လက်စတာမှ မက်ဂွိုင်းယားကို ပေါင် (၈၅)သန်းနဲ့ ခေါ်ယူဖို့ မန်ယူ သဘောတူညီ၊ ဗန်ဒိုက်နောက်ပိုင်း ကမ္ဘာ့စျေးအကြီးဆုံး နောက်ခံလူဖြစ်လာ

လက်စတာမှ မက်ဂွိုင်းယားကို ပေါင် (၈၅)သန်းနဲ့ ခေါ်ယူဖို့ မန်ယူ သဘောတူညီ၊ ဗန်ဒိုက်နောက်ပိုင်း ကမ္ဘာ့စျေးအကြီးဆုံး နောက်ခံလူဖြစ်လာ
Photo: EPA

မန်ချက်စတာယူနိုက်တက်အသင်းဟာ လက်စတာအသင်းမှ အင်္ဂလန်ခံစစ်မှူး ဟယ်ရီ မက်ဂွိုင်းယားကို နောက်ခံလူတစ်ဦးအတွက် ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင် (၈၅) သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပါတယ်။

စာချုပ်ပါသဘောတူညီချက်အရ မန်ယူအသင်းဟာ ပေါင်သန်း (၈၀)ကို အရင်ပေးချေသွားမှာဖြစ်ပြီး နောက်ထပ် (၅)သန်းကို စာချုပ်ပါအချက်အတိုင်း ဆုကြေးသဘောမျိုး ပေးချေသွားမယ်လို့ သိရပါတယ်။

အဆိုပါပြောင်းရွှေ့ကြေး ပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလတုန်းက လီဗာပူးလ်တို့ ဗန်ဒိုက်ကို ခေါ်ယူခဲ့စဉ်က သုံးစွဲခံတဲ့ ပေါင် (၇၅)သန်း စံချိန်ကို ချိုးဖျက်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

အသက် (၂၆)နှစ်အရွယ် မက်ဂွိုင်းရားဟာမန်ယူရဲ့ လက်ရှိအပြောင်းအရွှေ့စျေးကွက်ကာလမှာ တတိယမြောက်ခေါ်ယူမှုလည်းဖြစ်သလို အပြီးသတ်စာချုပ်ဖို့အတွက် ယနေ့ (သို့) မနက်ဖြန် ကလပ်အသင်းမှာ ဆေးစစ်မှုပြုလုပ်သွားမယ်လို့ မျှော်လင့်ရပါတယ်။

မက်ဂွိုင်းယားဟာ ၂၀၁၇ ခုနှစ်က ဟားလ်စီးတီးအသင်းမှ လက်စတာအသင်းကို ပြောင်းရွှေ့ခဲ့ပြီး အသင်းအတွက် ပရီးမီးယားလိဂ် ပွဲပေါင်း (၆၉)ပွဲ ကစားခဲ့ပါတတယ်။

သူဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက စွမ်းဆောင်ရည်ပိုင်းမှာလည်း မန်ယူအသင်း ခံစစ်ကစားသမားတွေဖြစ်တဲ့ လင်ဒီလော့ဖ်၊ စမောလင်း၊ ဖီးလ်ဂျုံးစ်၊ ဘိုင်းလီတို့ထက် ပိုမိုသလွန်ခဲ့တယ်လို့ Opta အရ သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly