ဟောင်ကောင်လေဆိပ်မှာ သုံးရက်တာ ထိုင်သပိတ် ဆင်နွှဲ

ဟောင်ကောင်လေဆိပ်မှာ သုံးရက်တာ ထိုင်သပိတ် ဆင်နွှဲ

ဟောင်ကောင်၊ သြဂုတ် ၁၀ ။         ။ တရုတ်ရဲ့ ကိုယ်ပိုင် တစ်စိတ်တစ်ဒေသ အုပ်ချုပ်ခွင့်ရ ဟောင်ကောင်ဒေသရဲ့ နိုင်ငံရေး အကျပ်အတည်းဆိုက်နေတာကို နိုင်ငံတကာ ခရီးသွားဧည့်သည်တွေ သတိထားမိအောင် ရည်ရွယ်ပြီး ဟောင်ကောင်လေဆိပ်မှာ ဆန္ဒပြသူတွေဟာ သုံးရက်တာ ထိုင်သပိတ်ကို သောကြာနေ့က စတင်ဆင်နွှဲပါတယ်။

“ဆိုးသွမ်းတဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေး နိုင်ထက််စီးနင်း ပြုကျင့်မှုကနေ ဟောင်ကောင်ကို ကယ်တင်ပါ။”ဆိုတဲ့ ဆိုင်းဘုတ်တွေ ကိုင််ဆောင်ထားကြတဲ့ တက်ကြွလှုပ်ရှားသူတွေဟာ သောကြာနေ့ နေ့လယ်ပိုင်းမှာ ဟောင်ကောင်အပြည်ပြည်ဆိုင်ရာလေဆိပ် ဆိုက်ရောက်ခန်းမမှာ စုရုံးသပိတ်မှောက်ကြတာပါ။

ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း ဟောင်ကောင်ဆန္ဒပြသူတွေကို မျက်ရည်ယိုဓာတ်ငွေ့တွေနဲ့ ရဲက လူစုခွဲဖြိုခွင်းတာတွေကို ရည်ညွှန်းပြီး တစ်ချို့ ထိုင်သပိတ်ဆင်နွှဲသူတွေဟာ “ဟောင်ကောင်ရဲ့ ခရိုင် ၁၃ ခရိုင်စလုံးမှာ မျက်ရည်ယိုဓာတ်ငွေ့ကို သုံးဆောင်နိုင်ပါတယ်။”ဆိုတဲ့ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပါတယ်။

အင်တာနက်သုံးစွဲသူတွေကြား စည််းရုံးလှုံ့ဆော်မှုနဲ့ လေဆိပ်ခရီးသည််တွေကို လူတစ်သောင်းက ဆီးကြိုခြင်းအဖြစ် ခုလို လေဆိပ်မှာ စုရုံးဆန္ဒပြမှုကို ဆင်နွှဲတာပါ။

အခု လေဆိပ်က ဆန္ဒပြပွဲဟာ ဟောင်ကောင်အစိုးရရဲ့ တရားခံလွှဲပြောင်းပေးအပ်တဲ့ ဥပဒေကြမ်း ပြဌာန်းဖို့ လုပ်ဆောင်ခဲ့တဲ့ ဇွန်လနောက်ပိုင်းမှာ ဒုတိယမြောက် လေဆိပ်သပိတ်ပဲ ဖြစ်ပါတယ်။

ဟောင်ကောင်အာဏာပိုင်တွေဟာ တရုတ်ဆီ တရားခံလွှဲပြောင်းပေးတဲ့ ဥပဒေကြမ်းကို ပြဌာန်းဖို့ လုပ်ဆောင်ရာမှာ ဆန္ဒပြမှုတွေ အနှံ့အပြား ပေါ်ပေါက်ခဲ့ပြီး အစိုးရက ဥပဒေကြမ်းကို ဖျက်သိမ်းလိုက်ပေမယ့် အစိုးရဆန့်ကျင်တဲ့ ဒီမိုကရေစီ ဆန္ဒပြပွဲတွေ ဆက်လက်ဖြစ်ပွားနေတော့တာ ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly