အဆုတ်ကျန်းမာရေးအတွက် ကောင်းတဲ့ စပျစ်နဲ့ ဘယ်ရီသီးတွေ

အဆုတ်ကျန်းမာရေးအတွက် ကောင်းတဲ့ စပျစ်နဲ့ ဘယ်ရီသီးတွေ

ရေးသားသူ Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win


စပျစ်သီးနဲ့ ဘယ်ရီသီးတွေက အဆုတ်ကျန်းမာရေးအတွက် တကယ်ကိုကောင်းတယ်လို့ သုတေသနအသစ်က ဆိုပါတယ်။

anthocyanins လို့ခေါ်တဲ့ ဖလေဗာနွိုက်ဓာတ်တွေကြွယ်ဝတဲ့အစားအစာတွေကို စားသုံးရင် အသက်ကြီးလာတဲ့အထိ အဆုတ်ရဲ့စွမ်းဆောင်ရည် အကောင်းဆုံးရှိနေမှာပါလို့ သုတေသီတွေက ပြောပါတယ်။ စပျစ်သီး၊ ဘလူးဘယ်ရီ၊ ဘလက်ဘယ်ရီတို့လို အရောင်ရင့်တဲ့အသီးတွေမှာ တွေ့ရတတ်တာပါ။

အသီးအနှံနဲ့ ဟင်းသီးဟင်းရွက်တွေများတဲ့ စားသောက်မှုပုံစံက အဆုတ်ထိခိုက်မှုတွေရန်က ကာကွယ်ပေးနိုင်ပြီး လုပ်ဆောင်နိုင်စွမ်းကို ထိန်းပေးတယ်၊ အသက်ကြီးလာတဲ့အခါ အသက်ရှူလမ်းကြောင်းရောဂါတွေဖြစ်လာနိုင်ခြေကိုလည်း နည်းစေနိုင်တယ် လို့ ဦးဆောင်သုတေသီ Vanessa Garcia-Larsen ကပြောပါတယ်။

လူတွေက အသက် ၃၀ လောက်အရွယ်မှာ အဆုတ်ရဲ့စွမ်းဆောင်ရည်အကောင်းဆုံးအချိန်ပါပဲ။ အဲဒီအချိန်ကျော်လွန်သွားတဲ့အခါ အဆုတ်ရဲ့လုပ်ဆောင်နိုင်စွမ်းက တဖြည်းဖြည်းကျဆင်းလာပါတယ်။ ဆေးလိပ်သောက်ခြင်း၊ ကိုယ်လက်လှုပ်ရှားမှု၊ ဓာတ်ပစ္စည်းထိတွေ့မှု၊တခြားရောဂါအခံ စတဲ့အကြောင်းရင်းအမျိုးမျိုးကို မူတည်ပြီး လူတစ်ယောက်နဲ့တစ်ယောက်ကဆင်းမှုနှုန်းချင်းကွာခြားသွားကြတာပါလို့ သူက ဆက်ရှင်းပြပါတယ်။

ပြုပြင်စီမံထားတဲ့အစားအစာတွေကြောင့် အဆုတ်ရဲ့လုပ်ဆောင်ချက်ကို ကျဆင်းစေနိုင်တယ်လို့ အရင်သုတေသနတွေမှာ တွေ့ရှိထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် အရောင်ရင့်တဲ့အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို မျာျးမျာျးစားတဲ့သူတွေက အဆုတ်လုပ်ဆောင်ချက်ကျဆင်းမှုနှုန်း ပိုနှေးစေတယ်ဆိိုတာ သုတေသနအသစ်က တွေ့ရှိခဲ့တာပါ။

လေ့လာမှုမှာ နော်ဝေနဲ့ အင်္ဂလန်နိုင်ငံက ပျမ်းမျှအသက် ၄၄ နှစ်အရွယ်ရှိသူ ၆၃ ဦးပါဝင်ခဲ့တာပါ။ ပါဝင်သူတွေအားလုံးကို စားသောက်မှုဆိုင်ရာ မေးခွန်းတွေဖြေဆိုစေခဲ့ပြီး လေ့လာမှုအစပိုင်းမှာ အဆုတ်ကျန်းမာရေးစစ်ဆေးမှု လုပ်ဆောင်စေခဲ့ပါတယ်။

နောက်ဆယ်နှစ်ကြာတဲ့အခါ သူတို့ရဲ့ အဆုတ်လုပ်ဆောင်ချက်ကို ပြန်စစ်ဆေးပါတယ်။

သုတေသီတွေက anthocyanin စားသုံးမှုနဲ့ အဆုတ်ကျန်းမာရေးတို့ကြားက ဆက်နွှယ်မှုကို တွေ့ရှိခဲ့ပြီး anthocyanin  စားသုံးလေ အဆုတ်ပိုကျန်းမာလေ ဖြစ်ကြောင်း တွေ့ရှိခဲ့ပါတယ်။

ဘယ်ရီသီးလို အစားအစာတွေ စားပြီး နာရီပိုင်းအတွင်းမှာ အဆုတ်တစ်ရှူးတွေထဲ ဖလေဗာနွိုက်တွေ ရှိလာတာတွေ့ရတယ်။ ဒါ့ကြောင့် anthocyanin ကြွယ်ဝတဲ့အစားအစာတွေက လေထုညစ်ညမ်းစေတဲ့အရာတွေအပြင် တခြားပတ်ဝန်းကျင်ထိခိုက်မှုရန်တွေကပါ အဆုတ်ကိုမထိခိုက်အောင် ကာကွယ်ပေးနိုင်တယ်လို့ ယူဆရပါတယ်။
 ဤဆောင်းပါးကို Mizzima ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly