သဲဖြူကုန်းကျေးရွာ မြေပြိုမူဖြစ်ပွားခဲ့သည့်တောင် အစိုးရက တိုင်းတာစစ်ဆေး

သဲဖြူကုန်းကျေးရွာ မြေပြိုမူဖြစ်ပွားခဲ့သည့်တောင် အစိုးရက တိုင်းတာစစ်ဆေး
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ပေါင်၊ သြဂုတ်လ ၁၃ ။        ။ မွန်ပြည်နယ် ပေါင်မြို့နယ်အတွင်းမော်လမြိုင်  ရန်ကုန်အဝေးပြေး ကားလမ်းမကြီး ပေါ်ရှိ သဲဖြူကုန်းကျေးရွာပေါ်သို့  ကုလားမတောင်တန်း ၏ မလတ်တောင် ပြိုကျမူဖြစ်စဉ်အပြီးတွင် ဆည်မြောင်းနှင့် ရေအရင်းမြစ်သုံးချမူ စီမံခန်ခွဲမူဌာန မှ  ဘူမိဗေဒ ပညာရှင်များ က လာရောက် တိုင်းတာစစ်ဆေးခဲ့သည်။

အဆိုပါတောင်ကို စစ်ဆေးရန်အတွက် ရန်ကုန်မီးသတ်မှ ပညာရှင်များလာရောက်ပြီး drone ဖြင့် ရိုက်ကူးတိုင်းတာခဲ့ရာ ထပ်မံပြိုကျနိုင်ချေများသည်ဟု သုံးသပ်သောကြောင့် ပြည်နယ်အစိုးရမှတဆင့်ပြည်ထောင်စု အစိုးရ ထံသို့ တင်ပြခဲ့ခြင်းဖြစ်သည်။

သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်းအချိန်တွင် ရောက်ရှိလာသည့်ဘူမိဗေဒ ပညာများအဖွဲ့အနေဖြင့် ကုလားမတောင်တန်း၏မလတ်တောင်တန်းပေါသို့ drone ဖြင့်ပျံသန်းပြီး GPS စနစ်ဖြင့် တောင်ကို တိုင်းတာစစ်ဆေးခဲ့ရာ  တောင်ထိပ်တွင် ရေများဝပ်နေပြီး မိုးသည်းထန်စွာရွာသွန်းမူကြောင့် တောင်အက်ကွဲကြောင်းမှတစ်ဆင့် ရေ၏ဖိအားကိုမခံနိုင်သဖြင့်  ပြိုကျမှု ဖြစ်ခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရသည်။

မဇ္စျိမသတင်းဌာနအနေဖြင့် ဘူမိဗေဒ ပညာရှင်အဖွဲ့ကို တောင်နှင့်ပတ်သက်ပြီးမေးမြန်းရာတွင် ၄င်းတို့အနေဖြင့်လက်ရှိအချိန်တွင် တိုင်းတာစစ်ဆေးများပြုလုပ်နေဆဲ ဖြစ်သဖြင့် တောင်၏ အခြေအနေကို အတိအကျမပြောနိုင်သေးကြောင်း ပြန်လည် ပြောဆိုသည်။

တောင်ပြိုကျသည့်  နေရာကို ပြည်နယ်အဆင့် အန္တရယ်ဇုန်အဖြစ်  ကြောငြာရန် မရှိသေးကြောင်း သြဂုတ်လ ၁၃ ရက်နေ့ မွန်းလွဲပိုင်း က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာအေးဇံ မှ  မီဒီယာများကိုပြောသည်။

သြဂုတ် ၉ ရက်နေ့ နံနက်ပိုင်းက မိုးသန်းထန်စွာရွာသွန်းမူနှင့်အတူ ကုလားမတောင်တန်း၏ မလတ်တောင်သည်  မြေပြိုကျခဲ့ရာ သဲဖြူကုန်းကျေးရွာရှိ နေအိမ် ၂၇ လုံးပေါ်သို့ ပိမိခဲ့ရာ  သြဂုတ်လ ၁၃ ရက်နေ့ မွန်းလဲပိုင်းအချိန်ထိ သေဆုံးသူ ရုပ်အလောင်း၆၄ လောင်း ရှာဖွေတွေ့ရှိထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly