မီးမမှန်လို့ မီတာခ တိုးကောက်တာလား မီတာခ တိုးကောက်လို့ မီးမှန်မှာလား ဘာတွေ ဖြစ်မလဲ

By မျိုးသန့်(မဇ္စျိမ)
15 August 2019
မီးမမှန်လို့ မီတာခ တိုးကောက်တာလား မီတာခ တိုးကောက်လို့ မီးမှန်မှာလား ဘာတွေ ဖြစ်မလဲ

မင်္ဂလာပါ မဇ္စျိမ ပရိတ်သတ်များခင်ဗျာ ။ ကျွန်တော်တို့ အပတ်စဉ်တင်ဆက်ပေးနေကြဖြစ်တဲ့ Exclusive Interview အစီအစဉ်ကနေ ကြိုဆိုပါတယ်ခင်ဗျာ ။   ဒီနေ့တော့ ကျွန်တော်တို့ တွေ့ဆုံမေးမြန်းသွားမယ့် သူနဲ့ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ Myanmar Central Power Co.Ltd မှမန်နေဂျင်း ဒါရိုက်တာ ဦးဇေယျသူရမွန် ပဲဖြစ်ပါတယ်။

ဆရာဟာဆိုလို့ရှိရင် Chicargo group ကနေပြီးတော့မှ business နှင့် ပတ်သက်ပြီး  မာစတာဘွဲ့ရရှိခဲ့တဲ့ ပုဂ္ဂိုလ်ပဲ ဖြစ်ပါတယ်။   ဒီကနေ့မှာ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်နေတာတွေနှင့် ပတ်သက်ပြီးမှ ဆရာဟာ ဆိုလို့ ရှိရင်လည်း ငွေကြေးပိုင်းဆိုင်ရာရယ် လျှပ်စစ်ရယ်  ဆက်သွယ်ရေးရယ် ပို့ဆောင်ရေးရယ် ကျန်းမာရေးရယ် ကဏ္ဍပေါင်းစုံမှာ စီးပွားရေးတွေ ဖြန့်ကျက်ပြီးတော့  လုပ်နေတဲ့အတွက် မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေတွေရယ် ၊ ရင်းနှီးမြုပ်နှံမူ အခြေအနေတွေရယ်၊  လျှပ်စစ်၊ ပို့ဆောင်ဆက်သွယ်ရေး စသဖြင့် ကဏ္ဍစုံစုံလင်လင် ကို ကျွန်တော်တို့ ဆွေးနွေးသွားမှာ ဖြစ်ပါတယ် ခင်ဗျာ။

မေး ။             ။ဆရာရေ ကျွန်တော် ပထမဆုံးမေးချင်တာက ကျွန်တော်တို့ မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ငန်းတွေ အများကြီးလုပ်နေတာဆိုတော့ ဆရာလုပ်နေတာတွေကို အသေးစိတ် တိတိကျကျလေး ရှင်းပြပေးပါလားခင်ဗျာ ။

ဖြေ ။             ။အဓိကကတော့ ကျွန်တော်တို့က infrastructure နှင့် ဆိုင်တဲ့ လုပ်ငန်းတွေပေါ့ နော် ။ ဥပမာ အခုထက်ထိ မြန်မာနိုင်ငံမှာ လုပ်နေဆဲ အများကြီးလုပ်ဖို့ လိုအပ်နေတဲ့ လျှပ်စစ်ကဏ္ဍပေါ့ ၊ လျှပ်စစ်ကဏ္ဍမှာ ကျွန်တော်တို့က နဂိုထဲက နှစ်ပေါင်းများစွာ ထဲထဲဝင်ဝင် ကျွန်တော်တို့ လုပ်နေတယ် ။ ဒါကတော့ Electricity နှင့် ဆိုင်တဲ့ ဟာပေါ့နော် ။ သူရဲ့ Industry တစ်ခုလုံးမှာ ကျွန်တော်တို့ နေရာအစကနေ အဆုံးထိပေါ့နော်၊ အဲ့ဒီ နယ်ပယ် အသီးသီးမှာ ကျွန်တော်တို့ ပါဝင်လုပ်ဆောင်တယ် ။ လုပ်ငန်းတွေ လုပ်ဆောင်ပါတယ် ။  နောက်တစ်ခုကတော့ ကျွန်တော်တို့ Transport ပေါ့နော် ၊ Transport ကတော့ ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ infrastructure တစ်ခုဖြစ်တယ် ဆိုတဲ့ အတွက်ကြောင့် မို့လို့ ကျွန်တော်တို့က Transport နှင့် ဆိုင်တဲ့ လုပ်ငန်းတွေ ပါဝင်လုပ်ဆောင်နေတယ် ။ ပြီးတော့ ကျွန်တော်တို့က နောက်ထပ် အရေးကြီးတဲ့ စီးးပွားရေး လုပ်ငန်းတွေ လူမူရေး ကဏ္ဍတစ်ခုဖြစ်တဲ့ Health Industry မှာလည်း ကျွန်တော်တို့က ပါဝင်ပြီးတော့ လုပ်ကိုင်ဆောင်ရွက်နေပါတယ်။ ဆိုတော့ နောက်ဆုံး အရေး ကြီးဆုံး တစ်ချက်ဖြစ်တဲ့ စီးပွားရေးလုပ်ငန်းတွေ အားလုံးမှာ အလိုအပ်ဆုံး ဖြစ်တဲ့ Finance ပေါ့နော်၊ Finance ကိုလည်း ကျွန်တော်တို့ ပါဝင်လုပ်ဆောင်နေ ပါတယ် ။  ငွေရေးကြေးရေးကဏ္ဍပေါ့ ၊ ငွေရေးကြေးရေးကဏ္ဍမှာ ပါဝင်လုပ်ဆောင်နေတယ် ။ ငွေရေးကြေးရေးကဏ္ဍ တွေကို ပြန်ပြော ရမယ်ဆိုရင်တော့ ကျွန်တော်တို့က financial inclusion ဆိုပြီးတော့ ကျွန်တော်တို့က နောက်ဆုံး trend ပေါ့နော် ၊ဒီ Industry fore မှာဖြစ်နေတဲ့ financial inclusion ဆိုပြီးတော့ ကျွန်တော်တို့က ဟို တောမှာနေတဲ့လူတွေ ရွာမှာနေတဲ့လူတွေ တစ်ချို့က Bank တွေဘာတွေ မရှိဘူးပေါ့နော် ၊ ဒီနေရာအထိ ကျွန်တော်တို့က Banking Service လိုမျိုး ဟာကို ပေးနိုင်ဖို့အတွက် အင်တာနက်က Technology ပေါ့နော် အဲ့ဒီက financial technology တွေ သုံးပြီးတော့ အဲ့ဒီအထိလုပ်တဲ့ ဟာမျိုး။ အဲ့ဒီတော့ ကျွန်တော်တို့က ရွာမှာ တောမှာနေတဲ့ လူတွေရဲ့ လူနေမူ အဆင့်အတန်းတွေ ၊ နောက်သူတို့ရဲ့ ငွေရေးကြေးရေး Knowledge တွေ အထိပါ တက်လာဖို့ ရည်ရွယ်ပြီးတော့ လုပ်ဆောင်ပေးခြင်း ဖြစ်ပါတယ် ။

မေး။              ။ဟုတ်ကဲ့ ကျေးဇူးပါ၊ ကျွန်တော်တို့ ဒီ လျှပ်စစ် နှင့် ပတ်သက် ပြီးတော့ နယ်ပယ် အသီးသီးမှာ လုပ်နေတယ်ဆိုတော့ အဲ့ဒီဟာလေးလည်း နည်းနည်း ထဲထဲဝင်ဝင်လေးရှင်းပြပေးပါဦးခင်ဗျာ့။

ဖြေ ။             ။ ကျွန်တော်တို့က လျှပ်စစ်မှာနယ်ပယ် အသီးသီးက လုပ်တယ်ဆိုတာ ထုတ်တဲ့နေရာ ကနေစပြီးတော့ နောက်ဆုံး သုံးစွဲတဲ့လူပေါ့နော် ၊ သုံးစွဲတဲ့လူဆိုတာ Industrier ထိဆိုရင် သူတို့ရဲ့ မော်တာတွေ Drive လုပ်တဲ့အထိ ဒါမှမဟုတ်လို့ရှိရင် ကျွန်တော်တို့က အိမ်မှာဆိုလို့ရှိရင် အိမ်မှာသုံးနေတဲ့ တီဗီ ၊ ရေခဲသေတ္တာ ၊လျှပ်စစ်မီးထွန်းတဲ့အထိ ၊မီးပူတိုက်တဲ့အထိ ၊ ကျွန်တော်တို့က ဆက်စပ်တဲ့ပစ္စည်းတွေအားလုံး ကျွန်တော်တို့ လုပ်ပါတယ် ။ အစအဆုံးပြောရမယ်ဆိုရင်တော့ လောပိတလိုမျိုး နေရာကနေ စပြီးတော့ ကျွန်တော်တို့ အိမ်မှာ မီးခလုတ်နှင့် မီးဖွင့်တဲ့အထိ ၊ သက်ဆိုင်တဲ့ဟာတွေအားလုံး ကျွန်တော်တို့ လုပ်ဆောင်နေ ပါတယ် ။

မေး ။             ။ ကျွန်တော်တို့ ပစ္စည်း ပစ္စယတွေ အပါအဝင် လျှပ်စစ်နဲ့ပတ်သက်ပြီးတော့ရော ဆရာတို့ ဘာတွေလုပ်နေလဲ၊  တခြားပေါ့နော်။ ခုနကပြောတဲ့ မော်တာမဟုတ်ဘဲနဲ့ လျှပ်စစ် ဖြန့်ဖြူးရေးပဲဖြစ်ဖြစ် ထုတ်လုပ်ရေးပဲဖြစ်ဖြစ် ပေါ့နော် ။

ဖြေ။ ။ကျွန်တော်တို့ လျှပ်စစ် ထုတ်လုပ်ရေးကို လက်ရှိတော့ ပိုပြီးတော့ ထဲထဲဝင်ဝင်လုပ်ဖြစ်နေပါတယ် ၊ နိုင်ငံတော်ရဲ့ လိုအပ်ချက်ကလည်း လျှပ်စစ်ထုတ်လုပ်ရေးမှာ လိုအပ်နေတယ်၊ တော်တော်လေးလည်း ကျန်ခဲ့တယ်ပေါ့နော်။ ဒီ တစ်နှစ်မှာဆိုရင် သိသိသာသာပဲ မီးတွေပျက်ပါတယ်။ အဲ့ဒီလိုမျိ်ုး ဒါတွေက ကျွန်တော်တို့က လုပ်စရာတွေ တအားများတဲ့နေရာပေါ့နော် ၊ ဖြန့်ဖြူးရေးကဏ္ဍကတော့ ဒါ နိုင်ငံတော် enterprise လည်း ရှိတယ် ၊ သူတို့ကလည်း Sub ကန်ထရိုက်တွေပေးပြီးတော့ လုပ်တာတွေရှိတယ်၊ ကျွန်တော်တို့လည်း အရင်တုန်းက လုပ်ဖူးပါတယ် ၊ ဒါပေမယ့် ကျွန်တော်တို့က Trend တစ်ခုကို တစ်စိုက်မတ်မတ် လုပ်တဲ့အခါမှာ generation နဲ့ Transmation ဆိုတဲ့ လုပ်ငန်းကို ပိုပြီးတော့ အားသာပြီးတော့ Distribution ကို ကျွန်တော်တို့က အတိုင်းအတာ တစ်ခုထိလုပ်တယ်၊ ကျွန်တော်တို့က လျှပ်စစ် ဖြန့်ဖြူးရေး utility တစ်ခုလိုတော့ မလုပ်ဘဲနဲ့  လက်ရှိတော့ ကျွန်တော်တို့က ဘယ်အထိလုပ်လဲဆိုတော့ ရွာတွေကို မီးပေးဖို့အထိ အခုဆို ကျွန်တော်တို့က World Bank ၊ ADB ရဲ့ criteria နဲ့လုပ်တဲ့ project တွေရှိတယ် ၊ ရွာအထိ မီးပေးတဲ့အလုပ်ပေါ့နော်၊ အဲ့ဒီတော့ ကျွန်တော်တို့က ဒီဘက်က power generating ကနေ စပြီးတော့ ဟိုး ရွာရောက်တဲ့အထိ power generation ကနေ စပြီးတော့ စက်ရုံရောက်တဲ့အထိ power generation ကနေ စပြီးတော့ အိမ်ရောက်တဲ့အထိ အဲ့ဒီမှာရှိတဲ့ လုပ်ငန်းတွေအားလုံး Generating ပြီးလို့ရှိရင် ဒီ generating က မြန်မာနိုင်ငံရဲ့ လောပိတ လို နေရာမျိုး မကွေးလို နေရာမျိုုး မြင်းခြံလို နေရာမျိုးတွေမှာ power plant တွေရှိတယ် ၊ အဲ့ဒီ Power plant တွေကနေ ထွက်တဲ့ လျှပ်စစ်ကိုကျွန်တော်တို့က သွယ်ပြီးတော့ load centre က ဘယ်မှာရှိလဲဆိုတော့ ကျွန်တော်တို့ ရန်ကုန်ပဲ များတယ်၊ ရန်ကုန်အတွင်းမှာ ကျွန်တော်တို့သွယ်လာတဲ့ လျှပ်စစ် တည်ဆောက်တာတွေ ပစ္စည်းသွင်းတာတွေ Engineering လုပ်ငန်းတွေ အကုန်လုံး ကျွန်တော်တို့ လုပ်တယ် ၊ ပြီးတော့ ဒီရန်ကုန်ရောက်တဲ့အထိပေါ့နော် ၊ နောက်ဆုံးသုံးစွဲသူ လက်ထဲကို လျှပ်စစ်ရောက်တဲ့အထိ ကျွန်တော်တို့လုပ်ဆောင်နေခြင်း ဖြစ်ပါတယ် ။

မေး။              ။ လုပ်ငန်းတွေကတော့ အဆင့်ဆင့် အများကြီးရှိမှာပေါ့နော် ၊ ကျွန်တော်တို့ မြန်မာနိုင်ငံရဲ့ လျှပ်စစ် ထုတ်လုပ်မှု ဒါမှမဟုတ် ဖြန်ဖြူးမှုမှာ challenges တွေက ဘာတွေများဖြစ်မလဲမသိဘူး။

ဖြေ ။             ။ challenges ကတော့ ရှင်းရှင်းလေး bottom line ပြောလိုက်ရင်တော့ ကျွန်တော်တို့ အခြေခံအားဖြင့် ပြောရရင် ငွေရေးကြေးရေး ပေါ့နော်၊ ငွေရေးကြေးရေးမှာ ဘယ်လို ဖြစ်နေလဲဆိုရင် ကျွန်တော်တို့ မြင်တဲ့အခါမှာ enterprise တွေက government enterprise တွေက အရင်တုန်းက ဆိုရှယ်လစ်ရဲ့ အငွေ့အသက်တွေ အများကြီး ရှိနေသေးပါတယ်နော် ၊ လုပ်တဲ့ပုံစံ ဘက်ဂျက်ဆွဲတာက အစ pricing structure၊ pricing structure ဆိုတာ အရမ်း အရေးကြီးတဲ့ subject တစ်ခုပါ ၊ infrastructure pricing structure ဆိုတာ   ကျွန်တော်တို့ပြောသလိုပဲ မုန့်ဟင်းခါးသည် တစ်ယောက်က မုန့်ဟင်းခါး တစ်ပွဲကို ဘယ်လောက်နဲ့ ရောင်းမယ်ဆိုတဲ့ pricing Structure ထက်ကို ပို အရေးကြီးပါတယ် ၊ နိုင်ငံ တစ်နိုင်ငံရဲ့ Economy ကိုလည်း သူက တိုးအောင် လျော့အောင် လုပ်လို့ရတယ်၊ သူရဲ့ Pricing ကပေါ့နော် ၊  ကျွန်တော်တို့ အခု ပြီးခဲ့တဲ့ အခြေအနေမှာလည်း ဘာတွေ သွားတွေ့လည်း ဆိုတော့ ဒီ Electricity Price က တအားနည်းနေတယ် ၊ pricing structure က တအားနည်းနေတယ်ဆိုတဲ့ အတွက်ကြောင့် မို့လို့ ကျွန်တော်တို့က Economy တစ်ခုလုံးကို ဆွဲချနေသလို ဖြစ်နေတယ်် ၊ ဆွဲချတာ ဘယ်လို ဆွဲချသလိုဖြစ်လဲဆိုတော့ လျှပ်စစ်ဓာတ်အား နည်းတယ် ၊ နည်းတဲ့အတွက်ကြောင့် မို့လို့  ဒီဘက်က ထုတ်လုပ်တာက လိုသလာက် မထုတ်လုပ်နိုင်ဘူး ၊ လိုသလောက်မထုတ်လုပ်နိုင်တဲ့ အတွက်ကြောင့် မို့လို့ နိုင်သလောက်ပဲထုတ်တယ် ၊ ပိုက်ဆံစိုက်ပြီးတော့ နို်င်သလောက်ပဲ ထုတ်တဲ့ အတွက်ကြောင့် မို့လို့ Industry တွေက economy တစ်ခုလုံးက လိုအပ်တဲ့ လျှပ်စစ်ကို မထုတ်နိုင်ဘူး၊ မထုတ်နိုင်တဲ့အတွက်ကြောင့် ပြီးခဲ့တဲ့ နှစ် နွေရာသီမှာဆိုရင် အရမ်းသိသာတယ် ၊ ကျွန်တော်တို့ စက်ရုံတွေ မီးမရဘူး၊ အိမ်တွေမီးမရဘူး၊ ဆေးရုံတွေ မီးမရဘူး ဆိုတာ Economy တစ်ခုလုံးကို ဆွဲချသလို ဖြစ်နေတယ် ၊ ဒါပေမယ့် ကျွန်တော်တို့ ဝမ်းသာစရာ ကောင်းပါတယ်၊ ဟို ပြီးခဲ့တဲ့ တစ်ပတ် နှစ်ပတ်လောက်က   နိုင်ငံတော်ကပဲ ဆုံးဖြတ်တယ် ၊ အဲ့ဒီဟာကလည်း သူတို့ ဆုံးဖြတ်တယ် ဆိုတာကလည်း အဆင်ဆင့်ပေါ့နော် ဒီ Pricing တစ်ခုကို အောက်ခြေကနေပြီးတော့ အောက်ခြေဆိုတာ ဒုဝန်ကြီး၊ ဝန်ကြီး level၊ ညွှန်ချုပ် level ကနေ စပြီးတော့ ဟိုးနိုင်ငံတော် အပေါ်ထိ တက်တယ် ၊ အပေါ်ကနေ သူတို့ အစည်းအဝေးတွေ ထိုင်တယ် ၊ ကျန်တဲ့ cabinet အဖွဲ့တွေနဲ့ အကြံပေးတွေနဲ့ ထိုင်တယ် ၊ ပြန်ဆင်းတယ်၊ အကြိမ်ပေါင်းများစွာ လုပ်ပြီးတော့မှ နောက်ဆုံး အခု ထွက်လာတယ် ပေါ့နော် ၊ ထွက်လာတဲ့ Result ကလည်း အရင်အခြေအနေထက် တော်တော်လေးကို စိတ်ကျေနပ်စရာကောင်းပါတယ် ၊ ဒါပေမယ့် ဒါ အကောင်းဆုံးလားဆိုရင် ဒီထက်ကောင်းအောင်လုပ်လို့ရတာ ရှိပါသေးတယ် ၊

မေး ။             ။ဟုတ်ကဲ့ ဆရာ၊ အဲ့ဒီတော့ ကောင်းအောင်လုပ် လို့ရသေးတယ် ဆိုတော့ ကျွန်တော်တို့ ၂ ပိုင်း ကြည့်ရမှာပေါ့နော်၊ ဒါ ကတော့ အစိုးရဘက်ကနေ အရှုံးပေါ်နေတဲ့ အပိုင်း၊ သုံးစွဲသူအပိုင်း ကျတော့ရော ဆရာ သုံးစွဲသူဘက်က ကြည့်ရင်ရော ဘယ်လို ဖြစ်မလဲ ။

ဖြေ ။             ။သုံးစွဲသူဘက်က ကြည့်မယ်ဆိုရင် ဥပမာ ကျွန်တော်တို့က စျေးပေါပေါနဲ့ လျှပ်စစ်ကို ဝယ်လို့ရတယ် အရင်တုန်းကဆိုရင်ပေါ့နော် ၊   ဒါပေမယ့် မမှန်ဘူးပေါ့နော်၊ မမှန်တော့သူက ဒီ လျှပ်စစ်နဲ့ ဆက်စပ်ပြီးတော့ ဒီဘက်မှာ အလုပ် တစ်ခု လုပ်မယ်ဆိုရင် ဒီဘက်က အလုပ်က သူက Reliable မဖြစ်တော့ဘူး။   Reliable မဖြစ်တော့ဘူး ဆိုတော့ ဒီနေ့ ၄ နာရီမှာ ကျွန်တော် ရေတင်ဖို့ရှိတယ် ၊ ဘာဖြစ်လို့လဲ ဆိုတော့ ရေက ၄ နာရီမှာ ပေးတာကို၊ ၄ နာရီမှာပေးတာဆိုတော့ ကျွန်တော်ရေတင်ရမယ် ၊ ကျွန်တော့်အိမ် အတွက် ၊ မီးပူတိုက်ဖို့ရှိတယ် ထမင်းချက်ဖို့ရှိတယ် ကျွန်တော် ပြင်ထားတာပေါ့နော် ၄ နာရီ ၅ နာရီမှာ ကျွန်တော် ရုံးကနေ ပြန်ရောက်မယ်၊ ပြန်ရောက်လို့ရှိရင် ကျွန်တော်က ရေတင်မယ် အဝတ်လျှော်မယ် ၊ မီးပူတိုက်မယ် ထမင်းချက်မယ် ၊ ဆိုတော့ မီးကလာမယ်ပြောပြီး မလာတဲ့ အတွက်ကြောင့် ကျွန်တော်က စောစောက ရေတင်တဲ့အလုပ် လုပ်လို့မရတော့ဘူး ၊ မီးပူလည်းတိုက်လို့ မရတော့ဘူး၊ ထမင်းလည်း ချက်လို့မရတော့ဘူး ၊အဲ့ဒီတော့ ရေလာလည်း ကျွန်တော် ဘာမှလုပ်လို့ မရတော့ဘူး၊ တစ်ခါတစ်လေ ရေပါ မလာဘူးဖြစ်သွားတယ်၊ ဆိိုတော့ ကျွန်တော်ရဲ့ တနေ့လုံးက အချိန်ကုန်သွားတယ် ၊အဲ့ဒီတော့ ကျွန်တော် ဒုက္ခရောက်ပြီ ကျွန်တော်ရေမရှိရင် ရေဝယ်ရမယ် ၊ ပိုပြီးတော့ ကုန်ကျစရိတ်များမယ်၊ မီးပူတိုက်စရာလည်း မရှိတော့ဘူး ၊ထမင်းလည်း ကျွန်တော် အပြင်မှာ ဝယ်စားမယ်၊ ကျွန်တော့် အတွက်ပို ကုန်ကျသွားပြီ ၊ အားလုံးက အဆင်မပြေဘူးဖြစ်သွားပြီ ၊ အဲ့ဒီတော့ နိုင်ငံတော်ရဲ့ Economy မဟုတ်ဘူး။ ကျွန်တော့်မိသားစုရဲ့ ကျွန်တော်ရဲ့ Economy ကို ဆွဲချသလိုဖြစ်သွားတယ်၊ ဒါက အရင်တုန်းကအခြေအနေ ၊ အခုတော့ သူတို့က စျေးနူန်းတွေတင်လိုက်တယ်၊ စျေးနူန််းတွေ တင်လိုက်တယ်ဆိုတာကတော့ စျေးနူန်းကို refound လုပ်တယ်လို့ပဲ ပြောချင်ပါတယ်။ ဆရာကြီးလည်း  refound လုပ်တယ်လို့ပြောတယ် ၊ စျေးနူန်းက လောလောဆယ်တော့ ထိုင်းနိုင်ငံထက် သက်သာနေသေးတယ်၊ မီးဆိုတာကတော့ စျေးအတူတူပါပဲ။ ဥပမာ ဘောပင်တစ်ချောင်းက Pilot  ဘောပင်ဆိုရင် ထိုင်းနိုင်ငံမှာ ၁၀ ဆိုရင် မြန်မာနိုင်ငံမှာလည်း ၁၀ ပဲပေးရမှာပါ ၊ ဒါပေမယ့် ဟိုမှာကတော့ ၁၀ နဲ့လူတွေက သုံးကြတယ် ၊ ကျွန်တော်တို့ဆီမှာကတော့ ၂ကျပ်နဲ့၊ ဒါပေမယ့် ရချင်လည်း ရမယ် ၊ မရချင်လည်း မရဘူးဆိုတဲ့ အနေအထားမျိုးကနေ ဟိုမှာ ၁၀၊ ဒီမှာ ၈ကျပ် ၊ ဒါပေမယ့် လိုသလောက် ရမယ်ဆိုတဲ့ အနေအထားဆို စျေးကသက်သာမယ်၊ လိုသလောက်လည်းရမယ်ဆိုတော့ ကျွန်တော်တို့က ဉာဏ်စွမ်းရှိသမျှ တစ်ဦိးချင်း Economy ရော နိုင်ငံတော်ရဲ့ Economy ရော မိသားစုရဲ့ Economy ရော ဆွဲတင်လို့ရပြီ ၊ ဒါကြောင့် ကျွန်တော်တို့က လျှပ်စစ်ကြောင့် နောက်ဆံတင်းရတာတွေ လျှပ်စစ်ကြောင့် မလုပ်နိုင်ဘူးဆိုတာတွေ မဖြစ်တော့ဘူး ။ ဟိုတလောက တော့ကြားပါတယ် ကျွန်တော်တို့ လွန်ခဲ့တဲ့နှစ် အတော်ကြာတုန်းက Samsaung Insdustry ကျွန်တော်တို့ဆီလာတယ် ၊ တယ်လီဖုန်းတွေ လုပ်မယ် ဘာလို့ပြန်သွားသလဲ၊ ကျွန်တော်တို့ labour လည်း ပြဿနာမဟုတ်ဘူး။ land လည်းပြဿနာမဟုတ်ဘူး၊ ဒါပေမယ့် လျှပ်စစ် မရှိတဲ့အခါကျတော့ ဗီယက်နမ်ကိုရောက်သွားတယ် ၊ ဗီယက်နမ်က သူက ကျွန်တော်တို့နဲ့ တူတူပဲ land လည်းရှိိတယ် labour လည်းရှိတယ် ၊လျှပ်စစ်ပါ ပေးနိုင်တဲ့အခါကျတော့ ဟိုရောက်သွားတယ် ၊ဟိုရောက်သွားတော့ သူရဲ့ Economy က အခုချိန်မှာ သူရဲ့ Economy ရဲ့ 5 % ကို Support လုပ်တယ်ဆိုတော့ ကျွန်တော်တို့ရဲ့ ဆုံးရှုံးမူကြီးက အဲ့ဒီလိုမျိုးတွေ ဖြစ်နေတယ် ။

မေး ။             ။ဒါက ဆုံးရှုံးတာပေါ့နော် ၊အဲ့ဒီတော့ ကျွန်တော် ဒါကတော့ မေးသင့်တဲ့ မေးခွန်းလည်း ဖြစ်မယ်ထင်ပါတယ် ၊   စျေးနူန်းပြောင်းလဲ ကောက်ခံတယ်ပဲဖြစ်ဖြစ်၊ စျေးနူန်း မြင့်တက်ကောက်ခံတယ်ပဲဖြစ်ဖြစ် ပေါ့နော်၊   ကျွန်တော်တို့ စျေးနူန်းပြောင်းလဲ ကောက်ခံလို့ လျှပ်စစ်မီးက မှန်မယ်လို့ ပြောလို့ရလားခင်ဗျာ့ ။

ဖြေ။              ။ ပြောလို့ရပါတယ်  ၊ ဒါပေမယ့် အချိန်တစ်ခုတော့ ပေးရမှာပေါ့ ။ ပိုက်ဆံက အခုမှ ရှိတာကို ၊ ကျွန်တော့် အိမ်ကြီးကပျက်နေတယ် ၊ကျွန်တော် ပြင်စရာ ပိုက်ဆံမရှိဘူး ဝင်ငွေမရှိဘူးပေါ့ ၊ ကျွန်တော် အခုဝင်ငွေရပြီ၊ ဝင်ငွေရတော့ ကျွန်တော် အိမ်ကိုပြင်မယ် ၊ ဒါပေမယ့် အိမ်ကြီးက ဟတ်ချလောင်း ဆိုပြီး ပြင်လို့မရဘူး ၊  အဲ့ဒါကြောင့် အချိန်လေးယူပြီးတော့ ဒီဘက်က ပိုက်ဆံရလာရင် ကျွန်တော် ပြင်မယ် ၊ ကျွန်တော် ပြင်မယ်ဆိုတာက ဒီဟာ ၁ နှစ်၊ ၂နှစ်လောက် အတွင်း ဖြစ်နိုင်တယ် ၊ ဟိုတလောက ဒီစျေးနူန်း ပြင်ပြီး သိပ်မကြာဘူး၊ ကျွန်တော်တို့ မဂါဝပ် 1000 Generate လုပ်မယ်ဆိုပြီးတော့ တင်ဒါ တစ်ခုထွက်တယ် ၊ ဆိုတော့ အဲ့ဒီဟာကလည်း တကယ်တော့ ခက်ခက်ခဲခဲ လုပ်ရမယ့် လုပ်ငန်းတစ်ခုရှိတယ် ၊ အဲဒီတစ်ခု အောင်မြင်သွားလို့ရှိရင် နောက် နှစ်ကျွန်တော်တို့ ဒီလိုပြဿနာမျိုးမရှိတော့ဘူး ။ Generating အတွက် ပြဿနာမရှိတာပေါ့နော် ၊ transmation ကိုလည်း ပြဿနာမရှိဘူး ၊ transmation မှာလည်း သူတို့ ဘတ်ဂျက်တွေ ထပ်ထည့်ထားတယ် ၊ Distribution မှာလည်း ဘတ်ဂျက်တွေ ထပ်ထည့်ထားတယ် ၊ အဲဒီတော့ နောက် တစ်နှစ် ၂နှစ် အတွင်းမှာ ကျွန်တော်တို့က steady ဖြစ်တဲ့ လျှပ်စစ်လုပ်ငန်းတစ်ခု ဖြစ်သွားပြီ ၊ ကျွန်တော်တို့ရဲ့ နိုင်ငံတစ်ခုက ဆိုတော့ ကျွန်တော်တို့ Industry ,Family ,individual မီး အတွက်  နောက်ဆံ တင်းစရာမလိုတော့ဘူး ၊ တစ်နှစ် နှစ်နှစ်လောက်တော့ စောင့်ရဦး မယ်ထင်ပါတယ် ၊

မေး ။             ။အဲ့ဒီတော့ ဆရာပြောသွားတဲ့အထဲမှာ ခုနကပြောသလိုပဲ လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့မှ လုပ်နေရတဲ့ နည်းလမ်းက လျှပ်စစ်သုံးစွဲခ တိုးမြှင့်ကောက်ခံ တယ်ပေါ့လေ၊ ဆိုတော့ တခြားနည်းလမ်းတွေလည်းရှိသေးတယ်လို့ ဆရာပြောခဲ့သေးတယ်  ၊ အဲ့ဒီတော့ တခြားနည်းလမ်း  တခြားနိုင်ငံတွေ နည်းတူပေါ့လေ ၊ ဒါမှမဟုတ် တန်းတူရနိုင်မယ့် စောစောက တိုးမြှင့်ကောက်ခံတာ အပြင်ပေါ့လေ ဘာများရှိမလဲ။ တခြားနည်းလမ်းပေါ့ ။

ဖြေ ။             ။ ကျွန်တော်တို့ကလေ ကျွန်တော်တို့ Regional competition ပေါ့လေ ၊ကျွန်တော်တို့ World competition သွားလို့မရသေးဘူး ၊ ကျွန်တော်တို့ Regional competition ကြည့်တဲ့အခါမှာ သူတို့ရဲ့ Regional အနေအထားကို ကျွန်တော်တို့  လေ့လာတဲ့ အခါမှာ Region မှာ သူတို့လုပ်ထားတဲ့ structure စောစောက pricing structure  ကိုကျွန်တော်ပြောတယ်ပေါ့၊ Structure လုပ်တဲ့ အခါမှာ industry ကစျေးသက်သာတယ် ၊ consumer ကစျေးကြီးတယ် ၊ အခုလုပ်လိုက်တဲ့ဟာက သူများထက်တော့ စျေးသက်သာနေသေးတယ်။ သို့သော် industry က စျေးများပြီးတော့ consumer ကစျေးနည်းနေတယ် ၊ အမှန်ဖြစ်သင့်တာက ဖြစ်ရမှာက သူများတွေ လုပ်ထားတာပေါ့နော် ၊ သူများနိုင်ငံတွေက industry ကစျေးသက်သာပြီးတော့ consumer ကစျေး များနေတယ် ၊ အဲ့ဒီဟာလေးတစ်ခု လုပ်စရာကျန်တယ် ၊  နောက်တစ်ခုကတော့ Formula ၊ Formula နဲ့ချိတ်တာပေါ့နော်။ စျေးနူန်းကို တစ်ခါတည်း ဒီလိုဖြစ်ရင် ဒီလို Condition ဆိုရင် ဒီလို တစ်ခါတည်း စျေးတက်မယ် ၊ဒီလို Condition ဆိုရင် စျေးချမယ် ဆိုတဲ့ Formula တစ်ခုနှင့် ချိတ်ထားနိုင်မယ် ဆိုလို့ရှိရင် ဒီဟာကို အလီလီ တစ်ခေါက် စျေးတက်ဖို့အတွက် လူကြီးတွေ အားလုံးပြောရတယ်၊ လူကြီးတွေ အများကြီး အစည်းအဝေး လုပ်ရတယ်၊ အကြိမ်ကြိမ်လုပ်ရတယ်၊  နားလည်အောင်ရှင်းပြရတယ်၊ နောက်ပြီးတော့ နိုင်ငံတော်ကလည်း ဒီ Consumer တွေကို ပြန်ကြည့်ရတယ်။ industry ကို ပြန်ကြည့်ရတယ် ၊ တက်လိုက်တဲ့ စျေးက မှန်လား ဖြစ်လား ဘာလားဆိုတာ နောက်တစ်ခါ ထပ်တွက်ဖို့လိုသေးတယ်။ ဒါပေမယ့် အဲ့ဒီလိုမျိုး Formula လုပ်ထားရင် နောက်တစ်ခါ ထပ်တွက်လို့မရဘူး ၊ ဟိုတစ်နေ့က ကျွန်တော်တို့စျေးတက်တယ် ၊ စင်ကာပူလည်း စျေးတက်တယ်။ ပြောလို့မရဘူး ၊ ဒါပေမယ့် စင်ကာပူစျေးတက်တယ်ဆိုတာ သူပါသူ formula နဲ့ automatic တက်တာ  ဘယ်အချိန်မှာ ၃ လ ကြာရင်သူကြည့်မယ်၊ ဒီ Formula နဲ့ ချိန်လိုက်မယ် ၊ ချိန်လိုက်လို့ အဖြေက တက်တယ်ဆိုရင် တက်မယ် ။ အဖြေက ကျတယ် ဆိုရင်ကျမယ်၊  ဆိုတော့ အဖြေက တက်တယ် ဆိုတဲ့ အတွက်ကြောင့်မို့လို့ သူတို့ကလည်း လိုက်တက်တယ် ၊ ဆိုတော့ ကျွန်တော်တို့ကတော့ ၁နှစ် ၂ နှစ်ကြာမှ တစ်ခါတက်တယ် ၊ သူတို့ကတော့ ၃လ ၁ခါလောက် adjuct လုပ်တယ် ၊ ဆိုတော့ မီးအတွက် နောက်ဆံတင်းစရာ မလိုဘူးပေါ့နော်။

မေး။              ။    ဆရာ ခုနက နိင်းယှဉ်ပြသွားတာ Industry က စျေးမြင့်ပြီးတော့ တစ်ခြားနိုင်ငံတွေမှာ Consumer က စျေးနိမ့်သွားတယ် ၊ အဲဒီ၂ ခု ။ တခြားနိုင်ငံနဲ့ ကျွန်တော်တို့ နိုင်ငံမှာ ကျင့်သုံးနေတဲ့ စနစ် နဲ့ တခြားနိုင်ငံမှာ ကျင့်သုံးနေတဲ့စနစ် ကွာခြားတာက အကျိုးရလဒ်တွေက ဘယ်လိုကွာမလဲ။

ဖြေ ။    ။ Industry စျေး သက်သာတယ်ဆိုရင် ကျွန်တော်တို့က Industry တွေ ပိုတိုးတက်မယ် ၊ အခုချိန်က    ကျွန်တော်တို့ industry စျေးက Consumer ထက် များနေတယ်ဆိုပေမယ့်လည်း ထိုင်းဘက်မှာရှိတဲ့စျေးထက် နည်းနေသေးတယ်၊ ကျွန်တော်တို့က ဒီ Free Flow of Capital ၊ Free Flow of Labour ဆိုတဲ့  law အရ Free flow ဖြစ်တဲ့အခါမှာ ဟိုဘက်မှာရှိတဲ့ စက်ရုံ တစ်ရုံက labour ကလည်း တူတူပဲ၊ landing Price ကလည်း အတူတူပဲ ဆိုလို့ရှိရင် ၊ သူက ထိုင်းထဲမှာထုတ်ရင် မီတာခ စျေးပိုများတယ် ၊  စျေးသက်သာတယ်၊ သို့မဟုတ် မြန်မာပြည်မှာထုတ်ရင် မီတာခ စျေးများမယ်၊ မီတာခ စျေးသက်သာမယ် ၊ criteria တစ်ခုအနေနဲ့ တွက်ပြီးတော့ တကယ်တော့ ကြည့်လိုက်ရင် ပေါ့ပေါ့လေးပေါ့နော်၊   တစ်ယောက်ချင်းကြည့် လိုက်ရင်တော့ မီတာလေးက သေးသးလေးပဲ၊ ပိုက်ဆံလေးက ၁ သာင်း ၂ သောင်း ။ ဒီ Industry ကြီးနဲ့ ဆိုင်လားဆိုတော့  သူတို့သုံးတဲ့ မီးက ကြောက်ခမန်းလိလိ၊ တစ်ချို့ဆိုရင် 10 MW လောက် 20 MW လောက်၊ ရပ်ကွက် တစ်ခုစာ အသုံးပြုတယ် ။ ဒါမှမဟုတ်လို့ရှိရင် မြို့တစ်ဝက်စာ လောက်သုံးတဲ့ Industry ကြီးရှိတယ် ၊ အဲ့ဒီဟာတွေက နည်းနည်းလေးကွာခြားတာရဲ့ Compatation ကို ကြည့်ပြီးတော့ ဟိုနိုင်ငံမှာနေမယ် ဒီနိုင်ငံမှာနေမယ် ၊ ဆိုပြီး ဖြစ်လာတာပေါ့နော်၊ အဲ့ဒါလေးက ကျွန်တော်တို့နိုင်ငံမှာအဲလိုမျိုးဟာတွေ။ ဥပမာ ထိုင်းနိုင်ငံမှာရှိတဲ့ စီးပွားရေးတစ်ခုဟာ ထပ်ချဲ့မယ်၊ ဆိုုတော့ Thailand မှာ ထပ်ချဲ့ရင် ကုန်ကျစရိတ်က ကျွန်တော်တို့ ထပ်ပို ပြီးတော့ များမယ်ဆိုရင် မြန်မာနိုင်ငံမှာ ထပ်ချဲ့မယ်၊ အဲ့ဒီလိုမျိုး စဉ်းစားကြတာပေါ့ ။

မေး။              ။ နောက်တစ်ခုကတော့ ဆရာရေ ကျွန်တော်တို့ အရှေ့တောင်အာရှ ဒေသတွင်း နိုင်ငံတွေနဲ့ နိင်းယှဉ်ရင် ကျွန်တော်တို့ရဲ့ လျှပ်စစ်ရရှိမူနှုန်းက အခုဆိုရင် ဘယ်လောက်လောက်ရှိမလဲ၊ တခြားလူတွေ ကတော့ ၃၀ - ၄၀ အဲဒီလို မှန်းကြတာလေ ။ အခုဆိုရင် နှိုင်းယှဉ်မယ်ဆိုရင် ကျွန်တော်တို့က ဘယ်လောက် လောက်ရှိမလဲ။

ဖြေ။              ။ကျွန်တော်တို့က ၄၀ လောက်  ပြောကြတာပေါ့နော်၊ ၄၀- ၄၅ - ၄ဝလောက်ပြောကြတာ ၃၈ ပေါ့နော်၊ ၃၈ ဆိုတော့ နောက်နှစ်ဆိုရင် နှစ်တိုင်းကျွန်တော်တို့က တိုးသွားတယ်၊ ဒီနှစ်က ကျွန်တော်တို့က national grid  ကြီးရှိတယ် ၊ ကျောရိုးကြီးပေါ့နော်၊ ကျောရိုးကြီးမှာ လျှပ်စစ်မီးတွေ သွယ်တန်းပြီး နေရာကနေ တစ်မိုင် အကွာအဝေးမှာ မီး အကုန် ရရမယ်၊ ပြီးရင်နောက် ၂ မိုင်အကွား အဝေးမှာ မီးအကုန်ရရမယ်၊ ၅မိုင် အကွာအဝေးမှာ မီးအကုန် ရရမယ်၊ အဲ့ဒီလိုမျိုးနည်းနဲ့ သွားတာပေ့ါ ၊ဆိုတော့  အခုတော့ ၃၈ - ၄၀ ပေါ့နော်။

မေး၊              ။ဆိုတော့ ကျွန်တော်တို့တစ်နိုင်ငံလုံးကို လျှပ်စစ်မီးရဖို့ ဘယ်တော့လောက် ကျွန်တော်တို့ မျှော်မှန်းလို့ရလည်း ၊ ၂၀၃၀ လို့တော့ ပြောတယ်။ အဲဒီဟာကရော ဆရာတို့ ပညာရှင် တစ်ယောက်အနေနဲ့ ခန့်မှန်းရင် ပြည့်မီနိုင်လား

ဖြေ။              ။ ဖြစ်နိုင်ပါတယ်၊ ဒါပေမယ့် တစ်ခုက ဘယ်မှာ relied လုပ်ထားလည်းဆိုလို့ရှိရင် ၊ world Bank၊  ADB ရဲ့ aid တွေနဲ့ relied လုပ်ထားတာပေါ့နော်၊ သူတို့ aid ပိုပေးရင် မြန်မြန်ပေးမယ်။ သူတို့ aid လျော့ သွားရင် နှေးနှေး ပေးမယ်၊ သူတို့ aid မပေးတော့ရင် မပေးနိုင်ဘူး ။  ပုံစံအသစ်ပြန်ထပ်လုပ်ရမှာပေါ့၊ ဆိုတော့ ကျွန်တော်တို့ကလည်း သူများတွေရဲ့ အကူအညီနဲ့မှ ပိုပြီးတော့ တိုးတက်နိုင်အောင် ၊ ကျွန်တော်တို့က ဘာနဲ့ တူလည်းဆိုတော့ နေမကောင်းတဲ့ လူလိုပဲနော် ၊ အမှီလေးနဲ့ အထောက်လေးနဲ့မှ သွားတာပေါ့ ။ ဒါပေမယ့် ၂၀၃၀ ကျော်သွားရင်တော့ ကျွန်တော်တို့က ကိုယ့် Economy နဲ့ကိုယ် ၊ ရပ်တည်နိုင်လိမ့်မယ်လို့ ထင်တယ်။ အခု တရုတ်လိုပေါ့ ၊ တရုတ်က အရင်တုန်းကဆိုရင် သူများရဲ့ aid တွေ အခွင့်အရေးတွေနဲ့ နေတယ်။ အခု သူတို့က သူတို့ဘာသာ သူတို့ ရပ်တည်နိုင်တဲ့အပြင် world မှာ နံပတ်ဝမ်းတောင် ယှဉ်ပြိုင်နိုင်ပြီပေါ့နော်၊ ကျွန်တော်တို့ ငယ်ငယ်တုန်းက တရုတ်ပြည် ဆိုတာ ဆင်းရဲတယ်၊ ကိုတာနဲ့ စားရတယ်လို့ ဒါမှမဟုတ်ရင် သူများဆီကနေ aid တွေလာတယ်လို့။ အခု သူတို့က အဲဒီလို မဟုတ်တော့ဘူး ။

မေး။              ။နောက်တစ်ခုကတော့ ကျွန်တော်တို့က စွမ်းအင်နဲ့ပတ်သက်လာရင် ခုနက ပြောသလိုပဲ ရေအားလျှပ်စစ် ရှိမယ်။ ဥပမာ ဆိုကြပါစို့ solar Energy ရှိမယ်ပေါ့ နော်၊ ဆိုတော့ ကျွန်တော်တို့ နိုင်ငံမှာက ဆက်လုပ်ဖို့ ဘာတွေ သင့် တော်မလဲ၊ ဘာတွေ ဆက်လုပ်ဖို့တွေရှိမလဲ။

ဖြေ။              ။ ကျွန်တော်တို့ ရေအား အဓိကပေါ့နော်၊ ကျွန်တော်တို့ဆီမှာရှိတာ ကျွန်တော်တို့ သုံးတာ အကောင်းဆုံးပေါ့နော် ၊ ရေအားကို ကျွန်တော်တို့က အများကြီးလုပ်စေချင်တယ်၊ ရေအားပြီးလို့ ရှိရင်တော့ မြန်တာကတော့ သူက Natural Gas လုပ်တာပေါ့နော်၊ နောက်ပြီးလို့ရှိရင် ကျောက်မီးသွေး။ ကျောက်မီးသွေး လည်း မြန်မာပြည်မှာလည်း ကျောက်မီးသွေး ထွက်တယ်၊ မြန်မာပြည်မှာ ထုတ်တဲ့ ကျောက်မီးသွေးအားလုံးနဲ့ လျှပ်စစ်ဓာတ် မထုတ်ဖြစ်သေးဘူးပေါ့နော်၊ လျှပ်စစ်ဓာတ် ထုတ်သင့်တယ်၊ မြန်မာနိုင်ငံမှာရှိတဲ့ ရေအရင်းအမြစ်တွေနဲ့ လျှှပ်စစ်ဓာတ် ထုတ်သင့် တယ်၊ မြန်မာပြည်မှာရှိတဲ့ Natural Gas တွေနဲ့ လျှပ်စစ်ဓာတ် ထုတ်သင့်တယ်၊ ဒါပေမယ့် Natural  Gas တွေက အခုထိ ရှာတုန်းရှိသေးတယ်။ ထပ်မထွက်သေးဘူးပေါ့နော်၊ အဲ့ဒီလိုထုတ် သင့်တယ်၊ လောလောဆယ်တော့ မရှိတဲ့အခါကျတော့ Inport လုပ်ပေါ့လေ ၊ နောက် စောစောကပြောတဲ့ solar တို့ wing တို့က ကျွန်တော့် personal opinion က အဲ့ဒီဟာတွေက သူဌေးတွေ လုပ်တဲ့အလုပ်တွေ ၊ ကျွန်တော်တို့ သွားရင် ကျွန်တော်တို့ ထီးပါရင်ရပြီလေ၊ ကျွန်တော်တို့ ဦးထုပ်မလိုဘူးပေါ့နော်၊ ဒါတွေက အဲဒီလိုမျိုးပေါ့နော် ဦးထုပ်တို့ ထီးတို့၊ ထီးက ပိုအရေးကြီးတာပေါ့နော်၊ ဦးထုပ်ဆို နေပူလည်းဆောင်းလို့ရတယ် နေမပူလည်း ဆောင်းလို့ရတယ်၊ မိုးရွာလည်းဆောင်းလို့ရတယ်၊ မိုးမရွာလည်း ဆောင်းလို့ရတယ် ၊ အလှလည်း ဆောင်းလို့ရတယ် ။အဲ့ဒီလိုမျိုးတွေပေါ့ ။

မေး ၊             ။ဒါပေမယ့် တစ်ခုရှိတာက ခုနက ရေအားလျှပ်စစ်နဲ့ ပတ်သက်ရင် သိကြတဲ့အတိုင်းပဲ ဆရာရယ် ၊ ကျွန်တော်တို့ တော်တော့်ကို ဆူဆူညံညံပေါ့လေ ၊ အဲ့ဒီဟာ ဥပမာ မြစ်ဆုံပေါ့လေ၊ တည့်တည့် ပြောရမယ် ဆိုရင်၊ တရုတ်ကလည်း လုပ်ချင်တယ် ဆိုတဲ့ ဆန္ဒရှိတယ်၊ ကျွန်တော်တို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေရယ် ၊ များသောအားဖြင့် ပြည်သူတွေက ကန့်ကွက်ကြတာ ရှိတယ်ဆိုတော့ ၊ ဆရာ့ရဲ့ opinion တွေကို လည်း သိချင်ပါတယ် ခင်ဗျာ့။

ဖြေ။              ။မြစ်ဆုံ ကတော့ ဝမ်းနည်း စရာကောင်းတယ်ပေါ့နော်၊ မလုပ်ဖြစ်တာ ဝမ်းနည်းစရာ ကောင်းတယ် ၊ နောက် ဘယ်တော့ လုပ်ဖြစ်မလဲ ကျွန်တော်တို့ မသိဘူး။ ဒါပေမယ့် အခု တရုတ်က မြစ်ဆုံ လုပ်ချင်လားဆိုတော့ မေးကြည့်တာ သူတို့ သိပ်မလုပ်ချင်တော့ဘူး ။ ဘာလို့လဲဆိုတော့ မြစ်ဆုံ သူတို့ လုပ်တဲ့ အချိန်တုန်းက သူတို့က လျှပ်စစ်အရမ်းလိုတယ် ၊  အခုသူတို့က သိပ်မလိုတော့ဘူး ၊ ဆိုတော့ မြစ်ဆုံ လုပ်မလားဆိုတော့ အိုခေ လုပ်လက်စရှိတယ် ၊ လုပ်တယ်၊ နောင်တစ်ချိန်လည်း လိုမယ်၊ ဒါပေမယ့် မြစ်ဆုံက အရမ်းအရေးကြီးတဲ့ infrastructure သူတို့အတွက်မဟုတ်တော့ဘူး ၊ ကျွန်တော်တို့ အတွက်တော့ ဟုတ်တယ်၊ ဒီလျှပ်စစ် ထွက်လာရင် လျှပ်စစ်ကို အမှီပြုပြီး ရလာမယ့် Economy က အကြီးကြီး ၊ အခု ဟိုတလောက မြစ်ဆုံ တစ်ကျပ်ထည့်ပါ၊ ဘာညာ ကျွန်တော်လည်း သွားကြည့်တယ်၊  ကျွန်တော် သွားကြည့်တော့မှ အဲ့ဒီမှာ ရှိတဲ့ Economy က သေးသေးလေး ၊ မြစ်ဆုံရဲ့ Economy က ဆိုတော့ အဲ့ဒီမှာ ရှိတဲ့ ငါးတွေလည်း သူရဲ့ Eco System ပေါ့ ဗျာ ၊ မြစ်ဆုံက ဒီ dam လုပ်လိုက်တဲ့အခါမှာ မြစ်ဆုံရဲ့နေရာက နည်းနည်းလေး ရွေ့သွားတယ်၊ မြစ်ဆုံကတော့ ရှိအုံးမှာပဲ မြစ်ဆုံ နောက်တစ်နေရာ ဖြစ်သွားမှာပေါ့၊ ကျွန်တော်တို့ အမြင်အနေနဲ့ကတော့ ကျွန်တော် environmental assessment တွေ အများကြီးလုပ်ခဲ့တယ်၊ ကျွန်တော် plant တွေမှာလည်း ကျွန်တော်တို့ လုပ်ဖူးတယ် ။ ကျွန်တော်တို့ နော်ဝေးရဲ့ Standard နဲ့ ကျွန်တော်တို့ လုပ်တယ် ၊ အဲ့ဒီတော့ ကျွန်တော်တို့ တော်ကြာနေ Environment ကို နားမလည်ဘဲနဲ့ ပြောတယ် ဖြစ်မှာစိုးလို့ပေါ့နော် ၊ ကျွန်တော် environmental assessment ကိုနားလည်တယ်၊ မြစ်ဆုံက လုပ်သင့်တယ်။ လုပ်သင့်တဲ့ အခါမှာလည်း environmental assessment သေချာလုပ်၊ သေချာ Study လုပ်၊ ပြီးရင် တည်ဆောက်ပြီးသွားလို့ ရှိရင် gap analysis လုပ် gap analysis ဆိုတာက နဂို လုပ်ထားတဲ့ ဟာနဲ့ ဒီလောက်ပဲ ပျက်မယ် ၊ ဒီလောက်ပြန်ပြင်မယ်လို့ ပြောတဲ့ဟာနဲ့ တကယ်ပြင်တာက ဘယ်လောက်ကွာခြားမူ ရှိသလဲ၊ လက်ခံနိုင်စရာရှိလား လက်မခံနိုင်စရာ ရှိလား ၊ ဆိုတဲ့ပုံစံမျိုးထိ သွားချင်တယ်၊ သို့သော် နောက်တစ်ချက် ဘဏ်တွေက ဒီ environment ကို တအားဖျက်မယ့် လုပ်ငန်းတစ်ခုကို ဘယ်တော့မှ ပိုက်ဆံမချေးပါဘူး ။ အဲ့ဒီဟာအတွက် မစိုးရိမ်ပါနဲ့ ၊ လူတွေက စိုးရိမ်ပြီးတော့ ဟိုဟာဖြစ်မယ် ဘာညာဖြစ်နေတာ ဒါကြီးက တော်တော်ပျက်သွားမယ် ဆိုပြီးတော့ တကယ်တမ်း ဘဏ်သမားတွေက ဒီလိုမျိုး ဖြစ်မယ့် project ကိုမပေးဘူး ။ ဥပမာအားဖြင့် ကျွန်တော် လုပ်ငန်းတစ်ခုလုပ်မယ်။ ကျွန်တော် အခု မုံရွာကို သွားမယ်၊ ကျွန်တော်နောက်မှာ ကျွန်တော် bank ကပါမယ် ။ ကျွန်တော်လုပ်လိုက်တဲ့ အတွက်ကြောင့် ကျွန်တော် ဘဏ်နဲ့ကြောင့်မို့လို့ မုံရွာမှာရှိတဲ့ မူလ လက်ဟောင်း စီးပွားရေးတွေ ပျက်သွားမယ် ဆိုရင် ဘဏ်က မချေးချင်တော့ဘူး  အဲ့ဒီလိုမျိုးပေါ့နော်။ အဲ့ဒီလိုမျိုး လေးတွေ ရှိတယ်ဆိုတော့ စိုးရိမ်တာတွေက များတာပေါ့နော်။ စိုးရိမ်စရာ သိပ်မရှိဘူးဆိုတဲ့ သဘောပေါ့။

