ရိုမေးနီးယားတွင် ပြည်သူထောင်နဲ့ချီ စုဝေးပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြ

ရိုမေးနီးယားတွင် ပြည်သူထောင်နဲ့ချီ စုဝေးပြီး အစိုးရကို ဆန့်ကျင်ဆန္ဒပြ

သြဂုတ် ၁၁ ။          ။ ရိုမေးနီးယားနိုင်ငံ မြို့တော် ဘူခါရက်စ်မှာ ပြည်သူ ထောင်နဲ့ချီ စုရုံးပြီး အစိုးရ ဆန့်ကျင်ဆန္ဒပြပွဲတွေ ပြုလုပ်နေလျက် ရှိပါတယ်။

ဒါဟာ ယမန်နှစ်က ဆန္ဒပြပွဲတစ်ခုအတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ အကြမ်းနည်းနဲ့ နှိမ်နင်းမှု ဖြစ်ရပ် ပေါ်ပေါက်ခဲ့ပြီး တစ်နှစ်တင်းတင်းပြည့်ချိန်မှာ ခုလို အစိုးရ ဆန့်ကျင် ဆန္ဒပြပွဲ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

သြဂုတ်လ ၁၀ ရက်က မြို့တော် ဘူခါရက်စ်မှာ ပြည်သူထောင်နဲ့ချီတို့ စုဝေးပြီး လက်ရှိ အစိုးရ နုတ်ထွက်ရေး တောင်းဆိုခဲ့ကြပါတယ်။

ယခုတစ်ကြိမ် ဆန္ဒပြမှုကိုတော့ ပြည်ပမှာ အလုပ်လုပ်ကိုင်နေကြတဲ့ ရိုမေးနီးယား နိုင်ငံသားတစ်စုက ဦးဆောင်စီစဉ်ခဲ့တာဖြစ်ပါတယ်။

၎င်းတို့ရဲ့ အဆိုအရ နိုင်ငံမှာ အကျင့်ပျက်ခြစားမှုတွေ ဖြစ်ပေါ်နေခြင်း၊ အစိုးရအုပ်ချုပ်ရေး ယန္တရားမှာ အားနည်းမှုဖြစ်ပေါ်နေခြင်း၊ နိုင်ငံရဲ့ တရားစီရင်မှုစနစ် အားနည်းအောင် အာဏာရပါတီက ကြိုးပမ်းနေခြင်း စတဲ့ ဖြစ်ရပ်တွေအပေါ် ဆန့်ကျင်လိုတဲ့အနေနဲ့ ခုလို ဆန္ဒပြပွဲတစ်ရပ်ကို စီစဉ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags