ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်

ရင်သွေးလေးကို မီးမီးလေးမှ လိုချင်တယ်ဆိုတဲ့ စုံတွဲတိုင်းအတွက်

ရေးသားသူ Dr. Thin Yadanar @ Frances

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win

   
သားဦးလေးကို မီးမီးလေးအရင်လိုချင်တယ်၊ သားသားလေးက ရှိနေပြီဆိုတော့ နောက်တစ်ယောက်ကို မီးမီးလေးလိုချင်တယ်ဆိုတဲ့ စုံတွဲတွေရှိလား။ သားလေးလိုချင်ရင် ဘာလုပ်ရမယ်၊ ညာလုပ်ရမယ်ဆိုတာတွေက များနေတော့ ဒီတစ်ခေါက် မီးမီးလေးလိုချင်ရင် လုပ်သင့်တဲ့ အချက်တွေ အကြောင်းပြောပြပေးချင်ပါတယ်။ သားသမီးရတနာဆိုတာ ကံကပေးတယ်ဆိုပေမယ့် ခုလို ကြိုးစားကြည့်ထားတော့ မမှားဘူးပေါ့။
မီးမီးလေး လိုချင်ရင် ဒါတွေလုပ်ကြည့်လို့ရပါတယ်။
ဒီလို စားပါ။

 မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။

အက်ဆစ်ဓာတ်များတဲံ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် များကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓာတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။  ကိုယ်ထဲကို ရောက်သွားတာနဲ့  အက်ဆစ်ဓာတ်ဘက်ကို ရောက်သွားမယ့် အစးအစာတွေကို ပြောတာဖြစ်ပါတယ်။ ကိုယ်တွင်း အက်ဆစ်ဓာတ်အပြောင်းအလဲကိုဖြစ်စေမယ့်  အစားအစာတွေကတော့

    နေ့စဉ်စားနေတဲ့ အသားငါး ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ထမင်း၊ ဂျုံ၊ ပြောင်းဖူး၊ ကြက်ဥ အကာ၊ ချော့ကလက်နဲ့ အခြား ချဉ်တဲ့အသီးတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊စတော်ဘယ်ရီ၊ စပျစ်သီးနဲ့ နာနတ်သီးတို့စားပေးလို့ရပါတယ်။

ဖေဖေကတော့ အယ်ကာလီများတာစားပါ။

အယ်ကာလီလဘက်ကို ရောက်တဲ့ အစားအစာတွေဖြစ်တဲ့ အသီးအရွက်တွေ၊ နို့တွေ၊ လက်ဖက်ရည်၊ ရေညှိ၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကြွယ်ဝတဲ့  အစားအစာတွေစားပေးဖို့လိုပါတယ်။

နှစ်ဦးလုံး အသီးအရွက်များများစားပါ။အစိမ်းရောင်အသီးအရွက်တွေမှာပါတဲ ့ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ဟာ မီးမီးလေးရဖို့ အခွင့်အလမ်းကို ပိုများစေမှာပါ။
ဒါတွေလုပ်ပါ။

လေ့လာချက်တွအရ သုက်ကောင်ရေများလေ သားသားလေးရဖို့ အခွင့်အလမ်းပိုများလေးဖြစ်ပြီး သုက်ပိုးနည်းလေ မီးမီးလေးပိုရဖို့ အခွင့်အလမ်းများလေလို့ဆိုပါတယ်။

    ဒါ့ကြောင့် ယောက်ကျားလေးလိုချင်ရင် သားဥမကြွေခင်ရက်ပိုင်းတွေမှာ လိင်ဆက်ဆံခြင်းကို ရှောင်သင့်ပါတယ်။ သားဥကြွေတဲ့အချိန်လောက်ကိုက်ပြီး ဆက်ဆံပါမှ သုတ်ပိုးအရေအတွက်များမှာဖြစ်ပါတယ်။ မိန်းကလေးလိုချင်ရင်တော့ အတူနေတာကို ရှောင်ရမယ့် ရက်တွေမရှိပါဘူး။ ၃ ရက်တစ်ခါလောက် ဆက်ဆံပေးသင့်ပါတယ်။ သားဥကြွေခါနီး ၂ ရက်အလိုလောက်မှာ အတူနေရင် သမီးမိန်းကလေး မွေးနိုင်ချေ ပိုများပါတယ်။
    အတူမနေခင် ရေနွေးနွေးလေးနဲ့ ရေချိုးပေးပါ။ သားသားလေးဖြစ်မယ့် သုက်ပိုးတွေက အပူဆို သိပ်အနားမကပ်တာကြောင့် မီးမီးလေးဖြစ်မယ့် သုက်ပိုးတွေအတွက် နေရာပိုရစေမှာပါ။

လိင်ဆက်ဆံမယ့် အနေအထားတွေကတော့

    အတွင်းကိုနက်နက်ထိုးသွင်းတဲ့ ပုံစံကို ရှောင်ရပါလိမ့်မယ်။
    မိန်းကလေးလိုချင်တာဖြစ်တဲ့အတွက် လိင်စိတ်အထွတ်အထိပ်ရောက်တာကို ရှောင်ရပါလိမ့်မယ်။ ဘာ့ကြောင့်လဲဆိုတာ မိန်းကလေးဖြစ်မယ့်

ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly