မြန်မာနိုင်ငံက ကြွေးမြီထောင်ချောက်ထဲ ကျရောက်နိုင်လား၊ ဘယ်သူပြောတာ အတည်ပြုရမှာလဲ

မြန်မာနိုင်ငံက ကြွေးမြီထောင်ချောက်ထဲ ကျရောက်နိုင်လား၊ ဘယ်သူပြောတာ အတည်ပြုရမှာလဲ

(Advertorial)
ယခုနှစ်ပိုင်းတွင် မြန်မာအစိုးရသည် ငြိမ်းချမ်းရေးနှင့် စီးပွားရေးအောင်မြင်ဖြစ်ထွန်းခြင်းကို အဓိက လုပ်ငန်းဆောင်တာအဖြစ် အားစိုက်ဆောင်ရွက်နေပြီး အခြေခံအဆောက်အအုံတည်ဆောက်ခြင်းကို အရှိန်အဟုန်ဖြင့် ဆောင်ရွက်ခြင်း၊ လုပ်အားအခြေပြုလုပ်ငန်းဖွံ့ဖြိုးခြင်း၊ အလုပ်အကိုင်အခွင့်အလမ်း များစွာဖန်တီးခြင်းမှတစ်ဆင့် အလုပ်ရရှိမှုနှုန်းတိုးလာပြီး နိုင်ငံတော်စီးပွားရေးတိုးမြှင့်ခြင်းအတွက် တွန်းအားပေးကာ ပြည်သူပြည်သားများ၏ နေထိုင်မှုအရည်အသွေးကိုလည်း တိုးမြှင့်နိုင်ရန် ဆန္ဒရှိနေ သည်။ အဆိုပါပန်းတိုင်များကို ထိရောက်အောင်မြင်စေရန် မြန်မာနိုင်ငံသည်လည်း ဖွံ့ဖြိုးဆဲနိုင်ငံများစွာ ကဲ့သို့ နိုင်ငံခြားငွေကြေးချေးငွေလိုအပ်ပါသည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုခေါ်ယူရာတွင် ကြွေးချေးစား ဆိုင်ရာရေးရာသည်လည်း ဖြတ်ကျော်စရာမဖြစ်နိုင်သော ရေးရာတစ်ခုဖြစ်ပါသည်။ သို့ရာတွင် ယခုအခါ အချို့သောပြည်သူပြည်သားများသည် “ကြွေးမြီ”ဟူသော ဝေါဟာရအပေါ် ပြင်းပြစွာအာရုံထား စိတ်ဝင်စားနေသည်။ ထို့အတူ အချို့သောတာဝန်မခံသည့်ဌာနနှင့် မီဒီယာများ၏ အတည်မပြုနိုင်သော ကောလာဟလစကားများကို တောင်စဉ်ရေမရ ပြောဆိုခြင်းများကြောင့် အရာရှိများနှင့် ပြည်သူပြည်သား များအား စိုးရိမ်ပူပန်မှုကို ဖြစ်ပေါ်စေသည်။ “မြန်မာနိုင်ငံက ကြွေးမြီထောင်ချောက်အတွင်းသို့ အမှန် တကယ် ကျရောက်နိုင်မလား ?”

ကြွေးမြီရေးရာကိုကြည့်ပါက စဉ်းစားတွေးခေါ်တတ်သည့် ဉာဏ်ပညာ လိုအပ်ပြီး ပကတိအခြေ အနေမှန်ကို မြင်တတ်ဖို့လိုသည်။ တကယ်တမ်းပြောရမည်ဆိုရင် စီးပွားရေးဖွံ့ဖြိုးတိုးတက်ရာတွင် အခြေခံအဆောက်အအုံသည် ဖွံ့ဖြိုးဆဲနိုင်ငံများ စီးပွားရေးအောင်မြင်ဖြစ်ထွန်းခြင်း၏ အင်ဂျင်ဖြစ်ပါက ကြွေးမြီရယူငွေစုခြင်းသည် အင်ဂျင်လည်ပတ်ရန် လောင်စာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ဖွံ့ဖြိုးဆဲနိုင်ငံများစွာသည် အခြေခံအဆောက်အအုံက အလွန်အမင်းချို့တဲ့သောအခက်အခဲကို ကြုံတွေ့ နေသော်လည်း လုံလောက်သော တည်ဆောက်ရန် ငွေကြေးမရှိပါ။ ထို့ကြောင့် ချေးငွေကို မှီခိုရမည်။ နောက်တစ်ဖက်မှာ ကြွေးမြီအလွန်များပြားလျှင် စီးပွားရေးအတွက် ဆိုးကျိုးထိခိုက်မှုကိုသာ ဖြစ်ပေါ်စေ သည်။ သို့ရာတွင် “ကြွေးမြီအလွန်များပြားခြင်း”နှင့်“ကြွေးမြီထောင်ချောက်”သည် တူသယောင် နှင့်မတူပါ။

