ဦးလှဆွေ(ဘူးလက်) အတွက် ဖမ်းဝရမ်းအတည်ပြုရန် ဝရမ်းပြန်မရောက်သေးဟုဆို

15 August 2019
ဦးလှဆွေ(ဘူးလက်) အတွက် ဖမ်းဝရမ်းအတည်ပြုရန် ဝရမ်းပြန်မရောက်သေးဟုဆို

နိုင်ငံတော်အကြီးအကဲများအပေါ် ပြစ်တင်ဝေဖန်ပြောဆိုခဲ့သည်ဟုဆိုကာ ရာဇသတ်ကြီးပုဒ်မ၁၂၄(က) ( နိုင်ငံ တော်အကြည်ညိုပျက်စေမှု) ဖြင့်တရားစွဲဆိုခဲ့သည့် ဦးလှဆွေ (ဘူးလက်)ကို အနောက်ပိုင်းခရိုင် တရားရုံး က ဖမ်းဝရမ်းအတည်ပြုရန် ဝရမ်းပြန်မရောက်သေးကြောင်း အနောက်ပိုင်းခရိုင်တရားရုံးမှသိရသည်။

သြဂုတ်လ ၃ရက်က ရန်ကုန်မြို့တော်ခန်းမအရှေ့တွင် ပြုလုပ်သည့် တပ်မတော်ထိပ်တန်းအရာရှိများကို အမေရိ ကန်နိုင်ငံမှ အရေးယူပိတ်ဆို့ခြင်းအပေါ် ဆန့်ကျင်ကန့်ကွက်ပွဲတွင် နိုင်ငံတော်အကြီးအကဲများ အပေါ် သွယ်ဝိုက် ၍ ပြစ်တင်ပြောဆိုခဲ့သည်ဟုဆိုကာ ကျောက်တံတားမြို့နယ် ဒုတိယအထွေထွေ အုပ်ချုပ်ရေးမှူး ဦးမျိုးမြင့်က သြဂုတ်လ ၇ ရက်နေ့တွင် အနောက်ပိုင်းခရိုင်တရားရုံးသို့ တရားလိုပြုတိုင်ကြားခဲ့ခြင်းဖြစ်သည်။

ရိုက်ကူး/တင်ဆက် - ကရိုင်နူးရာ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59638
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly