ဂွေးပင် ရေကျော်တံတားချောက်အတွင်း အမျိုးသမီးအလောင်းတွေ့ရှိ

ဂွေးပင် ရေကျော်တံတားချောက်အတွင်း အမျိုးသမီးအလောင်းတွေ့ရှိ

မကွေး၊သြဂုတ် ၁၄ ။           ။ မကွေးတိုင်းဒေသကြီး၊ မင်းလှ-သရက်ကားလမ်းမိုင်တိုင် (၅၈/၃)နှင့် (၅၈/၂)ကြားရှိ ဂွေးပင်ရေကျော်တံတားချောက်အတွင်းမှ အမျိုးသမီးတစ်ဦး၏ အလောင်းတစ်လောင်းကို တွေ့ရှိခဲ့ကြောင်း မင်းလှမြို့မရဲစခန်းက သိရသည်။

ထန်းကိုင်းကျေးရွာအုပ်ချုပ်ရေးမှူးဦးညွှန့်ဝင်းမှ ဂွေးပင်ရေကျော်တံတားချောက်အတွင်း အမျိုးသမီးတစ်ဦး ကို ဆိုင်ကယ်နှင့်အတူ ချောက်အတွင်းသေဆုံးလျှက်တွေ့ရှိရကြောင်း ပြောကြားသဖြင့် မင်းလှမြို့မရဲစခန်းမှ ဒုရဲအုပ်မာလာရွှေဇင်အောင်က တပ်ဖွဲ့ဝင်များနှင့်အတူ အခင်းဖြစ်နေရားသို့ သွားရောက်စစ်ဆေးခဲ့ခြင်းဖြစ်သည်။

“သေဆုံးသူက ထန်းကိုင်းကျေးရွာမှာနေထိုင်တဲ့ မပန်းလှိုင်၊ အသက်က(၄၃)နှစ်ဖြစ်ပါတယ်။ မပန်းလှိုင်ရဲ့ ညီမဖြစ်သူမချိုကို စစ်ဆေးမေးမြန်းခဲ့ရာမှာ သြဂုတ်လ ၁၃ ရက်ည ရနာရီခွဲအချိန်မှာ မပန်းလှိုင်က ဆိုင်ကယ်ကို တစ်ဦးတည်းစီးနင်းပြီး မင်းလှမြို့ပေါ်ကို ထွက်ခွာသွားပါတယ်။ နံနက်မိုးလင်းတဲ့အချိန်အထိ ပြန်မရောက်လာသေးလို့ လိုက်လံရှာဖွေရာက ယခုလိုတွေ့ရှိခဲ့ရခြင်းဖြစ်တယ်” ဟု မင်းလှမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

သေဆုံးသူ၏ ရုပ်အလောင်းကို စစ်ဆေးရာတွင် ဦးခေါင်းဝဲချိုစောင်း၌ သုံးလက်မခန့် ပေါက်ပြဲဒဏ်ရာ၊ ဝဲနောက်စေ့ခြမ်းတွင် တစ်လက်မခွဲခန့်ပေါက်ပြဲဒဏ်ရာ၊ မေးစေ့နှင့် ယာခြေမျက်စိတို့တွင် ပွန်းပဲပေါက်ပြဲဒဏ်ရာများ တွေ့ရှိခဲ့ပြီး နှာခေါင်းမှလည်း သွေးထွက်နေသည်ကို စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါဖြစ်စဉ်အတွက်  မပန်းလှိုင်းကို မင်းလှမြို့မရဲစခန်းမှ (ပ)အမှတ်၁၄/၂၀၁၉၊ ရာဇသတ်ကြီးပုဒ်မ ၃၀၄-က ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly