Pan ဇာတ်ကား အမေရိကန် ရုပ်ရှင်ဇယားတွင် အောင်မြင်မှု မရရှိခဲ့ဘဲ The Martian ဇာတ်ကားက ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်

Pan ဇာတ်ကား အမေရိကန် ရုပ်ရှင်ဇယားတွင် အောင်မြင်မှု မရရှိခဲ့ဘဲ The Martian ဇာတ်ကားက ထိပ်ဆုံးတွင် ဆက်လက် ရပ်တည်

လော့စ်အိန်ဂျလိစ်၊ အောက်တိုဘာ ၁၂ ။         ။ Pan ဇာတ်ကားကို ယခုသီတင်းပတ်က အမေရိကန် ရုပ်ရှင်ရုံများတွင် ထုတ်လွှင့်ပြသခဲ့ရာ ပွဲဦးထွက်တွင် အမေရိကန်ဒေါ်လာ ၁၅ ဒသမ ၅ သန်း ရရှိခဲ့ပြီး တတိယနေရာတွင် ရပ်တည်လျက် ရှိသည်။

စိတ်ကူးယဉ်ဆန် ပုံပြင်များအကြောင်းကို ပြန်ပြောင်းပြောသည့် ပုံစံဖြင့် ရိုက်ကူးထားသည့် Pan ဇာတ်ကားတွင် ပီတာပန်အဖြစ် မျက်နှာသစ် သရုပ်ဆောင်မင်းသား လီဗ်မီလာက ပါဝင်သရုပ်ဆောင်ထားပြီး ကပ်ပတိန်းဘလက်ခ် ဘရက်ဒ်အဖြစ် ဟူဂျက်မန်က ပါဝင် သရုပ်ဆောင်ထားသည်။

Pan ဇာတ်ကားကို ဒါရိုက်တာ ဂျိုးရိုက်က ရိုက်ကူးထားကြောင်းနှင့် အမေရိကန်ဒေါ်လာ သန်း ၁၅၀ အကုန်ကျခံ ရိုက်ကူးထားသော်လည်း ကြည့်ရှုသူ ၂၃ ရာခိုင်နှုန်းသာ ရှိခဲ့ပြီး အဆိုရွားဆုံး ဝေဖန် ချက်များ သာရရှိခဲ့သည်။

Pan ဇာတ်ကားကို ယခုသီတင်းပတ်ကုန်က အမေရိကန်နိုင်ငံရှိ ရုပ်ရှင်ရုံပေါင်း ၃၅၀၀ ကျော် တွင် ပြသခဲ့ကြောင်းနှင့် ရုပ်ရှင်ထုတ်လုပ်ရေး ကုမ္ပဏီ Warner Brosက အကောင်းဆုံး ရလဒ်များ ရရှိမည် ဟုမျှော်မှန်ထားသော်လည်း  မျှော်မှန်းထာသည့်အတိုင်း ဖြစ်မလာခဲ့ပေ။

မင်းသား မက်ဒါမွန် ပါဝင် သရုပ်ဆောင်ထားသော The Martian ဇာတ်ကားသည် ဒုတိယသီ တင်းပတ် ကုန်အထိ  ရုပ်ရှင်ဇယားတွင် ထိပ်ဆုံးမှ ရပ်တည်လျက်ရှိပြီး ဒုတိယ သီတင်းပတ်တွင် ၃၂ ရာခိုင်နှုန်း သာကျဆင်းခဲ့ပြီး အမေရိကန်ဒေါ်လာ ၃၇ သန်းကို ရယူနိုင်ခဲ့သည့်အပြင် ပြည်တွင်းဝင်ငွေ စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၀၈ ဒသမ ၇ သန်းကို ရရှိခဲ့သည်။

အဆိုပါ ဇာတ်ကားသည် ပြည်ပမှ ဝင်ငွေများရရှိမှု ဆက်လက် အားကောင်းနေပြီး တောင်ကိုရီးယားနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၁၂ ဒသမ ၁ သန်း ရရှိခဲ့သည်။ Hotel Transylvania ဇာတ်ကားသည် တတိယ သီတင်းပတ်ကုန်တွင် အမေရိကန်ဒေါ်လာ ၂၀ ဒသမ ၃ သန်း ရရှိခဲ့ပြီး ပြည်တွင်းဝင်ငွေ စုစုပေါင်း ၁၁၆ ဒသမ ၈ သန်း ရရှိထားကာ ဇယား၏ ဒုတိယနေရာတွင် ရပ်တည်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly