ဆစ်ဒနီမြို့လယ်မှာ ဓားကိုင်ရမ်းကားသူတစ်ဦးကြောင့် တစ်ဦး သေဆုံး

ဆစ်ဒနီမြို့လယ်မှာ ဓားကိုင်ရမ်းကားသူတစ်ဦးကြောင့် တစ်ဦး သေဆုံး

သြဂုတ် ၁၃ ။            ။ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့လယ်မှာ သြဂုတ် ၁၃ ရက်က ဓားကိုင်ဆောင်ထားသူ အမျိုးသားတစ်ဦးရဲ့ လက်ချက်ကြောင့် လူတစ်ဦး ဓားဒဏ်ရာရ သေဆုံးသွားခဲ့ရပါတယ်။

၎င်း ဓားကိုင်ထားသူဟာ အခြား လူအများအပြားကိုလည်း ဓားနဲ့ လိုက်ထိုးဖို့ ကြိုးစားခဲ့သေးတယ်လို့ သိရပါတယ်။

စိတ်ကျန်းမာရေး ချို့ယွင်းမှု မှတ်တမ်းတစ်ရပ် ရှိထားတဲ့ အသက် ၂၁ နှစ်အရွယ် ဆစ်ဒနီအမျိုးသားတစ်ဦးဟာ  မြို့လယ် အိပ်ယာအဆောက်အအုံတစ်ခုအရှေ့မှာ ၎င်းနှင့် သက်တူရွယ်တူရှိ အမျိုးသမီးတစ်ဦးကို ဓားနဲ့ထိုးသတ်ပြီး မြို့လယ်မှာ လှည့်လည်ရမ်းကားနေခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။

ယင်းနောက် ၎င်း ဓားကိုင်အမျိုးသားကို တာဝန်ရှိသူတွေက နောက်ကနေ လိုက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့ရပါတယ်။

ခုဖြစ်စဉ်ရဲ့ နောက်ကွယ်မှာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပတ်သက်နေခြင်း ရှိမရှိ မသိရသေးကြောင်း နယူးဆောက်ဝေးလ် ရဲမင်းကြီး မစ် ဖူလာက ပြောပါတယ်။

ယင်း ဓားကိုင်ရမ်းကားမှုကြောင့် အသက် ၄၁ နှစ်အရွယ် အခြားအမျိုးသမီးတစ်ဦးလည်း ကျောဘက်မှာ ဒဏ်ရာရသွားပြီး အခြေအနေ စိုးရိမ်နေရတယ်လို့ သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required