ရဲစခန်းရှေ့ စုရုံးတဲ့ ဟောင်ကောင်ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်

ရဲစခန်းရှေ့ စုရုံးတဲ့ ဟောင်ကောင်ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်

ဟောင်ကောင်၊ သြဂုတ် ၁၅ ။          ။ ဟောင်ကောင်က ရှမ်ရှုအီပိုအရပ်မှ ရဲစခန်းရှေ့ သြဂုတ် ၁၄ ရက် ညပိုင်းက စုရုးဆန္ဒပြသူတွေကို ရဲတပ်ဖွဲ့က မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ပစ်ခတ်ပြီး ဖြိုခွင်းပါတယ်။

ဆန္ဒပြသူတွေဟာ ဟောင်ကောင်ခေါင်းဆောင် ကာရီလမ်းပုံပါ ပိုက်ဆံတွေကို မီးရှို့ကြရင်း ဆန္ဒပြကြပါတယ်။ “ဖြစ်ရပ်ဆိုးကြီးကို မီးရှို့ပြီး နိဂုံးချုပ်တဲ့ သဘောနဲ့ ခုလို ပိုက်ဆံတွေကို မီးရှို့ကြတာပါ။”လို့ ဆန္ဒပြ သူတစ်ဦးက ပြောပါတယ်။

ဘာသာရေးရောင်ခြည်နဲ့ ဆုံးမခြင်းဆိုပြီး ဆန္ဒပြသူတွေဟာ ရဲစခန််းကို လေဆာရောင်ခြည်တွေနဲ့ ၀ိုင်းထိုးထားကြတာကို ရဲက ဆန္ဒပြလူအုပ်ဆီ မျက်ရည်ယိုဓာတ်ငွေ့တွေ ပစ်လွှတ်တာ ဖြစ်ပါတယ်။

ရဲတွေဟာ ကာဒိုင်းတွေနဲ့ ရော်ဘာတုတ်တွေ ကိုင်ဆောင်ရင်း လမ်းမတွေထဲ ချီတက်လာကာ ခုလို မျက်ရည်ယိုဓာတ်ငွေ့တွေလည်း ပစ်လွှတ်တာပါ။

ပြီးခဲ့တဲ့ သီတင်းပတ်မှာလည်း ရှမ်ရှုအီပိုခရိုင်မှာ တက္ကသိုလ်ကျောင်းသားတစ်ဦးကို ဖမ်းဆီးတာကြောင့် ဆန္ဒပြမှုတွေ ဖြစ်ပွားခဲ့ပါသေးတယ်။

အဲဒီ ကျောင်းသားဟာ လေဆာပွိုင့်တာတွေ ရောင်းချတာကြောင့် ဖမ်းဆီးခံရတာဖြစ်ပြီး ရဲက ဆန္ဒပြသူတွေဟာ သူတို့ကို ဆန့်ကျင််ရာမှာ လေဆာပွိုင့်တာတွေကို လက်နက်လို သုံးတယ်လို့ ယူဆထားတာ ဖြစ်ပါတယ်။

အာရှရဲ့ စီးပွားရေးအချက်အချာ ဟောင်ကောင်ဒေသဟာ ဆယ်စုနှစ်တွေအတွင်း နိုင်ငံရေး ဝရုန််းသုန်းကားအဖြစ်ဆုံး အခြေအနေကို ရောက်နေပြီး ဟောင်ကောင်အရေးဟာ တရုတ်က ဗဟိုအစိုးရအတွက် စိန်ခေါ်ချက်ကြီးတစ်ရပ် ဖြစ်နေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required