ONE ဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထူးခြားသည့် စွမ်းဆောင်ရည်ဖြင့် ဆက်ထိန်းနိုင်ခဲ့သော Martin Nguyen

ONE ဖယ်သာဝိတ် ကမ္ဘာ့ချန်ပီယံခါးပတ်ကို ထူးခြားသည့် စွမ်းဆောင်ရည်ဖြင့် ဆက်ထိန်းနိုင်ခဲ့သော Martin Nguyen

ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံ Martin “The Situ-Asian” Nguyen သည် ဖိလစ်ပိုင်နိုင်ငံ၊ မနီလာမြို့၌ ကျင်းပခဲ့သော ONE: DAWN OF HEROES ပြိုင်ပွဲကြီးတွင် အကောင်းဆုံးစွမ်းဆောင်ရည်ကိုပြသကာ ၎င်း၏ချန်ပီယံခါးပတ်ကို ကာကွယ်နိုင်ခဲ့သည်။

အသက် ၃၀ အရွယ် ဗီယက်နမ်-သြစတြေးလျကပြား Martin သည် စိန်ခေါ်သူ ဂျပန်ကိုယ်ခံပညာ သိုင်းပေါင်းစုံအားကစားသမား Koyomi “Moushigo” Matsushima ၏ နပန်းတိုက်စစ်ဗျူဟာကို တိုက်ကွမ်ဒိုနည်းဗျူဟာဖြင့် ခံစစ်ပြုလုပ်ကာ ပြင်းထန်အားပါသော လက်သီးထိုး ချက်များဖြင့် အောင်ပွဲခံနိုင်ခဲ့ခြင်းဖြစ်သည်။

Martin သည် ပြိုင်ဘက်ဖြစ်သူ၏ နပမ်းတိုက်ကွက်ဗျူဟာကို အကောင်းဆုံးရပ်တန့်ကာ အနိုင်ယူခဲ့ခြင်းဖြစ်ပြီး ONE ဖယ်သာဝိတ်တန်း တွင် အကောင်းဆုံး ကစားသမားဆိုသည်ကို သက်သေပြနိုင်ခဲ့သည်။ ပွဲစသည်နှင့် ဂျပန်နိုင်ငံ့ဂုဏ်ဆောင် Matsushima သည် တိုက်ကွမ် ဒိုကစားကွက်ကိုခင်းကျင်းကာ လက်ရှိချန်ပီယံ Martin ကို ရင်ဆိုင်ခဲ့သည်။

Matsushima သည် တိုက်ကွမ်ဒိုကစားကွက်ဗျူဟာအပြင် နပမ်းတိုက်ကွက်ဖြင့်လည်း Martin ကို ဖိအားတောက်လျှောက်ပေးခဲ့သည်။ သို့သော်လည်း ပထမအချီ ပြီးဆုံးခါနီးတွင် Martin က ခြေကန်ချက်များသုံးကာ တိုက်စစ်ဆင်ခဲ့ပြီး ပြင်းထန်အားပါသော လက်သီးချက် ထိုးချက်က Matsushima ၏ မေးရိုးကို ထိမှန်ခဲ့သည်။

Martin သည် ဂျပန်ကိုယ်ခံပညာ သိုင်းပေါင်းစုံ အားကစားသမား၏ တိုက်ကွမ်ဒိုနည်းဗျူဟာကို အကောင်းဆုံး ရင်ဆိုင်နိုင်ပြီးနောက် ပွဲအား ထိန်းချုပ်နိုင်ပြီဆိုသည်ကို သိရှိခဲ့သည်။ ဒုတိယအချီတွင် အကောင်းဆုံးလက်ရည်ဖြင့် Matsushima ကို အသာစီးမှ ယှဉ်ပြိုင်ထိုးသတ်နိုင်ခဲ့သည်။

ဒုတိယအချီတွင် Matsushima ၏ တိုက်ကွမ်ဒိုကန်ချက်က Martin ကို နာကျင်စေခဲ့သော်လည်း လက်ရှိချန်ပီယံ သြစတြေးလျနိုင်ငံ့ဂုဏ် ဆောင် ကစားသမားက ပြင်းထန်အားပါသော ညာလက်သီး ၃ ချက်ထိုးကာ ပြန်လည်တုံ့ပြန်နိုင်ခဲ့သည်။ ပြင်းထန်အားပါသော ညာလက် သီးချက်များက Matsushima ကို ထိရှစေသည်ကို သိရှိရပြီးနောက် ပွဲအား ထိန်းချုပ်နိုင်ပြီဆိုသည်ကို Martin သတိပြုမိခဲ့သည်။

၎င်း၏ ဒူးပျံတိုက်ချက်များက ပစ်မှတ်ကို မထိသော်လည်း Matsushima အခက်တွေ့နေသည်ကို Martin က သိရှိကာ လက်သီးထိုးချက် များ၊ ခြေကန်ချက်များဖြင့် ပြိုင်ဘက်ဖြစ်သူကို တိုက်ခိုက်ခဲ့သည်။ ဒုတိယအချီ ပြီးဆုံးခါနီးတွင် Martin က ညာခြေကန်ချက်၏နောက် တစ်ဆက်တည်းဆိုသလို အကာအကွယ်မဲ့နေသော Matsushima ၏မျက်နှာကို ဘယ်လက်သီးတစ်လုံး ထိုးနှက်လိုက်ချိန်တွင်တော့ ဂျ ပန်ကိုယ်ခံပညာ သိုင်းပေါင်းစုံ ကစားသမားမှာ ပြိုလဲလုနီးပါးဖြစ်သွားခဲ့သည်။

သို့သော်လည်း မြေပြင်ချုပ်ကွက်ဖြင့်တိုက်ခိုက်ရန် Martin ၏ခြေထောက်နှစ်ဖက်ရန် ကြိုးစားခဲ့သော်လည်း ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံက အချုပ်မခံဘဲ အပေါ်စီးမှနေ၍ လက်သီးထိုးချက်များဖြင့် အဆက်မပြတ် တိုက်ခိုက်ခဲ့သည်။ ညာလက်သီးများဖြင့် တရ စပ်တိုက်ခိုက်နေချိန်တွင် Matsushima မှာ ကာကွယ်နိုင်စွမ်းမရှိသောကြောင့် ကြိုးဝိုင်းဒိုင်လူကြီးက ဒုတိယအချီပြီးဆုံးရန် စက္ကန့် ၂၀ သာလိုချိန်၌ Martin ကို ဒိုင်ပွဲရပ် အနိုင်ပေးခဲ့သည်။

ONE ဖယ်သာဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်ကို ၃ ကြိမ်တိုင်တိုင် ကာကွယ်ထားနိုင်သော Martin က နောက်ပြိုင်ပွဲတွင် ONE လိုက်ဝိတ် ကမ္ဘာ့ချန်ပီယံ Christian “The Warrior” Lee နှင့် ယှဉ်ပြိုင်လိုသည်ဟု Matsushima ကို အနိုင်ရခဲ့သောပွဲအပြီး၌ ပြောသည်။ ၎င်းတို့မှာ ၂၀၁၆၊ ၂၀၁၈ ခုနှစ်များတွင် နှစ်ကြိမ်ရင်ဆိုင်ခဲ့ဖူးပြီး နှစ်ကြိမ်စလုံး Martin က အနိုင်ရထားသည်။

Martin ၏ နောက်ထပ်ပွဲစဉ်မှာ Christian Lee နှင့် ယှဉ်ပြိုင်ဖြစ်ဖို့များနေပြီး အကယ်၍ ထိုတွဲဆိုင်းသာ အမှန်တကယ်ဖြစ်မြောက်လာပါ  က ၎င်းတို့၏ တတိယအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုက ပရိသတ်များအား ဖျော်ဖြေမှုအပြည့် ပေးစွမ်းနိုင်မည်က သေချာနေသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required