မေး။    ။   ဒီရေအားလျှပ်စစ်ပြီးရင်   ကျောက်မီးသွေးကိုလည်း ကန့်ကွက်နေကြတာတွေ ရှိပါတယ်။ ဒီအပေါ်မှာလည်း ဆရာနည်းနည်းပြောပြပေးပါလား ။ ဆရာ့ရဲ့ အမြင်ပေါ့။

ဖြေ။ ။ကျောက်မီးသွေး ကန့်ကွက်တာကျတော့ ကျွန်တော်တို့က ဘာနဲ့သွားတူလည်းဆိုတော့ သူများတွေက လုပ်ပြီးသွားပြီလေ သုံးနေတယ် ။ ဒါပေမယ့် သူတို့က ဒီထက်ပိုမသုံးချင်တော့ဘူး၊ မသုံးချင်တော့ သူတို့ပြောတယ်၊ ကျွန်တော်တို့တော့ ကျောက်မီးသွေး ထပ်မထုတ်တော့ပါဘူး ၊ သူတို့ကျောက်မီးသွေးထုတ်တာက သူရဲ့ generation ရဲ့ ၃၀ % ကျောက်မီးသွေးနဲ့ ထုတ်ထားတယ်၊ ဥပမာ နိုင်ငံ တစ်နိုင်ငံရဲ့ economy တစ်ခုပေါ့၊ ကျွန်တော်က နိုင်ငံတစ်နိုင်ငံဆို economy တစ်ခု လို့ ကျွန်တော်တို့က ပြောတာကို အဲ့ဒီ economy တစ်ခုမှာ ကျောက်မီးသွေးက ၃၀ % လောက်သူက ထည့်ပြီးသွားပြီ။ ကျွန်တော်တို့က ကျောက်မီးသွေး ထပ်မသုံးတော့ပါဘူး၊ ကျွန်တော် ရေအားပဲ သုံးမယ်၊ ကျွန်တော် လေအားသုံးမယ်၊ solar အားပဲသုံးမယ်လို့ သူတို့ကပြောကြတာပေါ့၊ သူတို့ plan တွေပေါ့၊ ကျွန်တော်တို့တွေက နားတွေယောင်ပြီးတော့ ငါလည်းကျောက်မီးသွေးမသုံးတော့ဘူး ဆိုတော့ ကိုယ်က ဒီမှာ တစ်ပြားမှမရှိသေးဘူး၊ ကိုယ်ကလည်း အဲ့ဒီလောက် ရောက်ပြီးသွားရင်တော့ ပြောပါ။ ၂၀- ၃၀ လောက်ရောက်ပြီးသွားရင် ပြောပါ၊ အခုလည်း ကျွန်တော်တို့မှာ plan တွေရှိပါတယ်၊ master plan တွေ အများကြီး ရှိပါတယ်။ အဲ့ဒီထဲမှာ အကုန်လုံးက ကျောက်မီးသွေး percentage တစ်ခုစီ ပါကြတယ်။ အဲ့ဒီထိ ရောက်သွားရင်တော့ ရပါတယ်၊ မသုံးပါနဲ့ မသုံးလည်းရပါတယ် ။ အခုချိန်မှာတော့ ကျောက်မီးသွေးက လုပ်သင့်တယ် ၊ကျောက်မီးသွေး လုပ်မယ်ဆိုရင် ဘဏ်တွေက ပိုက်ဆံမချေးတော့ဘူး။ တစ်ချို့ ဘဏ်တွေက၊ အဲ့ဒီလိုမျိုးတော့ရှိတာပေါ့ ၊ ကျောက်မီးသွေးလုပ်မယ် ဆိုရင်တောင်မှ ခက်ခက်ခဲခဲလုပ်ရမယ့် သဘောမှာရှိတယ် ။

မေး ။             ။   ADB တို့ ကမ္ဘာ့ဘဏ်တို့ကလည်း ချေးငွေတွေနဲ့ လုပ်မယ်ဆိုတော့  ကျွန်တော်ကတော့  သာမန်လူတစ်ယောက်အနေနဲ့ မေးတာပါဆရာ ။ ကျွန်တော်တို့ ဒီ ၂၀၃၀ ရဲ့ ရည်မှန်းချက်က တကယ့်တကယ်ရော ပြည့်နိုင်ပါ့မလား။ ပြောချင်တာကတော့ ခုနကပြောသလိုပဲ ရေအားကျတော့လည်း ကျွန်တော်တို့မှာ မြစ်ဆုံဆိုရင် ကျွန်တော်တို့မှာ တကယ် ဖြစ်မလာဘူးပေါ့နော် ၊ ကျောက်မီးသွေးကျတော့လည်း မဖြစ်ဘူး၊ Gas ကျတော့လည်း ကျွန်တော်တို့မှာ အခက်အခဲ ရှိနိင်တာပေါ့၊ အဲ့ဒီ တခြား နည်းလမ်းတွေက ဘယ်လိုသွားကြမှာလည်း ကျွန်တော် ဒါက တကယ် ပွင့်ပွင့်လင်းလင်း မေးစရာရှိလို့ပါ ။

ဖြေ။ ။  တခြားရေအား project တွေလည်း ရှိပါတယ်၊ တစ်ချို့ လူမသိ သူမသိ ဘယ်သူမှမသိတဲ့ Project တွေလည်း ရှိပါတယ်၊ ဒါပေမယ့် အဲ့ဒီ Project တွေလည်း ရောယောင်ပြီးတော့ ရပ်နေတာပေါ့နော်၊ တစ်ချို့ Project တွေ ဆိုလို့ ရှိရင် တော်တော်ကောင်းတဲ့ Project တွေ ရှိတယ်၊ ဟို environmental လည်း ဘာမှ မပျက်သလောက်ပဲ ၊ ရွာတွေဘာတွေလည်း ဘာမှမရှိသလောက်ပဲ၊ အဲ့ဒီလိုမျိိုး Project တွေကို ဦးစားပေးပြီးတော့ လုပ်ရင်တော့ ကောင်းပါတယ်၊ မြန်မြန်ဆန်ဆန် တွန်းတွန်း တိုက်တိုက် လုပ်လို့ရတာပေါ့ ၊ ဒါပေမယ့် စောစောက ပြောသလို ဒီဟာတွေ ဖြစ်ပါ့မလား ဆိုတော့ လုပ်တဲ့ အပေါ်မှာ မူတည်ပါတယ်၊ ကျွန်တော်တို့မှာ ဥပမာ ၁၀ တန်း လူ ၁၀၀ ဖြေတယ်၊ လူ ၅၀ ပဲအောင်တယ်၊ ၅၀ မအောင်ဘူး၊ ဒါပေမယ့် စင်ကာပူမှာက GCE လူ ၁၀၀ ဖြေရင် ၉၈ ယောက် အောင်တယ် ၊ ကျွန်တော်တို့က သူတို့လိုမျိုး ကြိုးစားမယ်ဆိုရင်တော့ ကျွန်တော်တို့ စောစောက ရည်မှန်းသလိုမျိိုး ၂၀၃၀ မှာ ဘာဖြစ်ရမယ်ဆိုတာ ဖြစ်သွားနိုင်တယ်။ မဟုတ်လို့ ရှိရင်တော့ ၅၀ % တော့ ဖြစ်မှာပါ။

မေး ။             ။ နောက်တစ်ခုကတော့ ပုံမှန်ပေါ့ ဆရာရယ်၊ ကျွန်တော်တို့မှာ လျှပ်စစ်မီး  ၄၀ လောက်ပဲရတယ်၊ ၆၀ မရဘူး ဆိုတော့ အဲ့ဒီ ၆၀ လောက် မရတဲ့ လူတွေရဲ့ ဘဝက ဘာဖြစ်မလဲ။ ဥပမာ အိမ်တစ်အိမ်မှာ လျှပ်စစ်မီး မရရင် Social impact ပေါ့၊ ပညာရေး အရပဲ ဖြစ်ဖြစ်၊ စီးပွားရေးအရပဲ ဖြစ်ဖြစ် နမူနာကောင်းလေးတွေ ပြမယ်ဆို ဘာများဖြစ်မလဲဆရာ။

ဖြေ။              ။  လျှပ်စစ်မရတဲ့ ရွာတစ်ရွာပေါ့နော်၊ လုံးဝ မရတာမျိုးမဟုတ်ဘူး။ သူတို့မှာ Solar ပြားလေးတွေရှိမယ် ၊ မီးစက်သေးသေးလေးတွေရှိမယ်၊ ဒါပေမယ့် သူတို့က ဖောဖောသီသီ မသုံးနိုင်ဘူးပေါ့နော်၊ သူတို့က ၂၄ နာရီ မသုံးနိုင်တဲ့အတွက် ညဆို မှောင်နေမှာပဲ ၊ ညဆိ်ုမှောင်နေမယ် သူတို့မှာသုံးတဲ့ လျှပ်စစ်မီးကလည်း ပိုပြီး စျေးကြီးမယ်၊ နောက် အဲ့ဒီဟာနဲ့ ပတ်သက် ပြီး productivity မလုပ်နိုင်ဘူးပေါ့နော်၊ စပါးလှည့်မယ်၊ စပါးခြွေမယ်၊ စက်နဲ့လှည့်လို့ သူတို့က မရဘူးပေါ့ ။ သူတ်ို့ကိုယ်တိုင် လူနဲ့ပဲ လှည့်လှည့် နွားနဲ့ပဲ လှည့်လှည့် သူရဲ့ အထွက်နူန်းက   ၁နာရီမှာ ၂ တင်းထွက်မယ်ဆိုလို့ ရှိရင် မော်တာနဲ့ လှည့်လိုက်ရင် ၂ မိနစ် နဲ့လည်း ပြီးသွားနိုင်တယ်။ အဲဒီဟာတွေ ပြီးရင် မြို့ကို ပို့မယ်ဆိုရင် ကျွန်တော်က ရက်စောသွားမယ် ။ ဒီရွာက လျှပ်စစ်မီးမရှိဘူး manual နဲ့လုပ်တယ် ၊ဒါပေမယ့် သူရဲ့ Production အားလုံး ပြီးဖို့ အတွက် ၁၀ ရက် ကြာတယ် ၊ ကျွန်တော်က ဒီဘက်မှာ မီးရတယ် မီးရတဲ့အတွက်ကြောင့် နေ့တစ်ဝက်နဲ့ ပြီးသွားတယ် ၊ ညနေဆို မြို့ကို ပို့လို့ရပြီ၊ ကျွန်တော်က သူ့ထက် ၁၀ ရက်စောတယ် ၊ ၁၀ ရက်စောတဲ့ အတွက်ကြောင့် တစ်ရက် နောက်ကျရင် transportation မှာ ၁ ရက် နောက်ကျရင် economy မှာ 0.5% လောက်က လျော့သွားစေ တယ်ဆိုရင် ၁၀ ရက် နောက်ကျရင် ၅၀ % ဖြစ်သွားပြီ။ အဲ့ဒီလိုမျိုး economy ၂ ခု ယှဉ်လိုက်ရင် သူတို့က ဘယ်လိုမှ မတက်နိုင်တော့ဘူး ၊ သူတို့ကတော့ တက်သွားမှာပေါ့နော် ၊ မီးမရတဲ့ဟာက ဘာတွေ ဖြစ်လဲဆိုတာထက် မီးရတဲ့ဟာနဲ့ မရတဲ့ဟာ ၂ခု ယှဉ်လိုက်ရင် အရမ်းသိသာပါတယ်၊

မေး။              ။ ကျေးဇူးပါ ဆရာ၊ လျှပ်စစ်နဲ့ ပတ်သက်ပြီး တော်တော်များများ ဆွေးနွေးပြီးပြီဆိုတော့ နောက်ထပ် ဘာများ ဖြည့်ပြောချင်သေးလဲ ။  ဖွံ့ဖြိုးဖို့ပဲ ဖြစ်ဖြစ် ထပ်ပြီးတော့ လုပ်စရာရှိတာပဲ ဖြစ်ဖြစ်ပေါ့။

ဖြေ။              ။ လျှပ်စစ်နဲ့ ပတ်သက်ပြီးတော့ လျှပ်စစ်ကို ချွေတာပါပေါ့နော်။ ထပ်ပြီးတော့ မဖြုန်းနဲ့ပေါ့၊ လျှပ်စစ်က ရွှေနဲ့ ဆက်ဝယ်ထားရတဲ့ သဘောမျိုးပဲ ယူဆပါလို့ ။ ကျွန်တော်တို့ ဒီ လျှပ်စစ်ကို ဒီမှာသုံးမယ့် အစား နိုင်ငံခြားကိုသွားရောင်းရင် ဝင်ငွေရတယ်၊ ရောင်းတာလည်းရှိတာပေါ့ နော် ၊ အခု ဒီဘက်မှာ သုံးတာ။ ကျွန်တော်တို့ နယ်စပ်မှာ ရွှေလီဆိုတဲ့ Power plant တစ်ခုရှိတယ်၊ နဂို မူလ ဒီဇိုင်းလုပ်တုန်းက တရုတ်ကိုရောင်းတယ်။ အခု တရုတ်ကို မရောင်းဘဲ ကျွန်တော်တို့က အကုန် ပြန်ဝယ်တာပေါ့ ၊  ကျွန်တော်တို့ ပြန်ဝယ်ပြီးတော့ ဖြုန်းနေတာပေါ့နော် ၊ ရေချိုးခန်းဆိုလည်း မီးဖွင့်ထားမယ်၊ ဧည့်ခန်းဆိုလည်း မီးဖွင့်ထားမယ်။ အိပ်တော့မယ်၊ ဒါပေမယ့် အရှေ့ခန်းမီးက ဖွင့်ထားမယ်၊ မထူးပါဘူးဆို ထားလိုက်မယ်။ အဲ့ဒီလိုမျိုးမလုပ်ပါနဲ။့ စျေးကလည်း တက်လာတယ်ဆိုတော့ သိသာလာပြီပေါ့၊ ချွေတာပါလို့ ပြောချင်ပါတယ်၊ မလိုရင်မသုံးတာ အပြင်ကို ကိုယ်သုံးတဲ့ ပစ္စည်းတွေကလည်း မီးစားသက်သာတာက်ို သုံးစေချင်ပါတယ်၊ ပိုလည်းခံပါတယ် ၊ economy ပိုဖြစ်ပါတယ်။ ချွေတာပါ၊ မီးစားသက်သာတာတွေ သုံးပါ၊ မီးနဲ့ပတ်သက်ပြီးပေါ့ ၊ မီးက အရေးကြီးပါတယ်၊   အလွန်အရေးပါတဲ့ infrastructure တစ်ခုဖြစ်ပါတယ်၊ အခု နိုင်ငံတော်က refound လုပ်လိုက်တာကို ကျွန်တော်တို့ အများကြီး ဝမ်းသာတယ်။  ။ မဇ္စျိမ

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly