ရေးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၂၀၀၀ ခန့် ရေဘေးသင့်နေ

12 August 2019
ရေးမြို့နယ်အတွင်း ရေကြီးရေလျှံမှုကြောင့် လူ ၂၀၀၀ ခန့် ရေဘေးသင့်နေ

မွန်ပြည်နယ်၊ ရေးမြို့နယ်အတွင်း သြဂုတ် ၁၀ ရက်နေ့ညပိုင်းက  မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူ တောင်ကျရေ စီးဆင်းမှု ၊ ရေးမြစ်ရေ မြင့်တက် မှုတို့ကြောင့် ရေးမြို့နယ်အတွင်းရှိ အိမ်ခြေ ၁၅၀၀ ခန့် နှင့် လူဦးရေ ၂၀၀၀ ခန့် ရေဘေးသင့်နေကြောင်း သိရသည်။

" ကယ်ဆယ်ရေး ဆင်းလာကြတဲ့အဖွဲ့တွေနဲ့ မြို့ခံအဖွဲ့တွေရယ် ၊ ကျွန်တော်တို့မြို့ခံအဖွဲ့ကတော့ ဆုံမှတ်လုပ်ထားတဲ့နေရာတွေအားလုံးကို ဖြန့်ကျက်ထားတယ်။ အခုလက်ရှိက နေအိမ်ကနေ မထွက်နိုင်တဲ့၊ ပိတ်မိနေတဲ့လူတွေကို ကယ်ဆယ်ရေးစခန်းတွေဆီကို ရောက်အောင်တော့ ခေါ်လာတယ်။ ထမင်းထုပ် တစ်ခေါက်ပို့ပြီးပြီ။ ညနေပိုင်းတစ်ခေါက် ထပ်ပို့ပေးမယ် ။ လက်ရှိက ကျန်တဲ့အဖွဲ့တွေနဲ့ ဆက်သွယ်ပြီးတော့ လုပ်ဆောင်နေပါတယ်” ဟု ရေးမြို့နယ် အရန်မီးသတ်တပ်ဖွဲ့မှာ ခရိုင်မှူး ကိုဘိုဘိုထွန်းက မဇ္စျိမကိုပြောသည်။

ရိုက်ကူး၊ တည်းဖြတ်-သူရ၊ ထွန်းထွန်းဝင်း

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59541

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly