ဧရာဝတီတိုင်းအတွင်း H1N1 သံသယရှိသူတစ်ဦး သေဆုံး

04 August 2019
ဧရာဝတီတိုင်းအတွင်း H1N1 သံသယရှိသူတစ်ဦး သေဆုံး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ဆေးရုံ တွင် သြဂုတ်လ ၂ရက်နေ့၌ H1N1 သံသယရှိသူတစ်ဦး သေဆုံး ခဲ့ကြောင်း တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

“ရာသီတုပ်ကွေးလို ့သတ်မှတ်ထားပြီးလည်းဖြစ်တယ်။ ဒါနဲ ့ပတ်သက်ပြီးတော့ ကျန်တဲ့ ရောဂါအခံမရှိဘူးဆိုရင် ဆေးရုံပေါ်မှာ ၅ရက်လောက်တက်ပြီးရင်ပြန်ကောင်းသွားပြီး ဆေးရုံဆင်းရပါတယ်။ ရောဂါအခံရှိသူတွေ သတိထားဖို့ပေါ့။ ရာသီတုပ်ကွေးဖြစ်လို ့နှစ်စဉ်နှစ်တိုင်း ဒီလ ဒီရာသီ ဘယ်နှစ်မဆို ဂရုစိုက်ရမယ့်ဟာ ဖြစ်တယ်။ အသက်ကြီးတဲ ့သူ တုံ့ပြန်ဆောင်ရွက်တဲ့သူ၊သူနဲ ့ပတ်ဝန်ကျင်မှာထိတွေ ့တဲ့သူတွေကို ကာကွယ်ဆေး ထိုးပေး နေပါတယ်”ဟု ဧရာဝတီတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွန်ကြားရေးမှူး ဒေါက်တာ ဖေအောင်ကပြောသည်။

ဧရာဝတီတိုင်းဒေသကြီးတွင် သြဂုတ်လ၂ရက်နေ ့အထိ H1N1စစ်ဆေးသူပေါင်းရ၂ယောက်ရှိပြီး၊ရောဂါပိုးတွေ ့ သူ၃၆ဦး ရှိခဲ့ကြောင်း ထိုထဲမှ ရောဂါအခံရှိသူ ၅ဦးသေဆုံးခဲ့ကြောင်းသိရသည်။သြဂုတ်လ ၂ရက်နေ့တွင် သေဆုံးခဲ့သူနှင့် ပတ်သက်၍ H1N1 ရှိမရှိ သိနိုင်ရန် အမျိုးသားဓာတ်ခွဲခန်းသို့ ပေးပို့ကာ စစ်ဆေးနေကြောင်း သိရသည်။ 

ရိုက်ကူး- စည်သူမောင်မောင်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly