ပို့တဲ့ ကိစ္စရယ်အတွက် မန်နေဂျာက သူ့ကို ဆူတယ်။ ဆူတာကို စိတ်ခံစားမှုပြင်းထန်ပြီးတော့ ကျန်တဲ့ဟာတွေကို သူလျှောက်ရေးပြီးတော့မှ စိတ်ခံစားချက်မထိန်းနိုင်ဘဲ ခုလို ဆေးတွေသောက်သွားတယ်လို့ ယူဆရတာပေါ့နော်” ဟု ဦးယုလွင်အောင်က ပြောသည်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59647
ရိုက်ကူး/တည်းဖြတ် - ဖူးအိအိနွယ်
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly