အင်္ဂလိပ်ရေလက်ကြားကို flyboard စီးပြီး အောင်မြင်စွာ ဖြတ်ကျော်ပျံသန်းပြနိုင်ခဲ့သည့် ပြင်သစ် လူစွန့်စား

အင်္ဂလိပ်ရေလက်ကြားကို flyboard စီးပြီး အောင်မြင်စွာ ဖြတ်ကျော်ပျံသန်းပြနိုင်ခဲ့သည့် ပြင်သစ် လူစွန့်စား

သြဂုတ် ၄ ။            ။ ပြင်သစ် စွန့်ဦးတီထွင်သူ ဖရန်ကီ ဇာပါတာဟာ ၎င်းကိုယ်တိုင်  တီထွင်ထားတဲ့ flyboard (မိုးပျံ စကိတ်ဘုတ်ပြားစက်) ကို စီးနင်းပြီး အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ကျော်ပျံသန်းပြတဲ့ ကြိုးပမ်းမှုကတော့ အောင်မြင်သွားခဲ့ကြောင်း သိရပါတယ်။

ဖရန်ကီ ဇာပါတာတော့ သြဂုတ် ၄ ရက်မှာပဲ ၎င်းရဲ့ ဂျက်အင်ဂျင်သုံး လေပေါ်ပျံ စကိတ်ဘုတ်ပြားစက်ကို စီးပြီး ရေလက်ကြားကို ဖြတ်ကျော် ပျံသန်းနိုင်ခဲ့ကာ သတ်မှတ်ပန်းတိုင်ဖြစ်တဲ့ ဗြိတိန်နိုင်ငံဘက်ကို အောင်အောင်မြင်မြင်နဲ့ ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။

၎င်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၅ ရက်တုန်းကလည်း ယင်း flyboard နဲ့အတူ အဆိုပါ ရေလက်ကြားကို ဖြတ်ပျံဖို့ တစ်ကြိမ် ကြိုးပမ်းခဲ့ပေမယ့် လမ်းခရီးတစ်ဝက် ဆီဖြည့်မှုမှာ လွဲချော်သွားခဲ့တဲ့အတွက် မအောင်မြင်ဘဲ ရေထဲ ပြုတ်ကျခဲ့ရတာဖြစ်ပါတယ်။

ယင်း ကြိုးပမ်းမှု မအောင်မြင်ခဲ့ပေမယ့် လက်မလျှော့ဘဲ ယခုတစ်ကြိမ် ထပ်ကြိုးစားခဲ့ရာမှာ အောင်မြင်သွားခဲ့တာဖြစ်ပါတယ်။

အသက် ၄၀ အရွယ် ဖရန်ကီ ဇာပါတာကတော့ ၎င်းရဲဲ့ flyboard နဲ့အတူ ပြင်သစ်နိုင်ငံ မြောက်ဘက်ကမ်းရိုးတန်းက ဆန်ဂါတီမြို့ကနေ စတင်ထွက်ခွာလာခဲ့ပြီး  မိနစ် ၂၀ ကြာ ပျံသန်းကာ ပန်းတိုင်ဖြစ်တဲ့ အင်္ဂလန် တောင်ပိုင်း ကမ်းရိုးတန်းက ဒိုဗာမြို့အနီး စိန့် မာဂရက် ပင်လယ်အော် သတ်မှတ်နေရာမှာ ဆင်းသက်နိုင်ခဲ့တာဖြစ်ပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required