ဘင်္ဂလားဒေ့ရှ် ခေါင်းချင်းဆက် အမွှာကို ဟန်ဂေရီ ဆရာဝန်များ ခွဲစိတ်ပေး

ဘင်္ဂလားဒေ့ရှ် ခေါင်းချင်းဆက် အမွှာကို ဟန်ဂေရီ ဆရာဝန်များ ခွဲစိတ်ပေး

သြဂုတ် ၄ ။          ။ ဘင်္ဂလားဒေ့့ရှ်က သုံးနှစ်အရွယ် ခေါင်းချင်းဆက် အမွှာညီအမ နှစ်ဦးကို ယခုအခါ ဟန်ဂေရီက ခွဲစိတ်အထူးကုဆရာဝန်ကြီးတွေက အောင်မြင်စွာ ခွဲစိတ်ပေးနိုင်ခဲ့ပြီးနောက် ယခုအခါ ၎င်းအမွှာညီအမဟာ တစ်ဖြည်းဖြည်းချင်း  သက်သာကောင်းမွန်လာနေပြီ ဖြစ်တယ်လို့ သိရပါတယ်။

သြဂုတ် ၁ ရက်က ဒါကာမြို့ ဆေးရုံတစ်ခုမှာ ရာဘီယာနဲ့ ရာကူယာ အမည်ရ ခေါင်းချင်းဆက် အမွှာရဲ့ ဦးခေါင်းခွံနဲ့ ဦးနှောက်တို့ကို သီးခြားဖြစ်စေဖို့အတွက် ဆရာဝန်တွေအနေနဲ့ နာရီပေါင်း ၃၀ ကျော်ကြာ ခွဲစိတ်ပေးခဲ့ရပါတယ်။

၎င်း ဘင်္ဂလားဒေ့ရှ် ခေါင်းချင်းဆက် အမွှာကတော့ ခန့်မှန်းခြေအားဖြင့် ကလေး အယောက်ပေါင်း ၅ သန်းကနေ ခြောက်သန်းအနက် တစ်ဦးမှာသာ တွေ့ရတတ်တဲ့ ရှားရှားပါးပါး သန္ဓေသားလောင်းဆိုင်ရာ မူမမှန်မှုကို ခံစားခဲ့ရတယ်လို့ ဆိုပါတယ်။

“ အပြီးသတ် ခွဲစိတ်မှုအပြီး သူတို့ အခြေအနေ ပြန်တည်ငြိမ်လာနေပါပြီ” လို့ ခွဲစိတ်မှုကို လုပ်ဆောင်ခဲ့တဲ့ အဖွဲ့ဖြစ်တဲ့ ADPF (ခုခံကာကွယ်နိုင်စွမ်းမဲဲ့ ပြည်သူများကို  အကူအညီပေးရေး ဖောင်ဒေးရှင်း) က ဆရာဝန်တစ်ဦးဖြစ်တဲ့ အန်ဒရာစ် ဆိုကေးက ပြောသွားပါတယ်။

“ ခု ဆို ဆရာဝန်တွေက ကျွန်တော့် ကလေးတွေကို ခွဲစိတ်ပေးလိုက်ပြီ၊ ခု သူတို့ကို ကျွန်တော်ကိုယ်တိုင် တွေ့ခဲ့ပြီးပါပြီ။ သူတို့ ခုချိန်မှာ အခြေအနေကောင်းနေပါတယ်” လို့ ယင်း အမွှာရဲ့ ဖခင်ဖြစ်တဲ့ ရာဖီကွီ အစ္စလမ်က ပြောသွားပါတယ်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly