အာကာသထဲ ပထမဆုံးသော DJ တင်ဆက်မှုတစ်ခု လုပ်ခဲ့တဲ့ အာကာသယာဉ်မှူး

အာကာသထဲ ပထမဆုံးသော DJ တင်ဆက်မှုတစ်ခု လုပ်ခဲ့တဲ့ အာကာသယာဉ်မှူး

သြဂုတ် ၁၅ ။           ။ အီတလီ အာကာသယာဉ်မှူး လူကာ ပါမီတာနို ကတော့ အာကာသထဲမှာ DJ သရုပ်ပြဖျော်ဖြေတင်ဆက်မှုတစ်ခုကို ပြီးခဲ့တဲ့ သြဂုတ်လ ၁၄ ရက်က လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

ယင်းအတွက်ကြောင့် ၎င်းဟာ အာကာသ ဂြိုဟ်ပတ်လမ်းထဲက ပထမဆုံးသော DJ သမားလည်း ဖြစ်လာခဲ့ပါတယ်။

အဆိုပါ ISS အာကာသယာဉ်မှူး လူကာ ပါမီတာနိုကတော့ ယင်းနေ့ ညပိုင်းက နိုင်ငံတကာ အာကာသစခန်းကနေတဆင့် မြေထဲပင်လယ်တွင်းရှိ အပျော်စီးသင်္ဘောတစ်စင်းပေါ်က ပရိသတ်တွေဆီ လှမ်းပြီး တင်ဆက်ခဲ့တာ ဖြစ်ပါတယ်။

အာကာသထဲက DJ တင်ဆက်မှုကို အပျော်စီးသင်္ဘောပေါ် တိုက်ရိုက်ထုတ်လွှင့်ချိန် သင်္ဘောပေါ်က ပါတီပွဲတက်ပရိသတ်တွေကလည်း စည်းချက်ညီစွာ မြူးထူးပျော်ပါးစွာ ခုန်ပေါက်ကခုန်နေကြတာကိုလည်း တိုက်ရိုက် ရိုက်ကူးထုတ်လွှင့်နိုင်ခဲ့ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required