ပါကစ္စတန်၊ ကရာချိမြို့မှာ ရေလွှမ်းမိုးမှုတွေကြောင့် လူ ၁၂ ဦး သေဆုံး

ပါကစ္စတန်၊ ကရာချိမြို့မှာ ရေလွှမ်းမိုးမှုတွေကြောင့် လူ ၁၂ ဦး သေဆုံး

ကရာချိ၊ သြဂုတ် ၁ ။           ။ ပါကစ္စတန်နိုင်ငံ ကရာချိမြို့မှာ မုတ်သုံမိုး သည်းထန်စွာ ရွာသွန်းပြီးနောက်မှာ မြို့နေတွေဟာ ရေကြီးရေလွှမ်းမိုးဒဏ်ကို ရင်ဆိုင်ခံစားနေရပါတယ်။

အဲဒီ သဘာဝဘေး ရေကြီးမှုအတွင်းမှာ သေဆုံးသူ ၁၂ ဦး ရှိပြီး လျှပ်စစ်မီးတွေလည်း ပြတ်တောက်နေပါတယ်။

တနင်္လာနေ့က စတင်တဲ့ ရေကြီးမှုဟာ နောက်တစ်နေ့အထိ ဆိုးဝါးစွာ ဖြစ်ပွားပြီး ဗုဒ္ဓဟူးနေ့မှာတော့ သေဆုံးသူ ၁၂ ဦးအထိ ရှိလာကာ အာဏာပိုင်တွေက စာသင်ကျောင်းတွေကို ပိတ်ခိုင်းထားပါတယ်။

သေဆုံးသူအများစုက ရေထဲကို ဓာတ်ကြိုးပြတ်ကျလို့ ဓာတ်လိုက်ပြီး သေဆုံးကြတာ အများစု ဖြစ်တယ်လို့ မြို့ရဲ့ ဂျင်နက်ဆေးရုံက ဆရာဝန် ဆီမီဂျာမာလီက ပြောပါတယ်။

လာမယ့်သီတင်းပတ်အထိ မိုးသည်းထန်စွာ ရွာသွန်းဦးမယ်လို့ မိုးလေဝသဌာနက ခန့်မှန်းထားပါတယ််။

ပါကစ္စတန််နိုင်ငံက မြို့တော်တော်များများဟာ နှစ်စဉ် ရေကြီးမှုဒဏ်ကို မုတ်သုံရာသီတိုင်း ခံစားကြုံတွေ့ရတာ ဖြစ်ပါတယ်။

စီမံကိန်းညံ့ဖျင်းမှုတွေကြောင့် ခုလို ဇူလိုင်ကနေ စက်တင်ဘာ မုတ်သုံရာသီတွေတိုင်း ရေကြီးမှုတွေ ကြုံတွေ့ခံစားရတာဖြစ်တယ်လို့ ဝေဖန်မှုတွေလည်း ရှိနေပါတယ်။
 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required