အမေရိကန် ဘီလျံနာသူဌေးကြီး အကျဉ်းထောင်အတွင်း သတ်သေမှုဖြစ်စဉ် FBI စုံစမ်းစစ်ဆေးနေ

အမေရိကန် ဘီလျံနာသူဌေးကြီး အကျဉ်းထောင်အတွင်း သတ်သေမှုဖြစ်စဉ် FBI စုံစမ်းစစ်ဆေးနေ

သြဂုတ် ၁၂  ။            ။ အသက်မပြည့်သေးတဲ့ မိန်းကလေးတွေကို လိင်ကုန်ကူးမှု စွဲချက်တွေနဲ့အတူ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမေရိကန် ဘီလျံနာသူဌေး ဂျက်ဖရီ အက်စတိန်း အကျဉ်းထောင်ထဲမှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားမှုဖြစ်ရပ်အပေါ် ယခုအခါ အစိုးရနဲ့ FBI တို့က အားချင်း စုံစမ်းစစ်ဆေးနေလျက် ရှိပါတယ်။

ယင်းဖြစ်ရပ် ပေါ်ပေါက်ပြီးနောက် ခုလို လူသိများတဲ့ အကျဉ်းသားတစ်ဦး ထောင်ထဲမှာ ထိန်းသိမ်းခံထားရင်းနဲ့ ဘယ်လိုဘယ်ပုံ သတ်သေသွားနိုင်ရသလဲ ဆိုတာနဲ့ပတ်သက်လို့ မေးခွန်းတွေနဲ့အတူ အမျက်ဒေါသထွက်မှုတွေလည်း ကျယ်ကျယ်ပြန့်ပြန့် ရှိနေပါတယ်။

သိပ်မကြာခင်ကမှ အက်စတိန်းဟာ ၎င်းကိုယ်ကိုယ် သတ်သေဖို့ ကြိုးပမ်းခဲ့သေးတယ်ဆိုတဲ့အတွက် တကယ်ဆိုရင် ၎င်းဟာ အနီးကပ် စောင့်ကြည့်ခံ အနေအထားမှာ ရှိသင့်ရာကနေ ခုလိုမျိုး သေဆုံးသွားခဲ့မှုအတွက် ထိတ်လန့်တုန်လှုပ်မိကြောင်း နိုင်ငံရေးသမားတွေ၊ ဥပဒေ စိုးမိုးရေး အရာရှိတွေက ထုတ်ဖော်သွားခဲ့ကြပါတယ်။

ယင်းအတွက်ကြောင့် လက်ရှိမှာ ယင်း ဖြစ်စဉ်နဲ့ပတ်သက်လို့ အမေရိကန် အစိုးရနဲ့ FBI တို့က အားချင်း စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ဆိုပါတယ်။

အက်စတိန်းကိုတော့ ပြီးခဲ့တဲ့ သြဂုတ် ၁၀ ရက်က နယူးယော့ခ်ရှိ မက်ထရို ပိုလစ်တန် အကျဉ်းထောင်က ၎င်းရဲ့ အကျဉ်းခန်းထဲမှာ ကိုယ့်ကိုယ်ကိုယ် အဆုံးစီရင်သွားတာဖြစ်တယ်လို့ အမေရိကန် မီဒီယာတွေက ဖော်ပြပါတယ်။

အသက် ၆၆ နှစ်အရွယ် အက်စတိန်းကတော့ နာမည်ကျော် ပုဂ္ဂိုလ်တွေ၊ နိုင်ငံရေးသမား အများအပြားနဲ့ သိကျွမ်းမှု ရှိသူလို့ လူသိများပါတယ်။ လက်ရှိ သမ္မတ ဒေါ်နယ်ထရမ့် ၊ သမ္မတဟောင်း ဘီလ် ကလင်တန်တို့လည်း ၎င်းနဲ့အကြား အဆက်အသွယ် ရှိခဲ့တယ်လို့ သိရပါတယ်။

 

ယခုလို ပုဂ္ဂိုလ်တစ်ဦး အကျဉ်းထောင်မှာ အလွယ်တကူ သတ်သေသွားနိုင်တယ်ဆိုတဲ့ ဖြစ်စဉ်ရဲ့နောက်ကွယ်မှာ လျှို့ဝှက်ကြံစည်မှုတွေ ရှိနေနိုင်သလားဆိုတဲ့ ပြောဆိုချက်တွေလည်း ထွက်ပေါ်နေလျက် ရှိပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly