အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ ထိပ်သီးအစည်းအဝေး စတင်

အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဘန်ကောက်မှာ ထိပ်သီးအစည်းအဝေး စတင်

ဘန်ကောက်၊ ဇူလိုင် ၃၁ ။           ။ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေက နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဇူလိုင် ၃၁ ရက်မှာ ထိပ်သီးအစည်းအဝေးတစ်ရပ်ကို စတင်ကျင်းပလျက် ရှိပါတယ်။

အဲဒီ အစည်းအဝေးမှာ ဆွေးနွေးမယ့် ကိစ္စရပ်တွေမှာ တောင်တရုတ်ပင်လယ်က ဖြစ်ပွားနေဆဲ ရေပိုင်နက် အငြင်းပွားမှုတွေနဲ့ ကုန်သွယ်ရေးတင်းမာမှုတွေကိုလည်း အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

အာဆီယံ နိုင်ငံခြားရေးဝန်ကြီးတွေဟာ စနေနေ့အထိ စည်းဝေးတွေ့ဆုံကြမှာ ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပဲယို၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝန်ယီနဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျေးလက်ရော့ဗ် တို့အပြင် သြစတြေးလျ၊ နယူးဇီလန်၊ ဂျပန်၊ ပီရူးနဲ့ ဥရောပသမဂ္ဂက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ပါ တွေ့ဆုံစည်းဝေးသွားဖို့ ရှိပါတယ်။

ဗြိတိန်နိုင်ငံက အသစ်ခန့်အပ်ခံရတဲ့ နိုင်ငံခြားရေးဝန်ကြီး ဒိုမနစ်ရတ်ဘ်ကလည်း အခုနှစ်မှာ အာဆီယံအလှည့်ကျဥက္ကဌအဖြစ် တာဝန်ယူရတဲ့ ထိုင်းနိုင်ငံမှာ စီးပွားရေးအခွင့်အလမ်းသစ်တွေကို ရှာဖွေလိမ့်မှာ ဖြစ်ပါတယ်။
အီးယူကနေ ဗြိတိန်နုတ်ထွက်တဲ့ ဘရတ်ဇစ်အရေး ကြုံကြိုက်နေဆဲအချိန်မှာပဲ ဗြိတိန်နိုင်ငံဟာ ထိုင်းနိုင်ငံနဲ့ သံတမန်ဆက်ဆံရေး ခိုင်မာရေးကို ကြိုးစားမှာ ဖြစ်ပါတယ်။

အာဆီယံဒေသမှာ တာရှည်ခိုင်မာတဲ့ ဖွံ့ဖြိုးရေးနဲ့ ယုံကြည်မှု၊ လေးစားမှု၊ အပြန်အလှန်နားလည်မှုတွေကနေ ဒေသလုံခြုံရေးကို တည်ဆောက်သွားနိုင်ရေးမှာ ပြည်ပမဟာမိတ်တွေနဲ့ ပူးပေါင်းဆွေးနွေးမှုတွေက အရေးကြီးကြောင်း ထိပ်သီးအစည်းအဝေးရဲ့ အဖွင့်မိန့်ခွန်းမှာ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက အလေးပေး ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required