ကျူးကျော်များကို ကျပ်သိန်း ၃၀ တန် တိုက်ခန်းများ ရောင်းချပေးရန် စီစဉ်နေ

05 August 2019
ကျူးကျော်များကို ကျပ်သိန်း ၃၀ တန် တိုက်ခန်းများ ရောင်းချပေးရန် စီစဉ်နေ

"ရန်ကုန်တိုင်းဒေသအတွင်းမှာရှိတဲ့ လယ်ယာမြေတွေကို မြို့ပြအဖြစ် ပုံဖော်ခဲ့ပြီး ကွက်လပ်တွေအဖြစ် ကျန်နေတဲ့နေရာတွေကို ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ နေရေးအခက်အခဲဖြစ်နေတဲ့ ကျူးကျော် နေထိုင်နေသူတွေကို စနစ်တကျစီမံခန့်ခွဲပေးနိုင်ဖို့ ဖြစ်ပါတယ်။ မြေ လေးဧက ငါး ဧကလောက်ရှိတဲ့ အကွက်တစ်ခုကို ခြံစည်းရိုးခတ်ပြီး အခြေခံအဆောက်အဦးတွေ တည်ဆောက်ပြီး ကျူးကျော်နေထိုင်နေတဲ့သူ၊ စမတ်ကတ် ကောက်ယူထားတဲ့သူ၊ အမှန်တကယ် နေရေးအခက်အခဲရှိနေတဲ့သူတွေကို နှစ်ခန်းတွဲအိမ်လေး တွေ ဆောက်ပေးနိုင်ဖို့ ဖြစ်ပါတယ်။ ဒီအိမ်တွေကို နေထိုင်မယ့်သူတွေကနေ အသေးစားချေးငွေနဲ့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ မြေကိုတော့ အစိုးရက ထည့်ဝေပေးမှာဖြစ်ပါတယ်။ ဒီမြေတွေကို ကွန်မြူနီတီပိုင် အဖြစ်နဲ့ ထားရှိမှာ ဖြစ်တဲ့အတွက် ဒီနေရာမှာ နေထိုင်တဲ့သူတွေဟာ သူတို့အတွက် တည်ဆောက်ပေးထားတဲ့ အဆောက်အဦးတွေကို ရောင်းချခြင်း၊ ပေါင်းနှံခြင်း၊ လွှဲပြောင်းပိုင်ခွင့် မရှိပါဘူး။ သူတို့ကို နေရေးအဆင်ပြေ အောင်သာ ဆောင်ရွက်ပေးမှာ ဖြစ်ပါတယ် " 

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59374

ရိုက်ကူး/တည်းဖြတ် - ကရိုင်နူးရာ
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly