မန္တလေးရောက် ရှမ်းတိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကူညီပေးမည်ဟုဆို

မန္တလေးရောက် ရှမ်းတိုင်းရင်းသားများအတွက် အလုပ်အကိုင်အခွင့်အလမ်းများ ကူညီပေးမည်ဟုဆို
(ဓာတ်ပုံ၊ကိုကိုအောင်၊မဇ္ဈိမ)

မန္တလေး၊ သြဂုတ် ၆ ။                    ။ မန္တလေးတိုင်းဒေသကြီးအတွင်းနေထိုင်သည့် ရှမ်းတိုင်းရင်းသားများအပါအဝင် အခြားတိုင်းရင်းသားများ အတွက် အလုပ်အကိုင်အခွင့်အလမ်းများနှင့်သက်မွေးပညာ သင်တန်းများအပါအဝင် လိုအပ်သည်များကို ကူညီပေးသွားမည်ဟု မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၊ရှမ်းတိုင်းရင်းသားလူမျိုးရေးရာ ဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောသည်။

သြဂုတ်လ ၆ ရက်၊နံနက် ၁၀ နာရီက မန္တလေးမြို့ ၃၅လမ်း၊၆၆လမ်းနှင့်၆၈လမ်းကြားရှိ ရှမ်းသာရေး နာရေး အသင်းတွင်ပြုလုပ်သည့် မန္တလေးမြို့၌ နေထိုင်သော ရှမ်းတိုင်းရင်းသားများနှင့်တွေ့ဆုံပွဲတွင် ရှမ်းတိုင်းရင်းသား လူမျိုးရေးရာဝန်ကြီး ဦးစိုင်းပန်းဆိုင်က ပြောခဲ့ခြင်းဖြစ်သည်။

"ဒီမှာရောက်ရှိနေတဲ့ ရှမ်းတိုင်းရင်းသားတင်မကပါဘူး။ကျန်တဲ့တိုင်းရင်းသားလူငယ်များကိုလည်း အလုပ်အကိုင် အခွင့်အလမ်းနဲ့ပတ်သက်ပြီးတော့ သော်လည်ကောင်း သင်တန်းနဲ့ပတ်သက်ပြီးသော်လည်ကောင်း ကျွန်တော် တို့နဲ့ လာရောက်ပြီး ဆွေးနွေးနိုင်ပါတယ်။ ကျွန်တော်တို့ဖြည့်ဆည်းပေးမယ်။ တိုင်းဒေသကြီးအစိုးရ အဖွဲ့နဲ့ ညှိုနှိုင်း ဆောင်ရွက်ပေးမယ်။"ဟု ဦးစိုင်းပန်းဆိုင်က ပြောသည်။
လက်ရှိတွင် တိုင်းရင်းသားလူငယ်များ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန်အတွက် တိုင်းရင်းသားပေါင်စုံ ကို ဆုထူးပန်ကုမ္ပဏီမှ ယခုနှစ်မှစတင်ကာ အသက်မွေးမှုပညာများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်ဟု ဦးစိုင်းပန်းဆိုင်ကဆိုသည်။

"တိုင်းရင်းသားလူငယ်များအနေနဲ့လည်း အဓိက အနှောက်အယှက်ဖြစ်နေတဲ့ ကိစ္စ မူးယစ်ဆေးဝါး ပြဿနာပဲ။ ဒီလိုမျိုးကိစ္စကတော့ ကျွန်တော်တို့ တိုင်းရင်းသား လူငယ်များမှာလည်း တစ်ဖက်တစ်လမ်းက ပညာရေး အရ သော်လည်းကောင်း စီးပွားရေးအရသော်လည်းကောင်း ကျွန်တော်တို့ ခက်ခဲနေတယ်။ တိုင်းရင်းသားတွေ ကလည်း မူးယစ်ဆေးဝါးကိစ္စကိုပဲ ကျွန်တော်တို့က သွားပြီး သုံးစွဲမိမယ်ဆိုရင် ကျွန်တော်တို့ တိုင်းရင်းသား လူငယ်များအတွက် အများကြီးနစ်နာပါတယ်။"ဟု ဦးစိုင်းပန်းဆိုင်ကပြောသည်။

တိုင်းရင်းသားလူငယ်များအနေဖြင့် အလုပ်အကိုင်အခွင့်အလမ်း မရရှိသေးခင်အချိန်တွင် စာရိတ္တမပျက်စီး မယိုယွင်းစေရန်အတွက် ကိုယ့်ကိုယ်ကိုယ် ထိန်းသိမ်းနေထိုင်းရန်လည်း ဦးစိုင်းပန်းဆိုင်က တိုက်တွန်း ပြောကြားသည်။

မန္တလေးတိုင်းဒေသကြီးတွင် ရှမ်းတိုင်းရင်းသား ခုနှစ်သောင်းကျော်ရှိပြီး လာမည့် ရွေးကောက်ပွဲသည် ယှဉ်ပြိုင်မှု ပြင်းထန်မည်ဖြစ်သောကြောင့် သွေးမအေးကြရန်လည်း ဦးစိုင်းပန်းဆိုင်က ထည့်သွင်းပြောဆိုခဲ့သည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly