သဘာဝဘေးဒဏ်ခံရသော ဒေသများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏နေ့တွက် စရိတ်များ လှူဒါန်း

သဘာဝဘေးဒဏ်ခံရသော ဒေသများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏နေ့တွက် စရိတ်များ လှူဒါန်း

နေပြည်တော်။ သြဂုတ် ၁၃။        ။ သဘာဝဘေး ဒဏ်ခံရသော ဒေသများအတွက် ပြည်ထောင်စုလွှတ်တော်ကိုယ်စားလှယ်များ၏ တစ်နေ့တာနေ့တွက်စရိတ် လှူဒါန်းရန်နှင့် ဝမ်းနည်းကြောင်းအဆိုတစ်ရပ်ကို ပြည်ထောင်စုလွှတ်တော်တွင် အောင်မြေသာဇံမဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက တင်သွင်းခဲ့သည်။

သြဂုတ်လ ၁၃ ရက်နေ့တွင် တင်သွင်းခဲ့သော အထက်ပါအဆိုအတွက် ပြည်ထောင်စုလွှတ်တော်က အတည်ပြုမှတ်တမ်းတင်ခဲ့သည်။

၂၀၁၉ခုနှစ် သြဂုတ်လအတွင်း မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တနင်္သာရီတိုင်းဒေသကြီးတို့မှ သဘာဝဘေးဒဏ်သင့်ခဲ့သည့် ဒေသများအတွက်လှူဒါန်းခြင်းဖြစ်သည်။

ပြည်သူ့လွှတ်တော် ၊ အမျိုးသားလွှတ်တော်နှစ်ရပ်ပေါင်း တစ်နေ့တာနေ့တွက်စရိတ် တစ်ဦးလျှင် ကျပ်၂သောင်း ရရှိသည့် ပမာဏကို လှူဒါန်းခြင်းဖြစ်သည်။

လွှတ်တော် နှစ်ရပ်ပေါင်းတွင် ရွေးကောက်ခံကိုယ်စားလှယ်များ၏ နေ့တွက်တစ်နေ့တာစရိတ် ၂၀၀၀၀ အပါ အဝင် ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ တို့၏ ထည့်ဝင်လှူဒါန်းငွေ စုစုပေါင်း ၂၂၅သိန်း ကို သဘာဝဘေးဒဏ်ခံခဲ့ရသော ဒေသများအတွက် လှူဒါန်းသွားမည်ဟု သိရသည်။

ထို့အပြင် သြဂုတ်လ ၁၃ရက်နေ့တွင် ကျင်းပသော ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ်များ အား လုံးက အဆိုပါဒေသများမှ ဘေးဒဏ်သင့် တိုင်းရင်းသားပြည်သူများနှင့်၊ သေကြေခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း တစ်မိနစ်ငြိမ်သက်ခဲ့ကြသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly