ရေးမြို့နယ် ရေဘေး လူဦးရေ ခြောက်ထောင်ကျော်ကို ကယ်ဆယ်ထား

ရေးမြို့နယ် ရေဘေး လူဦးရေ ခြောက်ထောင်ကျော်ကို ကယ်ဆယ်ထား
ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရေး၊ သြဂုတ်လ ၁၂ ။           ။ မွန်ပြည်နယ် ရေးမြို့နယ်အတွင်း ရေကြီးရေလျံှဖြစ်ပွားမှုကြောင့် ရပ်ကွက်အများစု ရေနှစ်မြုပ်ခဲ့သဖြင့် လူဦးရေ ၆၃၈၀ ကိုကယ်ဆယ်ထားကြောင်း ရေးမြို့နယ် အုပ်ချပ်ရေးမှူး ဦးကံဝင်း က ပြောသည်။

"ရေလွှမ်းမှုဖြစ်တဲ့နေရာမှာ တောင်ကျရေစီးဆင်းမှုကြောင့်ဖြစ်တာ အရင်နှစ်တွေကလည်း ဖြစ်တော့ဖြစ်တယ်။ဒီနှစ်တော့ ထူးထူူးခြားခြား ဖြစ်တယ်။ မြေနိမ့်ပိုင်း တွေဆို ကျောင်းရွာအုပ်စု ကျောက်ပိကျောက်ကျေးရွာအုပ်စု ၉မိုင်အုပ်စု မန်အောင်၊ ကလော့ကျေးရွာအုပ်စု ဟံဂံ ကျေးရွာအုပ်စု တွေပေါ့ရေလွှမ်းတယ်။ နေအိမ်နှစ်ထပ်မှာ အောက်ထပ်မြုပ်တယ်" ဟု အုပ်ချုပ်ရေးမှူး ဦးကံဝင်းက မီဒီယာများကို သြဂုတ်လ ၁၂ ရက် နံနက်ပိုင်းကပြောသည်။

လက်ရှိအချိန်တွင် ရေးမြို့နယ် ရေကြီး မှုကြောင့် ရပ်ကွက် အများစုနှစ်မြုပ်ခဲ့ပြီး လက်ရှိတွင် ကယ်ဆယ်ရေးစခန်း ၁၂ ခုဖွင့်လှစ်ထားရှိကာ အိပ်ထောင်စု ၁၃၂၂ စု မှ လူဦးရေ ၆၃၈၀ ကိုပြောင်းရွှေ့ကယ်ဆယ်ထားသည်။

"ဒီနေ့မနက်မှာ ကားလမ်းတွေသွားလို့ရပါပြီ။ ကျွန်တော်မြို့နယ်မှာ ရေကျပါပြီ ဟံဂံဆိုရင် ရေနှစ်ပေ လောက်ပဲကျန်တော့တယ်။မနေ့ကဖြစ်တဲ့ဟံဂံ ကလော့ကားလမ်း ရေ ကျသွားပြီး ရေတော့ရှိသေးတယ်" ဟု ဦးကံဝင်းကပြောသည်။

ကယ်ဆယ်ရေးအဓိကစခန်းဖြစ် မြို့ပေါ်ရှိ မရမ်းဘုန်ကြီးကျောင်းတွင်အဓိကဖွင့်လှစ်ထားပြီး ထောက်ပံပစ္စည်းများကိုခွဲဝေလှူဒါန်းလျှက် ရှိသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly