ယခုနှစ်ရာသီတွင် မက်ဆီ၊ စီရော်နယ်ဒိုနှင့် ဒီပေးတို့၏ ဂျာစီများ အများဆုံးရောင်းချရ

ယခုနှစ်ရာသီတွင် မက်ဆီ၊ စီရော်နယ်ဒိုနှင့် ဒီပေးတို့၏ ဂျာစီများ အများဆုံးရောင်းချရ

အောက်တိုဘာ ၁၃ ။             ။ ယခုနှစ်ရာသီတွင် ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ရီးယဲလ်တိုက်စစ်မှူး စီရော်နယ်ဒိုနှင့် မန်ယူတောင်ပံ တိုက်စစ်ကစားသမား ဒီပေးတို့၏ ဂျာစီများမှာ အရောင်းရဆုံးဂျာစီများ ဖြစ်သည်။

၎င်းတို့သုံးဦးနောက်တွင် မန်ယူကွင်းလယ်ကစားသမားသစ် ရှဝိန်းစတိုင်ဂါ၊ ချယ်လ်ဆီးတောင်ပံကစားသမား ဟက်ဇက်၊ မန်ယူတိုက်စစ်မှူး ဝိန်းရွန်နီ၊ ဘာစီလိုနာတိုက်စစ်မှူး နေမာ၊ မန်စီးတီးတိုက်စစ်မှူး အဂူရို၊ အာဆင်နယ်တိုက်စစ်ကစားသမား အလက်ဆစ်ဆန်းချက်ဇ်၊ လီဗာပူးလ်တောင်ပံတိုက်စစ်ကစားသမား ကော်တင်ဟိုတို့၏ ဂျာစီများမှာ အရောင်းရဆုံး ဖြစ်သည်။

အဆိုပါစာရင်းမှာ kitbag.com မှ ဂျာစီဝယ်ယူသူများကို စစ်တမ်းပြုလုပ်ထားခြင်း ဖြစ်သည်။ မက်ဆီနှင့် စီရော်နယ်ဒိုတို့၏ ဂျာစီများမှာ အရောင်းရဆုံးဖြစ်သော်လည်း ထိပ်ဆုံး ၁၀ ဦးစာရင်းတွင် လာလီဂါမှ သုံးဦးသာ ပါဝင်ပြီး ကျန်ကစားသမားအားလုံးမှာ ပရီးမီးယားလိဂ်အသင်းများမှ ဖြစ်သည်။ ဂျာစီအရောင်းရဆုံးဆယ်ဦးတွင် မန်ယူက သုံးဦးအထိပါဝင်ခဲ့သည်။

Ref ; စကိုင်းစပို့တ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly