အာဆီယံ ယူ-၁၈ ပြိုင်ပွဲ တွင် မြန်မာအသင်းက လာအိုအသင်းကို ဂိုးပြတ် အနိုင်ရ

အာဆီယံ ယူ-၁၈ ပြိုင်ပွဲ တွင် မြန်မာအသင်းက လာအိုအသင်းကို ဂိုးပြတ် အနိုင်ရ
ဓာတ်ပုံ- မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်

ရန်ကုန်၊ သြဂုတ်လ ၆ ။         ။ အာဆီယံဘောလုံးအဖွဲ့ချုပ်၏ ယူ-၁၈ ပြိုင်ပွဲ (AFF U18 NEXT MEDIA Cup 2019 ) ကို ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့တွင် သြဂုတ်လ ၆ ရက်နေ့ မွန်းလွဲပိုင်းက ကျင်းပခဲ့ရာ မြန်မာအသင်းမှ လာအိုအသင်းကို သုံးဂိုးတစ်ဂိုးဖြင့် ဂိုးပြတ် အနိုင်ရရှိခဲ့သည်။

အဆိုပါပွဲစဉ်တွင် မြန်မာအသင်းအတွက် ဂိုးများကို ပထမပိုင်း ၂၈မိနစ်တွင် စောကျော်အဲနှင့် ၃၆ မိနစ်တွင် ဝေယံစိုးတို့ကသွင်းယူခဲ့ပြီး ဒုတိယပိုင်း ၄၉မိနစ်တွင် လာအိုအသင်းက ခြေပဂိုး ပြန်လည်သွင်းယူခဲ့သည်။

မြန်မာအသင်းအတွက် တတိယဂိုးကို မိနစ် ၉ဝတွင် ဇော်ဝင်းသိန်းကသွင်းယူခဲ့ပြီးပွဲအပြီးတွင် မြန်မာအသင်းက သုံးဂိုးတစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ခြင်း ဖြစ်သည်။

မြန်မာ ယူ ၁၈ အသင်းအနေဖြင့် လာအိုအသင်းဘက်သို့ ကစားကွက်အသာ ခြေစွမ်းအသာဖြင့် ကစားနိုင်ခဲ့ပြီး သြဂုတ်လ ၈ရက်နေ့တွင် ဖိလစ်ပိုင်အသင်းနှင့် ဆက်လက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

မြန်မာယူ ၁၈ အသင်းသည် AFF U18 NEXT MEDIA Cup 2019 ပြိုင်ပွဲ၏ အုပ်စု (က) တွင် အင်ဒိုနီးရှား ၊ လာအို ၊ တီမော၊ ဖိလစ်ပိုင် ၊ ဘရူနိုင်း အသင်းတို့ ဖြင့် ကျရောက်နေသည်။မြန်မာယူ ၁၈ အသင်း ပါဝင် ယှဉ်ပြိုင်နေသော ပွဲစဉ်အားလုံးကို CANAL + Sport Channel မှ တိုက်ရိုက် ထုတ်လွှင့်ပြသွားမည်လည်း ဖြစ်သည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly