တရုတ် အရှေ့ပိုင်းတွင် တိုင်ဖွန်း လီကီမာကြောင့် သေဆုံးသူဦးရေ ၄၄ ဦးအထိ မြင့်တက်

တရုတ် အရှေ့ပိုင်းတွင် တိုင်ဖွန်း လီကီမာကြောင့် သေဆုံးသူဦးရေ ၄၄ ဦးအထိ မြင့်တက်

သြဂုတ် ၁၂ ။           ။ တရုတ်နိုင်ငံ အရှေ့ပိုင်းမှာ အားပြင်း တိုင်ဖွန်းမုန်တိုင်း လီကီမာ ဝင်ရောက်ဖြတ်သန်း တိုက်ခတ်သွားပြီးနောက် ယခုအခါ သေဆုံးသူဦးရေဟာ ၄၄ ဦးအထိ ရှိသွားပြီ ဖြစ်ကြောင်း နိုင်ငံပိုင်မီဒီယာက သြဂုတ် ၁၂ ရက်မှာ ဖော်ပြပါတယ်။

ယင်း တိုင်ဖွန်းမုန်တိုင်းကြောင့် ဒေသခံ ပြည်သူ တစ်သန်းကျော်တို့ဟာလည်း ဘေးလွတ်ရာကို ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

မုန်တိုင်း ဝင်ရောက်ပြီးနောက်ပိုင်း နိုင်ငံပိုင် CCTV  ရုပ်သံက ထုတ်ဖော်ပြသတဲ့ ဗီဒီယိုပုံရိပ်တွေထဲမှာတော့ ရွှံ့နှစ်ရည်တွေ တင်ကျန်နေရစ်ခဲဲ့တဲ့ ကွင်းပြင်တွေ၊ လမ်းတွေ၊ ရေအောက်မြုပ်နေတဲ့ ကားတွေ၊ ပြန့်ကျဲနေတဲ့ အပျက်အစီးတွေ၊ လဲကျနေတဲ့ သစ်ပင်တွေ ကို တွေ့မြင်ခဲ့ရပါတယ်။

လက်ရှိအချိန်အထိ အနည်းဆုံး လူပေါင်း ၁၆ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ပြီး မုန်တိုင်းကတော့ ပေကျင်းမြို့အနီး ကမ်းရိုးတန်းဘက်ကို ရွေ့လျားသွားခဲ့တယ်လို့ သိရပါတယ်။

ယင်း လီကီမာ မုန်တိုင်းကတော့ သြဂုတ် ၁၀ ရက်က ကျဲကျန်းပြည်နယ်ကို ဝင်ရောက်ခဲ့စဉ်က လေတိုက်နှုန်း တစ်နာရီ မိုင် ၁၂၀ နီးပါးအထိ ရှိခဲ့ပြီး ယင်းပြည်နယ်မှာတင် သေဆုံံးသူဦးရေ ၃၉ ဦးအထိ မြင့်တက်ခဲ့တယ််လို့ ဆိုပါတယ်။

တိုင်ဖွန်း မုန်တိုင်းကြောင့် လေယာဉ် ခရီးစဉ်ပေါင်း ၃,၂၀၀ ကျော်ကို ဖျက်သိမ်းခဲ့ရပြီး ပေကျင်း၊ ရှန်ဟိုင်းနဲ့ အခြား မြို့ကြီးတွေမှာ လေယာဉ်တွေကို မပြေးဆွဲစေဘဲ ရပ်ဆိုင်းထားရတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly