တရုတ်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း လီကီမာ ဝင်ရောက်တိုက်ခိုက်၍ လူ ၁၃ ဦး သေဆုံး

တရုတ်နိုင်ငံမှာ တိုင်ဖုန်းမုန်တိုင်း လီကီမာ ဝင်ရောက်တိုက်ခိုက်၍ လူ ၁၃ ဦး သေဆုံး

ပေကျင်း၊ သြဂုတ် ၁၀ ။        ။ တရုတ်နိုင်ငံ ရှန်ဟိုင်း တောင်ဖက်ကမ်းရိုးတန်းမှာ လီကီမာ တိုင်ဖုန်းမုန်တိုင်း  စနေနေ့မှာ ဝင်ရောက်တိုက်ခိုက်မှာ နေအိမ်တွေ သစ်ပင်တွေ ပြိုကျပြီး လူ ၁၃ ဦး သေဆုံးပါတယ်။

ကျိကျန်းပြည်နယ် ကုန်းတွင်းပိုင်းဆီ ဒေသစံတော်ချိန် စနေနေ့ နံနက် ၁ နာရီ ၄၅ မိနစ်မှာ ဝင်ရောက်တဲ့ ဒီ တိုင်ဖုန်းမုန်တိုင်းအတွင်း ပျောက်ဆုံးနေသူ ၁၆ ဦး ရှိပါတယ်။

လက်ရှိအထိ ပြိုကျတဲ့ အိမ်ပေါင်း ၂၀၀ ကျော် ရှိပြီး အိမ်အလုံးပေါင်း ၃၂၀၀ ပျက်စီကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။

မုန်တိုင်း မဝင်ရောက်ခင်ကတည်းက ဘေးလွတ်ရာ ရွှေ့ပြောင်းသူ တစ်သန်းကျော်ထက်မနည်းရှိပြီး ရှန်ဟိုင်းမြို့မှာဆိုရင်  နှစ်သိန်းခွဲကျော် မုန်တိုင်းရှောင် ရွှေ့ပြောင်းကြောင်း ရှင်ဟွာသတင်းက ဖော်ပြပါတယ်။

တိုင်ဖုန်းမုန်တိုင်း လီကီမာဟာ အစောပိုင်းက စူပါတိုင်ဖုန်းအဖြစ်ကနေ အားပျော့သွားပြီ ဖြစ်ပေမယ့် လေတိုက်နှုန်း တစ်နာရီ ၁၈၇ ကီလိုမီတာနှုန်း ရှိနေဆဲဖြစ်ကြောင်း ရိုက်တာသတင်းက ဖော်ပြပါတယ်။

လေယာဉ်ခရီးစဉ် ၂၀၀၀ ကျော်နဲ့ ရထားဝန်ဆောင်မှု အချို့ ပယ်ဖျက်ထားကြောင်း နိုင်ငံပိုင်သတင်းက ဖော်ပြပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly