ကမ္ဘာ့လူကြည့်အများဆုံး ဘောလုံးကလပ်အသင်း ဝက်ဘ်ဆိုက်အဖြစ် ရီးယဲလ်အသင်း (၃)နှစ်ဆက် ရပ်တည်

ကမ္ဘာ့လူကြည့်အများဆုံး ဘောလုံးကလပ်အသင်း ဝက်ဘ်ဆိုက်အဖြစ် ရီးယဲလ်အသင်း (၃)နှစ်ဆက် ရပ်တည်
Photo: EPA

ရီယဲလ်မက်ဒရစ်အသင်းရဲ့တရားဝင် ဝက်ဘ်ဆိုက်ဟာ ကမ္ဘာပေါ်မှာ လူကြည့်အများဆုံး ဘောလုံးကလပ်အသင်း ဝက်ဘ်ဆိုက်အဖြစ် (၃)နှစ်ဆက်တိုက် ရပ်တည်နိုင်ခဲ့တယ်လို့ သိရပါတယ်။

Comscore ကုမ္ပဏီရဲ့ ဖော်ချက်အရ Realmadrid.com ဟာ ကမ္ဘာတစ်ဝန်းမှ ကြည့်ရှုသူ ၂,၉၅၀,၀၀၀ (unique users) ဦး ရှိနေတယ်လို့ သိရပါတယ်။

အခုလို ပရိသတ်အကြည့်အများဆုံး ဝက်ဘ်ဆိုက်ဖြစ်လာရတဲ့ ရလဒ်တွေဟာ ရီးယဲလ်အသင်းရဲ့ ဒစ်ဂျစ်တယ် အသွင်ကူးပြောင်းဖို့ ကလပ်အသင်းရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ကြီးမားတဲ့ သက်ရောက်မှုတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

ရီးယဲလ်အသင်းရဲ့ နောက် လီဗာပူလ်းအသင်းရဲ့ ဝက်ဘ်ဆိုက်က ပရိသတ်ကြည့်ရှုသူ (၉၂၅,၀၀၀)ဦးအဖြစ် ဒုတိယနေရာမှာ ရပ်တည်နေပြီး မန်ယူအသင်းက (၅၄၁,၀၀၀)ဦးနဲ့ တတိယနေရာမှာ ရှိနေပါတယ်။

ကမ္ဘာတစ်ဝန်း ပရိသတ်ကြည့်ရှုမှုအများဆုံး ထိပ်ဆုံး (၁၀) သင်းစာရင်းမှာ ပရီးမီးယားလိဂ်မှ (၅)သင်းနဲ့ အများဆုံးပါဝင်ထားပြီး လီဗာပူးလ်၊ မန်ယူ၊ အာဆင်နယ်၊ စပါး၊ မန်စီးတီးတို့ ပါဝင်နေပါတယ်။

ဒါပေမယ့်လည်း မန်စီးတီးက ထိပ်ဆုံး (၁၀)သင်းစာရင်းမှာ အောက်ဆုံးမှာသာ ရပ်တည်ခဲ့တာဖြစ်ပြီး လာလီဂါအသင်းကြီး ဘာစီလိုနာကလည်း အဆင့် (၆)မှာသာ ရပ်တည်ခဲ့ပါတယ်။

ဘာစီလိုနာနောက်မှာတော့ အာဆင်နယ်၊ စပါး၊ ပီအက်စ်ဂျီတို့က အစဉ်လိုက်ရပ်တည်ခဲ့ကြပါတယ်။

POSITION CLUB JUNE 2019 (unique visitors) 
1 REAL MADRID 2,950,000
2 LIVERPOOL 925,000
3 MANCHESTER UNITED 541,000
4 BAYERN MUNICH 533,000
5 JUVENTUS 486,000
6 F. C. BARCELONA 462,000
7 ARSENAL 327,000
8 TOTTENHAM 288,000
9 PSG 276,000
10 MANCHESTER CITY 185,000

Ref; Real Madrid

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly