တန်ဇန်းနီးယား ဆီတင်ကား တိမ်းမှောက်ပေါက်ကွဲမှု လူ ၆၀ ကျော် သေဆုံး

တန်ဇန်းနီးယား ဆီတင်ကား တိမ်းမှောက်ပေါက်ကွဲမှု လူ ၆၀ ကျော် သေဆုံး

သြဂုတ် ၁၁ ။            ။ တန်ဇန်းနီးယားနိုင်ငံမှာ သြဂုတ် ၁၀ ရက်က လောင်စာဆီ တင်ဆောင်လာတဲ့ ကားတစ်စီး တိမ်းမှောက် ပေါက်ကွဲခဲ့တဲ့အတွက် လူပေါင်း ၆၄ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ယင်းဖြစ်စဉ်မှာ ဆီတင်ကား တိမ်းမှောက်ချိန် ဖိတ်ကျလာတဲ့ ဆီတွေကို အနီးအနားက လူတွေလာရောက်စုပြုံ သယ်ယူကြစဉ်အတွင်း ပေါက်ကွဲမှုဖြစ်ကာ ယခုကဲ့သို့ လူအများအပြား သေဆုံးသွားခဲ့ခြင်း ဖြစ်ပါတယ်။

နိုင်ငံရဲ့ စီးပွားရေး မြို့တော် ဒါ အက်စ် ဆယ်လမ် ရဲ့ အနောက်ဘက် မိုရိုဂိုရိုမြို့ အနီးမှာ ယင်း ဆီတင်ကား ပေါက်ကွဲမှုဖြစ်စဉ် ပေါ်ပေါက်ခဲ့ခြင်း ဖြစ်ပါတယ်။

“ ခုလက်ရှိမှာတော့ သေဆုံးသူ ၆၄ ဦး ရှိပါတယ်” လို့ မိုရိုဂိုရို အုပ်ချုပ်ရေးမှူး စတီဖင် ကီဘူးက ပြောသွားပါတယ်။

ယခု တန်ဇန်းနီးယား ဖြစ်စဉ်ကတော့ အာဖရိကဒေသမှာ နောက်ဆုံး ပေါ်ပေါက်လာခဲ့တဲ့ ဘေးဒုက္ခဆိုးတစ်ခုလည်း ဖြစ်လာခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly