7 July အထိမ်းအမှတ်အနေဖြင့် ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော ချီတက်အလေးပြုမှုတွင် အစိုးရမှ ကျောင်းသား ခေါင်းဆောင်များကို တရားစွဲခြင်းအပေါ် မတရားပြုလုပ်သည်ဟု ယူဆသောကြောင့် တက္ကသိုလ်နှင့် ကောလိပ် များမှ ကျောင်းသားသမဂ္ဂများစုပေါင်းကာ ၂၀၁၉ ခုနှစ်၊သြဂုတ် ၅ ရက်၊နံနက်ပိုင်းက စစ်ကိုင်းမြို့ရှိ၊ ဗိုလ်ချုပ် ကြေးရုပ် မှစတင်ကာ လမ်းလျှောက်ချီတက်ဆန္ဒပြခဲ့ကြသည်။
အဆိုပါဆန္ဒထုတ်ဖော်မှုတွင် စစ်ကိုင်းပညာရေးတက္ကသိုလ် ကျောင်းသားများသမဂ္ဂ၊ ဗကသများအဖွဲ့ချုပ်၊ စစ်ကိုင်း၊ မန္တလေး၊မုံရွာ၊လားရိုး၊ဖားအံ ပညာရေးကောလိပ်မှ ကျောင်းသားသမဂ္ဂများပါဝင်ခဲ့ပြီး တရားစွဲဆို ခံထားရသောကျောင်းသား ၈ ယောက်အား ချက်ချင်းပြန်လွှတ်ပေးရန်နှင့်လွတ်လပ်စွာ စုဝေးခွင့်၊ ဆန္ဒထုတ်ဖော် ခွင့် တို့ကို ကြွေးကြော်တောင်းဆိုခဲ့ကြသည်။
7 July အထိမ်းအမှတ်အနေဖြင့် ကျောင်းပေါင်းစုံမှသမဂ္ဂပေါင်းစုံစုပေါင်းကာ ရန်ကုန်မြို့တွင်ပြုလုပ်ခဲ့သော ချီတက်အလေးပြုမှုတွင် သီရိကျော်၊မင်းသွေးသစ်၊စိုင်းသုဝဏ်၊ ခန့်မင်းထက်၊ မင်းဟန်ထက်၊ ဇင်မင်းဖြိုး၊ ဝေယံဖြိုးမိုးနှင့် သူရလင်းတို့ တရားစွဲခံထားရကြောင်းသိရသည်။
ရိုက်ကူး- ဘိုဘို(မဇ္စျိမ)