ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရေးအတွက် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်

12 August 2019
ဗစ်တိုးရီးယားအမှု တရားမျှတမှုရရှိရေးအတွက် နေပြည်တော်တွင် ဆန္ဒထုတ်ဖော်

နေပြည်တော်ကောင်စီနယ်မြေ ၊ ပျဉ်းမနားမြို့မှာ ဗစ်တိုးယားအမှုအတွက် တရားမျှတမှုရရှိရေးနှင့်ပတ်သက်ပြီး လူအင်အား ၁၀၀ ခန့်က သြဂုတ် ၁၁ ရက်နေ့ နံနက်ပိုင်းက ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

 အဆိုပါ ဆန္ဒထုတ်ဖော်ပွဲတွင် ဦးဆောင်ပါဝင်ခဲ့သူ ကိုအောင်နိုင်က “ဗစ်တိုးရီးယားကိစ္စနဲ့ပတ်သက်လို့ တရားဥပဒေ မစိုးမိုးဘူး၊ ဥပဒေသည် မမျှတသေးဘူး။ တရားစွဲမဏ္ဍိုင်ပေါ့၊ တရားစွဲတဲ့အဖွဲ့အစည်းသည် တည်ဆောက်မှု အားနည်းတယ်လို့ ကျွန်တော်တို့က သုံးသပ်တယ်။ ဘာကြောင့်လဲဆိုရင် ကျွန်တော်တို့ကတော့ အစားထိုးကြတာလား။ ငွေကြောင့် ငွေနောက်ကို လိုက်ကြတာလား။ အမှန်တရားဆိုတာကို မချစ်မြတ်နိုးတဲ့သူတွေ လုပ်နေကြတာလား၊ ဒါကို ကျွန်တော်တို့က သက်သေတစ်ခုတော့ မြင်ချင်တယ်” ဟု ဆိုသည်။ 

ရိုက်ကူး/တည်းဖြတ် - အောင်မြတ်သူ

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59536
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly