မြင်းကကုန်းအသင်း(ရန်ကုန်)၏ ပဥ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

15 August 2019
မြင်းကကုန်းအသင်း(ရန်ကုန်)၏ ပဥ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့် ပညာရည်ချွန်ဆုပေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ဘိုကလေးမြို့နယ်၊မြင်းကကုန်းစံပြကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် မြင်းကကုန်းအသင်း(ရန်ကုန်)၏ ပဥ္စမအကြိမ်မြောက် ဝါဆိုသင်္ကန်းကပ်လှူပွဲနှင့်ပညာရည်ချွန်ဆုပေးပွဲကို ရန်ကုန်မြို့ရှိ ဘိုကလေးအသင်း ဓမ္မာရုံတွင်  သြဂုတ် ၁၁ရက်နေ့က ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားကို အသင်းဂုဏ်ထူးဆောင် နာယကကြီးများ အလုပ်အမှု့ဆောင်အဖွဲ့ဝင်များ ၊ အသင်းသူ အသင်းသားများ၊ ညီနောင်အသင်းများဖြစ်သည့် ဘိုကလေးအသင်း နှင့် ကဒုံကနိ အသင်းတို့မှ ဥက္ကဌများနှင့် အလုပ်အမှု့ဆောင်အဖွဲ့ဝင်များ စုံညီစွာ တက်ရောက်ခဲ့ကြသည်။ 

ရိုက်ကူး/တည်းဖြတ် - ဝင်းလှိုင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly