အိန္ဒိယ မုတ်သုံရာသီ ရေကြီးမှုအတွင်း လူပေါင်း ၁၀၀ ထက်မနည်း သေ

အိန္ဒိယ မုတ်သုံရာသီ ရေကြီးမှုအတွင်း လူပေါင်း ၁၀၀ ထက်မနည်း သေ

သြဂုတ် ၁၁ ။             ။ အိန္ဒိယနိုင်ငံမှာ မုတ်သုံရာသီ ရေကြီးရေလျှံမှုများကြောင့် အနည်းဆုံး လူပေါင်း ၁၀၀ ခန့် သေဆုံးခဲ့ကာ အခြား လူထောင်ပေါင်းများစွာ ဘေးလွတ်ရာရွှေ့ပြောင်းခဲ့ကြရကြောင်း အာဏာပိုင်တွေက ပြောပါတယ်။

နိုင်ငံတောင်ပိုင်းက ကာရာလာ ပြည်နယ်ကတော့ အဆိုးရွားဆုံး ရေလွှမ်းမိုးမှုဒဏ် ခံနေခဲ့ရသလို လာမယ့် ရက်တွေမှာလည်း မိုးကြီးဦးမယ်လို့လည်း ခန့်မှန်းထားပါတယ်။

ကာရာလာ ပြည်နယ်တွင်းက ရေလွှမ်းမိုးမှုအတွင်း ပိတ်မိနေတဲ့ ကျေးရွာတွေဆီ ရောက်ရှိနိုင်ဖို့အတွက် ကယ်ဆယ်ရေးအထူးအဖွဲ့တွေ ဖွဲ့ပြီး လိုအပ်တဲ့ အစားအစာ အကူအညီတွေ ပေးဖို့အတွက် အစိုးရက စစ်တပ်ကို ညွန်ကြားထားပါတယ်။

ကာရာလာ ပြည်နယ်က ရေကြီးမှုတွေကြောင့် သြဂုတ် ၈ ရက်နောက်ပိုင်း အနည်းဆုံး လူ ၄၈ ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ပြည်နယ် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့် ရှိသူ ပရာမော့ဒ် ခူးမားက အေအက်ဖ်ပီကို ပြောပါတယ်။

အနီးအနားက ကာနာတာကာ  ပြည်နယ်မှာလည်း ရေလွှမ်းမိုးမှုတွေကြောင့် အနည်းဆုံး လူ ၂၄ ဦး သေပြီး အခြား ကိုးဦးခန့် ပျောက်ဆုံးနေတယ်လို့ သိရပါတယ်။

ဒါ့အပြင် နိုင်ငံအနောက်ပိုင်းက မဟာရက်ရှ်ထရာ ပြည်နယ်နဲ့ ဂူဂျာရတ်ပြည်နယ်တို့မှာလည်း ရေကြီးမှုတွေ ဖြစ်ပေါ်နေတယ်လို့ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly