ရေနံများသယ်ယူရာတွင် နိုင်ငံခြားမှထုတ်လုပ်သော ကား များဖြင့်သာ သယ်ယူခွင့်ပြုမည်

ရေနံများသယ်ယူရာတွင် နိုင်ငံခြားမှထုတ်လုပ်သော ကား များဖြင့်သာ သယ်ယူခွင့်ပြုမည်

သြဂုတ် ၁၂ ။         ။ မကွေးတိုင်းအတွင်း ရေနံလုပ်ကွက်များမှ ထွက်ရှိသည့် ရေနံများကို မုံရွာမြို့သို့ ရေနံချက်ရန်သယ်ယူပို့ဆောင်ရာတွင် အန္တရာယ်ကင်းရှင်းနိင်သည့် နိုင်ငံခြားမှထုတ်လုပ်သော ဘောက်ဆာကားများကိုအသုံးပြုရန် ညွန်ကြားထားပြီးဖြစ်ကြောင်း မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါတာအောင်မိုးညိုကပြောသည်။

ရေနံများသယ်ယူရာတွင် နိုင်ငံခြားမှထုတ်လုပ်သော ကား များဖြင့်သာ သယ်ယူခွင့်ပြုမည်ဖြစ်ကြောင်းကို ၂၀၁၉ခုနှစ် ဇန်နဝါရီလကပင် လုပ်ငန်းရှင်များကို အသိပေးခဲ့ပြီး  လုပ်ငန်းရှင်များ၏ တောင်းဆိုမှုကြောင့် ကိုးလ အချိန်ပေးခဲ့သဖြင့်  ၂၀၁၉ခုနှစ် ဒီဇင်ဘာလကုန်မှစပြီး သတ်မှတ်ချက်နှင့် မညီသည့် ရေနံသယ်ယာဉ် ကားများကို ဥပဒေ အတိုင်းအရေးယူသွားမည်ဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောသည်။

“ မကွေးတိုင်းအတွင်းမှာ ရေနံတင်တဲ့ ကား(၈၆)စီးရှိပါတယ်။အဲဒီကားတွေထဲမှာ ဘောက်ချိန်းထားတဲ့ကားတွေကများပြီး (Orginal)ဘောက်ဆာကားက နည်းတယ်။ ဆီသယ်ယာဉ်တွေက အန္တရာယ်ရှိတဲ့အမျိုးအစားတွေဖြစ်တဲ့အတွက် သတ်မှတ်စံချိန်မှီတဲ့(Orginal)ဘောက်ကားတွေနဲ့သာ သယ်ယူမှ အန္တရာယ်ကင်းမှာဖြစ်တယ် “ ဟု မကွေးတိုင်းကုန်လမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာနတိုင်းဦးစီးမှူ း ဦးရဲနိုင်ကပြောသည်။

ဆီသယ်ယာဉ်တွေအနေဖြင့်  ၂၀၁၉ခုနှစ် ၁၂လပိုင်း ၃၁ရက်နေ့နောက်ပိုင်းမှ စပြီး သတ်မှတ်ချက်များနှင့် မညီပါက သယ်ဆောင်ခွင့်မျှောထုတ်ပေးမည် မဟုတ်ပဲ မျှောမပါပဲသယ်ယူပါက တရားမဝင် သတ်မှတ်ပြီး သက်ဆိုင်ရာဥပဒေဖြင့်  အရေးယူမည်ဟု မကွေးတိုင်းဒေသကြီး အစိုးရအဖွဲ့ သဘာဝပတ်ဝန်းကျင် သယံဇာတ၊လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီး ဦးမြင့်ဇော်က ပြောသည်။

“ဆီသယ်ယာဉ်တွေအနေနဲ့ မန္တလေးမှာပြုလုပ်တဲ့ပြည်တွင်းဖြစ်ဘောက်တွေနဲ့ လက်ရှိအများဆုံးသယ်ယူနေတာဖြစ်တယ်။ နိုင်ငံခြားဖြစ်ဆီသယ်ဘောက်ဆာ တစ်ခုကို ကျပ်သန်းတစ်ထောင်ကျော်ဝန်းကျင်ရှိပြီး ပြည်တွင်းဖြစ်မှာ ကျပ်သိန်း ၉၀ ဝန်းကျင်သာရှိပါတယ်။ အဲဒီအတွက်သတ်မှတ်စံချိန်မှီတဲ့ ပြည်တွင်းဖြစ်ဘောက်တွေကိုလည်း သယ်ခွင့်ပြုစေလိုပါတယ်” ဟု  ဆီသယ်ယာဉ်မောင်းတစ်ဦးဖြစ်သည့် ကိုနိုင်လင်းက ပြောသည်။

မကွေးတိုင်းအတွင်း လက်ရှိ ရေနံလုပ်ငန်းရှင်း(၁၄)ဦးရှိပြီး လုပ်ကိုင်ခွင့်လျှောက်ထားဆဲများလည်းရှိကြောင်း နှင့် ရေနံလုပ်ကွက် တစ်ဧကလျှင် သုံးထောင်ကျပ်မှ သုံးသိန်းကျပ်အထိ တိုးမြင့်ကောက်ခံခဲ့သည့်အတွက် လုပ်ငန်းရှင်ဦးရေ လျှော့နည်းသွားသည်ဟု ဝန်ကြီးဦးမြင့်ဇော်က ဆိုသည်။

အစိုးရသစ်လက်ထက်တွင် မကွေးတိုင်းအတွင်း ရေနံလုပ်ငန်းများကို ၂၀၁၆ခုနှစ်ဇွန် ၂ရက်နေ့က စတင်ပြီး အခွန်ကောက်ခံခဲ့့ရာ သုံးနှစ်ကျော်ကာလအတွင်း ကျပ်(၂၀)ဘီလီယံအထိအခွန် ရရှိခဲ့ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုထံက သိရသည်။

တင်ရွှေ(မဇ္ဈိမ

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly