ဂျေရုဆလင်တွင် အစ္စရေးရဲများကို ပါလက်စတိုင်းတို့က ဓားဖြင့် ထိုးခုတ်တိုက်ခိုက်

ဂျေရုဆလင်တွင် အစ္စရေးရဲများကို ပါလက်စတိုင်းတို့က ဓားဖြင့် ထိုးခုတ်တိုက်ခိုက်

အစ္စရေးနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း ဓားထိုးမှုများဖြစ်ပွားနေရာ ယခုနောက်ဆုံးအမှုအဖြင့် အစ္စရေးရဲနှစ်ဦး ဓားထိုးခံရကာ သေဆုံးခဲ့သည်။

ဂျေရုဆလင်မြို့ရှိ ရဲဌာနချုပ်အနီးတွင် ဓားထိုးမှုတစ်မှုဖြစ်၍ ရဲတစ်ဦးဒဏ်ရာရရှိကာ နောက်ထပ်ဓားထိုးမှုမှာ ဂျေရုဆလင်မြို့ဟောင်းဖက်တွင် ဖြစ်ပွားခြင်းဖြစ်ကာ ယင်းဓားထိုးမှုတွင် အထိုးခံရသည့် ရဲကို အသက်ကယ်နိုင်သော်လည်း ဒဏ်ရာဆိုးဝါးလွန်းသည်ဟု ရဲဌာနက ပြောသည်။

ဓားထိုးမှုကျုးလွန်သူနှစ်ဦးစလုံးအား ပစ်ခတ်ဖမ်းဆီးရာ တစ်ဦးသေဆုံးပြီး အခြားတစ်ဦး ဒဏ်ရာရခဲ့သည်။

အစ္စရေးတွင် အစ္စရေးများအား ပါလက်စတိုင်းတို့က ဓားဖြင့် ထိုးခုတ်တိုက်ခိုက်မှုများဖြစ်ပွားလျက်ရှိပြီး အစ္စရေးတစ်ဦး ဓားဖြင့်တိုက်ခိုက်ခြင်းကို ပြန်လည်လက်စားချေသည့် တိုက်ခိုက်မှုများဖြစ်နိုင်သည်။

ပဋိပက္ခများ စတင်လောင်မြိုက်ချိန်မှစကာ အစ္စရေးလေးဦး၊ တိုက်ခိုက်သူများအပါအဝင် ပါလက်စတိုင်းဒါဇင်ကျော် သေဆုံးခဲ့ပြီဖြစ်သည်။

Ref ; BBC

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required