ယေဘုယျအားဖြင့် “ကြွေးမြီအလွန်များပြားခြင်း” ဆိုသည်မှာ ငွေချေးသူသည် ချေးငွေ အများ အပြား ရယူထားခြင်းသာဖြစ်သည်။ “ကြွေးမြီထောင်ချောက်”၏ မူလအဓိပ္ပာယ်သည် ငွေချေးသူက အကျိုးအမြတ်အချို့၏ ဖြားယောင်းသွေးဆောင်မှုကို ခံခဲ့ရသောကြောင့် မသင့်တော်သည့်ကြွေးမြီကို လက်ခံပြီး ကာလပတ်ကြာရှည်သော ကြွေးမြီနွံအတွင်းနစ်ကာ ရုန်းထွက်ရန်ခက်ခဲခြင်းဖြစ်သည်။

သို့ရာတွင် မြန်မာနိုင်ငံ၌ ကြုံတွေ့နေရသည်မှာ မူလအဓိပ္ပာယ်ဖြစ်သော“ကြွေးမြီထောင်ချောက်”နှင့် အနည်းငယ်ကွာခြားသည်။ သေသေချာချာပြောရလျှင် “ကြွေးမြီထောင်ချောက်ပုံစံ သံတမန်ဆက်ဆံ ရေး”ဖြစ်သည်။ ဥပမာ - ကျောက်ဖြူရေနက်ဆိပ်ကမ်းစီမံကိန်းကို ကြည့်မည်ဆိုပါက ကျောက်ဖြူ ရေနက်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်ရာတွင် “ရပ်ဝန်းတစ်ခု၊ လမ်းကြောင်းတစ်သွယ်” အဆိုပြုချက်ကို တက်ကြွစွာ ဆောင်ရွက်နေသော တရုတ်သည် အပြစ်တင်မှုများစွာ ကြုံတွေ့ခဲ့ရပါသည်။ တရုတ်နိုင်ငံက “ကြွေးမြီထောင်ချောက်”ဖြင့် မြန်မာနိုင်ငံ အစရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများအား အချုပ်အခြာအာဏာပိုင်မှု ကို အတင်းအကျပ်ရွှေ့ပြောင်းပေးစေပြီး ယင်းမှတစ်ဆင့် မဟာဗျူဟာနှင့်နိုင်ငံရေးအကျိုးကို အရယူ သည်ဟု လူပုဂ္ဂိုလ်အချို့နှင့် ဌာနအချို့သည် စွပ်စွဲပြောကြား ကြသည်။

မြန်မာပြည်သူပြည်သားများ၏ ရှုထောင့်မှကြည့်ပါက တရုတ်ပြည်အပေါ် ယခုလို အပြစ်တင်ခြင်း သို့မဟုတ် ဝေဖန်ခြင်းမှာ အဘယ်ကြောင့်ဖြစ်ပေါ်လာသနည်း။ ယူဆချက်မှန်ကန်ပါသလား။ မြန်မာ နိုင်ငံအတွက် မည်ကဲ့သို့သော ထိရောက်မှု (သို့) ထိခိုက်မှုရှိနေပါသနည်း။ ကျွန်တော်တို့အားလုံး သေချာစဉ်းစားသင့်ပါသည်။

“ကြွေးမြီထောင်ချောက်”တွင် ပုန်းအောင်းနေသည့်အတွင်းသဘောသည် ချေးငွေထုတ်ပေးသူ က လိမ်ညာသည်ဟု ကြိုတင်မှန်းဆထားနိုင်သည်။ ထို့သို့သောကြောင့် အပေါ်ယံတွင် ကြွေးမြီချေးခြင်း သာဖြစ်နေပြီး အမှန်တကယ်ကမူ နိုင်ငံရေးပန်းတိုင်ကို ထိရောက်အောင်မြင်ရန် ဆောင်ရွက်နေသည်။ ထို့ကြောင့် “ကြွေးမြီထောင်ချောက်”ဟုခေါ်နိုင်သည့် သဘောတူစာချုပ်တွင် နိုင်ငံရေးဆိုင်ရာပုဒ်မ ပါရှိမည်။ သို့ရာတွင် ယခုအချိန်ထိတိုင် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသော တရုတ်ပရောဂျက်အားလုံး သည် စီးပွားရေးဆောင်ရွက်ခြင်းသာဖြစ်ပြီး နိုင်ငံတော်အချုပ်အခြာအာဏာပိုင်မှုသို့မဟုတ် နိုင်ငံရေးဆိုင်ရာပုဒ်မ လုံးဝမတွေ့ခဲ့ဖူးပါ။ ထိုနည်းတူ၊ တရုတ်က အခြားနိုင်ငံသို့ ရင်းနှီးမြှုပ်နှံရာတွင် လည်း မြန်မာနိုင်ငံကဲ့သို့ မည်သည့်နိုင်ငံရေးတောင်းဆိုချက်မဆို ပူးတွဲအချက်အလက်အဖြစ် ပါလာ ဖွယ်ရာမရှိပါ။

ဥပမာ--သီရိလင်္ကာနိုင်ငံ၏ Hambantota ဆိပ်ကမ်းကို လေ့လာကြည့်ပါ။ Hambantota ဆိပ်ကမ်း သည် တရုတ်ရင်းနှီးမြှုပ်နှ့ံမှုကို တိုက်ခိုက်ရန်ပြယုဂ်အဖြစ် အသုံးချသောအစီအစဉ်တစ်ခုဖြစ်သည်။ သို့ရာတွင် သေချာစုံစမ်းမှသာ အဖြစ်မှန်ကို သိနိုင်မည်ဖြစ်သည်။ အဆိုပါဆိပ်ကမ်းသည် ၂၀၀၇ ခုနှစ် မှစပြီး တည်ဆောက်ခြင်းဖြစ်ပြီး ထိုအချိန်ကာလက ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေး ဆောင်ရွက်ခြင်းက အကျိုးစီးပွားကောင်းစွာရရှိချိန်ဖြစ်သည်။ အိန္ဒိယသမုဒ္ဒရာ ရေကြောင်းသယ်ယူ ပို့ဆောင်ရေးပမာဏသည် အဆက်မပြတ်တိုးများသော်လည်း ထိုအချိန်က အိန္ဒိယသမုဒ္ဒရာသို့ တိုက်ရိုက်သွား၍ မရပဲ တဆင့်ခံဆိမ်ကမ်း လိုအပ်သည်။ ထိုလိုအပ်ချက်ကို ဖြည့်ဆည်းပေးသည့် Hambantota ဆိပ်ကမ်းမှတစ်ဆင့်သာ အိန္ဒိယသမုဒ္ဒရာပင်မရေကြောင်းလမ်းသို့ တိုက်ရိုက်ရောက် သည်။ ထို့ကြောင့် Hambantota ဆိပ်ကမ်းကဲ့သို့ဆိပ်ကမ်းတစ်ခု တည်ဆောက်ခြင်းသည် အလို အလျှောက် ဖြစ်သင့်သောကိစ္စတစ်ခုပဲ ဖြစ်သည်။ သို့ရာတွင် ၂၀၀၈ ခုနှစ်က ငွေကြေးကပ်ဆိုက် မှုဖြစ်ပေါ်ပြီး စားသုံးမှုနှင့် ကုန်ကြမ်းပစ္စည်းလိုအပ်ချက်များ လျှော့ချခြင်းကြောင့် တစ်ကမ္ဘာလုံး၏ ပင်လယ်ရေကြောင်းသယ်ယူပို့ဆောင်ရေးသည် ယိုယွင်းဆုတ်ယုတ်သွားခဲ့သည်။ Hambantota ပရောဂျက်လည်း ဆုံးရှုံးထိခိုက်မှုကို ခံရသောကြောင့် လည်ပတ်လုပ်ကိုင်ရန် အဆင်မပြေတော့ပါ။

အဆိုပါအရေးကိစ္စ ရင်ဆိုင်ခဲ့ပြီးနောက်ပိုင်းတွင် Hambantota ဆိပ်ကမ်းကို တရုတ်ကုမ္ပဏီက လက်ခံဆောင်ရွက်စေရန် သီရိလင်္ကာနိုင်ငံသည် သူ့ဆန္ဒအလျောက် ရှာဖွေခဲ့သည်။ စာချုပ်လက်မှတ် ရေးထိုးသည့် ထူးခြားလုပ်ကိုင်ခွင့်ပြုချက်တွင် နိုင်ငံရေးတောင်းဆိုချက် လုံးဝမပါဝင်ပါ။ တန်ဖိုးဒေါ်လာ (၁.၁၂)ဘီလီယံရှိသော ရင်းနှီးမြှုပ်နှံမှု အစီအစဉ်သစ်တစ်ခုပဲ ပါဝင်သည်။ ထို့ပြင် တရုတ်နိုင်ငံဖက်သည် ပေါကြွယ်ဝသော ဆိပ်ကမ်းစီမံအုပ်ချုပ်ရေးအတွေ့အကြုံကို ပိုင်ဆိုင်ထားပြီး သီရိလင်္ကာနှင့် အတူတကွ မျှဝေ၍လည်း ပြဿနာမရှိပါ။ အတော်ပင်သိသာထင်ရှားသည်မှာ အဆိုပါပရောဂျက်ကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုသည် နှစ်ဦးနှစ်ဖက် အပြန်အလှန်အကျိုးဖြစ်ထွန်းစေသည်။ သီရိလင်္ကာနိုင်ငံ၏ ကြွေးမြီ ဖိအားကို လျှော့ချစေပြီး လုပ်ကိုင်ခြင်းအခြေအနေလည်း ကောင်းမွန်စေသည်။ ထို့ပြင် သီရိလင်္ကာဖက် ကလည်း Hambantota ဆိပ်ကမ်းလုပ်ကိုင်ခြင်း၏ အကျိုးအမြတ်မှတစ်ဆင့် ငွေထုတ်ယူရရှိနိုင်သည်။ ထိုနည်းတူ တရုတ်နိုင်ငံဖက်ကလည်း ပိုမိုကောင်းမွန်သော စီးပွားရေးအကျိုးအမြတ်ကို ရရှိနိုင်သည်။

သို့ရာတွင် အဆိုပါကဲ့သို့ နှစ်ဖက်စလုံး အပြန်အလှန်အကျိုးစီးပွားရရှိနိုင်သော ပူးပေါင်းဆောင်ရွက် မှုကို တရုတ်က “ကြွေးမြီထောင်ချောက်”ဖြင့် သီရိလင်္ကာကို ချောက်ချလုပ်ကြံသည်ဟု အချို့သော မီဒီယာများက လုပ်ကြံသတင်းလွှင့်သည်။ ထို့ပြင် တရုတ်က Hambantota ဆိပ်ကမ်းကို စစ်ရေးအခြေခံ စခန်းအဖြစ် တည်ဆောက်သည်ဟူ၍လည်းကောင်း၊ တရုတ်နိုင်ငံ၏ မဟာဗျူဟာကြံရွယ်ချက်ကို ဂရုစိုက်ရမည်ဟူ၍ အခြားနိုင်ငံများထံ အသိပေးခြင်းဖြင့်လည်းကောင်း အခြေအမြစ်မရှိပဲ မိမိစိတ်ကူးဖြင့် မှန်းဆပြောဆိုရေးသားကြသည်။ မီဒီယာများ၏ တဖက်သတ် ပြင်းထန်စွာ ပြောဆိုရေးသားခြင်းနှင့် မြှောက်ပင့်ခြင်းများကြောင့် Hambantota ဆိပ်ကမ်းသည် hot spot ဖြစ်သွားသည်။ သို့ရာတွင် သက်ဆိုင်ရာဆူညံမှုအတွင်း ပူးပေါင်းဆောင်ရွက်မှု၏ အခြေအနေအစစ်အမှန်နှင့် ဖြစ်စဉ်ကမူ ဂရုပြုမိသူ နည်းပါးသလိုဖြစ်ကာ တရုတ်နိုင်ငံက မည်ကဲ့သို့“ဆိုး”သနည်းကိုသာ အလေးထားမိကြသည်။

တကယ်တမ်းပြောဆိုရလျှင် ယခုကဲ့သို့အကြောင်းသည် ထောင်ချောက်ပင်ဖြစ်သည်။

မြန်မာနိုင်ငံရှိ ပညာရှင်ပါရဂူ၊ နိုင်ငံရေးစားဖားနှင့် မီဒီယာအချို့သည် များသောအားဖြင့် “ကြွေးမြီ ထောင်ချောက်”ဟူသောဝေါဟာရအသုံးပြုချိန်တွင် အဆိုပါဝေါဟာရ၏ မူလအဓိပ္ပာယ်ကိုသာ ဂရုပြု ကြသည်။ သို့ရာတွင် အဆိုပါဝေါဟာရကို အမေရိကန်အရာရှိပါးစပ်မှ ထွက်ပေါ်လာသည့် အချိန်တွင် ၎င်းသည် တရုတ်-အမေရိကန်မဟာဗျူဟာ၏အစိတ်အပိုင်းဖြစ်သွားသည်မှာ ထင်ရှားပေါ်လွင်သွား သည်။ အိမ်ဖြူတော်၏အစီရင်ခံစာတွင် “ကြွေးမြီထောင်ချောက်”ဟူသောအသိသညာကို ထင်ရှားစွာ အလေးတင်းခဲ့ပြီး အမေရိကန်က အဆိုပါပြောဆိုချက်အား နိုင်ငံခြားရေးပေါ်လစီကဲ့သို့ ဖြစ်နေပေ သည်။ တရုတ်နှင့် အမေရိကန်အကြား ဆက်ဆံရေးသည်လည်း အဆိုပါအရေးကြောင့် ထိပ်တိုက်တွေ့မှု ရှိနေခဲ့သည်။

“ကြွေးမြီထောင်ချောက်”ဟူသောပြောဆိုချက်သည် အနောက်နိုင်ငံများက တရုတ်၏ တိုးတက်နေမှုအပေါ် စိုးရိမ်ကြောက်ကြနေသည်ကို ဖော်ပြနေပြီး အားကျခြင်း၊ မနာလိုဝန်တိုခြင်းနှင့် အမုန်းပွားခြင်း အစရှိသော အကြောင်းရင်းများ ပါဝင်သည်။ ဥပမာအားဖြင့် အမေရိကန်နိုင်ငံ Think Tank မဟာဗျူဟာနှင့် နိုင်ငံတကာရေးရာ သုတေသနစင်တာ (CSIS)“အာရှတိုက်အစီအစဉ်နှင့် ပြန်လည်ချိတ်ဆက်ခြင်း”ပရောဂျက်၏ တာဝန်ရှိသူ Jonathan Hillman မှထင်မြင်ယူဆချက်အရ တရုတ်မှ ဖိလစ်ပိုင်နှင့် ကမ္ဘောဒီးယားနိုင်ငံသို့ အခြေခံအဆောက်အအုံအတွက် ငွေထုတ်ချေးပေးခြင်း သည် “အဆိုပါနိုင်ငံများက အမေရိကန်နှင့် စစ်ရေး၊ သံတမန်ရေးရာများကို ပြန်လည်ဆန်းစစ်စေ သည်... ယင်းအခြေအနေများသည် တရုတ်အဆိုပြုချက်က နိုင်ငံရေးအကျိုးအမြတ်ကို ရရှိနေသည်ဟု ဖော်ပြသည်။”

အချိန်ကာလကြာမြင့်စွာ၌ပင် အနောက်နိုင်ငံများက မိမိသည် နိုင်ငံတကာငွေကြေးဌာနများ၏ ဦးဆောင်သူဟူသော အားသာချက်ကို အမှီပြုပြီး ထောက်ပံ့မှုလက်ခံနိုင်ငံများ၏ ပြည်တွင်းရေးရာနှင့် သံတမန်ဆက်ဆံရေးကို ချုပ်ကိုင်နေသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် ကမ္ဘာ့ဘဏ်၊ အာရှဖွံ့ဖြိုးရေးဘဏ် စသည့် ငွေကြေးဌာနမှ ငွေထုတ်ချေးလိုပါက သူတို့၏တောင်းဆိုချက်ကို သဘောတူညီရသည်။ ထိုသည်နှင့်နှိုင်းစာလျှင် တရုတ်နိုင်ငံ၏ ထုတ်ချေးငွေသည် တင်စီးသောတောင်းဆိုချက်မရှိသောကြောင့် လျှောက်ရန်လွယ်ကူသည်။ ဖွံ့ဖြိုးဆဲနိုင်ငံများသည် အနောက်နိုင်ငံများ၏ မျက်နှာဟန်အမူအရာကို ကြည့်ရန်လည်း မလိုအပ်ပါ။ သို့ရာတွင် အနောက်နိုင်ငံများမှကြည့်လျှင် တရုတ်နိုင်ငံမှ ငွေထုတ်ချေးပေး ခြင်းသည် ကွင်းဆက်တုံ့ပြန်မှုကို ဖြစ်ပေါ်နိုင်သည်။ ယင်းသည် ကြေးမြီလီဗာဖြင့် အနောက်နိုင်ငံများ၏ သမားရိုးကျသောအင်အားအသိုင်းအဝိုင်းကို ဖြိုခွင်းခြင်းဖြစ်သည်။ အမေရိကန်ဦးဆောင်သော၊ စည်းမျဉ်းစည်းကမ်းများအခြေပြုသော နိုင်ငံတကာစနစ်၏ တရားဝင်မှုကို စိန်ခေါ်လိုက်သည်။ ထိုမှတစ်ဆင့် ရပ်ကွက်အသီးသီး၏ အင်အားညီမျှမှုကို ချိုးဖျက်သည်။
အမေရိကန်၏ထင်မြင်ချက်အရ သူတို့သည် တရုတ်၏စိန်ခေါ်မှုကို ကြုံတွေ့နေသည်။ ထို့ကြောင့် တရုတ်ကို အစွမ်းကုန် ဝိုင်းပယ်ကြသည်။ သို့ရာတွင် မြန်မာနိုင်ငံသည် အမေရိကန် မဟုတ်ပါ။ စိတ်ဓာတ်သည် အဘယ်ကြောင့် အမေရိကန်သားလို ဖြစ်နေနိုင်မည်နည်း။

မြန်မာပြည်သူပြည်သားများသည် မြန်မာနိုင်ငံ၏ရှုထောင့်ဖြင့် ကြွေးမြီကိစ္စကို အကဲခတ်သင့်သည်။

မယုံသင်္ကာဖြစ်ဖွယ်လုံးဝမလို၊ ကြွေးတင်ခြင်းများပြားသည်မှာ ပျော်ရွှင်ဖွယ်ရာကိစ္စ မဟုတ်ပါ။ မြန်မာနိုင်ငံက ကြွေးမြီကတိပျက်လျှင် မြန်မာ့နိုင်ငံ၏ နိုင်ငံတော်ပုံရိပ်နှင့် စီးပွားရေးဖြစ်ထွန်းမှုအတွက် ကောင်းကျိုးသက်ရောက်မှုအစား ဆိုးကျိုးထိခိုက်မှုသာ ရှိနိုင်သည်။ ထို့ကြောင့် နိုင်ငံတော်အချုပ်အခြာ အာဏာပိုင်မှုနှင့် သက်ဆိုင်သည် မဟုတ်သော်ငြားလည်း ကြွေးမြီကတိပျက်ခြင်းမဖြစ်ရန် ရှောင်ရှားရပေ မည်။ ကျွန်တော်တို့က နားလည်သိရှိလိုသည်မှာ ကြွေးမြီကတိပျက်ခြင်း ဖြစ်ပေါ်လျှင် ရှောင်ရှားရန် မှန်ကန်သောလုပ်ပုံလုပ်နည်းသည် တံခါးပိတ်ခြင်းမဟုတ်၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝိုင်းပယ်ခြင်းမဟုတ်၊ ဖွံ့ဖြိုးတိုးတက်မှုကို ငြင်းပယ်ပြီး ဆင်းရဲနွမ်းပါးမှုအတွင်း၌သာ နေထိုင်သည်လည်း မဟုတ်၊ မှန်ကန်သည့် လုပ်ပုံကိုင်ပုံသည် မြန်မာနိုင်ငံကိုယ်တိုင်မိမိ၏သိမြင်မှုနှင့် ဆောင်ရွက်ခြင်းအပေါ်တွင်သာ တည်မှီ လျက်ရှိသည်။
မဖြစ်မနေသိသင့်သော အကြောင်းအချက်များကို အောက်ပါအတိုင်း တင်ပြလိုက်ပါသည်--

ပထမဦးဆုံးအနေဖြင့် တည်ငြိမ်ခြင်းနှင့်ငြိမ်းချမ်းရေး။ ဒါက အတော်သိသာထင်ရှားလှသည်။ စစ်ရေး သို့မဟုတ် အကြမ်းဖက်တိုက်ခိုက်မှုသည် ဖျက်ဆီးအားရှိသည်။ မည်သည့်နိုင်ငံမဆို စစ်မီးတဖွဲဖွဲ လွင့်ပျံ ပြီး ကျဉ်ဆံအမြောက်မီးပြင်းထန်သောနိုင်ငံတွင် စီးပွားရေးဆောင်ရွက်လျှင် မဖြစ်နိုင်ပါ။ မြန်မာနိုင်ငံ သည် နှစ်ပေါင်း(၇၀)ကျော်အတွင်းတွင် ပြည်တွင်းစစ်ဆင်နွှဲနေပြီး “တစ်ပြည်လုံး ငြိမ်းချမ်းမှုမရှိလျှင် ဘက်ပေါင်းစုံဖွံ့ဖြိုးတိုးတက်ရေး မဖြစ်နိုင်”ဟု နယ်ပယ်အသီးသီးမှ သုံးစပ်ပြောဆိုကြသည်။ သို့ရာတွင် အမေရိကန်ဦးဆောင်သော နိုင်ငံတကာလောကသည် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးခရီးစဉ်အပေါ် သဘောထားကြီးမှု မရှိပေ။ ၎င်းနှင့်ပြောင်းပြန်ဖြစ်သည်မှာ မြန်မာနိုင်ငံသည် အချို့သောနယ်ပယ်တွင် အနောက်နိုင်ငံများ၏ ရင့်သည်းစွာပြစ်တင်ခြင်းကို ခံနေရသည်။

ယခုတလောနှစ်ပိုင်းတွင် “ရိုဟင်ဂျာ”လူမျိုးရေးရာကြောင့် အနောက်နိုင်ငံများသည် မြန်မာအပေါ် အရေးယူအပြစ်ပေးခြင်းနှင့် နာမည်ဖော်ပြဝေဖန်ခြင်းကို ကြိမ်ဖန်များစွာ ဆောင်ရွက်ခဲ့သည်။ အမေရိကန်နှင့် EU သည် မြန်မာနိုင်ငံတော်ကာကွယ်ရေးစစ်တပ်နှင့် စစ်ရေးပူးပေါင်းဆောင်ရွက်မှုကို ယာယီရပ်ဆိုင်းခဲ့ပြီး နိုင်ငံတော်ကာကွယ်ရေးစစ်တပ်၏ အဆင့်မြင့်စစ်ဗိုလ်ချုပ်အချို့အား အရေးယူ အပြစ်ပေးစာရင်းသို့ ထည့်သွင်းထားကာ ၎င်းတို့၏ ပြည်ပပိုင်ဆိုင်မှုပစ္စည်းဥစ္စာများကို ရပ်စဲထားသည်။ ထို့ပြင် ဗီဇာထုတ်ပေးခြင်းလည်း ခွင့်မပြုပါ။ Facebook ကမူ မြန်မာအရာရှိနှင့် ဌာနအချို့၏အကောင့်ကို ပိတ်ထားပြီး လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်ကို ပိတ်ပင်သည်။ ထိုအချိန်တွင် တရုတ်နိုင်ငံသည် မြန်မာနိုင်ငံကို တက်ကြွစွာအားပေးသည်။ နိုင်ငံတကာဝင်ရောက်စွက်ဖက်ခြင်းကို ဆန့်ကျင်ပြီး မြန်မာ နိုင်ငံ၏ ပြည်တွင်းရေးကို မြန်မာပြည်မှ ဖြေရှင်းသင့်သည်ဟု တိုက်တွန်းသည်။

အလွန်ထင်ရှားသော အဖြစ်မှန်တစ်ခုမှာ မည်သူမှအကျိုးခံစားခွင့်မရနိုင်သော နိုင်ငံတကာစီးပွား ကုန်သွယ်ရေးတိုက်ခိုက်မှုအောက်တွင် မြန်မာနိုင်ငံသည် ပြည်တွင်းရေးကြောင့် အနောက်နိုင်ငံများ၏ စွက်ဖက်ခြင်းကို ခံနေရပြီး တရုတ်နိုင်ငံနှင့်စီးပွားရေးဆက်ဆံမှုမှာ တိုး၍တိုး၍ များပြားလာသည်။ အဆိုပါ အခြေအနေကြောင့် အနောက်နိုင်ငံများ၏ ရန်ငြိုးထား မျက်မုန်းကျိုးမှုကို ခံနေရသည်။

ကျောက်ဖြူဆိပ်ကမ်းက“ကြွေးမြီထောင်ချောက်”အဖြစ်စွပ်စွဲခြင်းသည် အနောက်ဘက်မှ ရန်ငြိုးထား မျက်မုန်းကျိုးမှုကြောင့် ဖြစ်ပေါ်လာသော ထင်ဟပ်မှုတစ်ခုပဲ ဖြစ်သည်။

ထို့ကြောင့် မြန်မာနိုင်ငံသည် အနောက်ဘက်မှဖိအားကို ထမ်းပြီး မိမိ၏ငြိမ်းချမ်းရေးဖြစ်စဉ်ကို လျှောက်လမ်းကာ လွတ်လပ်သည့်၊ အချုပ်အခြာအာဏာပိုင်သည့် နိုင်ငံတော်အုပ်ချုပ်ရေးပုံစံကို စွဲမြဲစွာ ထိန်းချုပ်မည်လော သို့မဟုတ် အနောက်ဘက်၏ ဝင်စွက်ခြင်းကြောင့် အညံ့ခံပြီး မိမိ၏ရပ်တည်ချက်ကို လက်လွှတ်လိုက်မည်လော။ မည်သည်ကို ရွေးချယ်မည်နည်း။

ဒုတိယအချက်မှာ လွတ်လပ်စွာတံခါးဖွင့်ခြင်း။ အဘယ်ကြောင့်ဆိုသော် စီးပွားရေးအောင်မြင်ရန် လုံလောက်သော လွတ်လပ်မှုလိုအပ်သည်။ ထိုမှတစ်ဆင့်ကြည့်လျှင် Trump အစိုးရသည် “America First”ကိုအလေးတင်းပြီး အခွန်တိုးမြှင့်ခြင်းကို လက်နက်အနေဖြင့် “တရုတ်-အမေရိကန် စီးပွား ကုန်သွယ်ရေးတိုက်ပွဲ”ကို ဆင်နွှဲခဲ့သည်။ အဆိုပါဖော်ပြသည့်ပြယုဂ်များသည် မှန်ကန်စွာဆောင်ရွက် ခြင်းနှင့် ဆန့်ကျင်နေသည့်လုပ်ငန်းဖြစ်နေသည်။ ရိုဟင်ဂျာလူမျိုးရေးရာပြီးနောက် အနောက်နိုင်ငံ များသည် မြန်မာပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို ဆုတ်ခွာခြင်းဖြင့် မြန်မာအား ဖိအားပေးသည်။ ဥရောပနှင့် အမေရိကနိုင်ငံမှ ကုမ္ပဏီနှင့်ငွေကြေးဌာနများစွာသည် မြန်မာမှထွက်ခွာပြီး မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှု ခေါ်ယူခြင်းတွင် အတားအဆီးအများအပြား ဖန်တီးခဲ့သည်။

အနောက်နိုင်ငံများနှင့်မတူ တရုတ်နှင့်မြန်မာပူးပေါင်းဆောင်ရွက်မှုသည် စီးပွားရေးကိုသာ အဓိက လုပ်ငန်းအဖြစ် ဆောင်ရွက်နေသည်။ ၂၀၁၇ ခုနှစ် နိုဝင်ဘာလက တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဝမ်ရိသည် ဒေါ်အောင်ဆန်းစုကြည်နှင့်တွေ့ဆုံရာတွင် “တရုတ်-မြန်မာ စီးပွားရေး စင်္ကြံ”တည်ဆောက်ခြင်း အကြံပြုချက်ကို တင်ပြခဲ့ရာ ဒေါ်အောင်ဆန်းစုကြည်၏ ချီးမွန်းခြင်းကို ချက်ချင်းရရှိ ပါသည်။ တရုတ်ဖက်၏ စီးပွားရေးစင်္ကြံအဆိုပြုချက်သည် မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ် များစွာနှင့် ကိုက်ညီပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြားသည်။

တရုတ်-မြန်မာစီးပွားရေးစင်္ကြံသည် အစွန်း(၃)ခုဖြင့်ကျားကန်ပြီး သုံးပွင့်ဆိုင်တည်ရှိသော ပရောဂျက်ကြီးတစ်ခု ဖြစ်သည်။ “စင်္ကြံ”၏အရှေ့ဘက်သည် မြန်မာနိုင်ငံ၏ ဒုတိယနှင့် ပထမ အကြီးဆုံးမြို့တော်ဖြစ်သော မန္တလေးနှင့် ရန်ကုန်ဖြစ်သည်။ လမ်းတစ်လျှောက်သည် မြန်မာနုုိင်ငံ စီးပွားရေးဖြစ်ထွန်းမှု အရှိဆုံးသော၊ လူဦးရေအထူထပ်ဆုံးသောနေရာဖြစ်သည်။ ထိုနေရာများ အဓိက ဖွံ့ဖြိုးတိုးတက်လျှင် ရေတိုတွင် စီးပွားအကျိုးရရှိခြင်း ဆိုသည်မှာ အတော်ပင်ပေါ်လွင်ထင်ရှားလှသည်။ လမ်းတစ်လျှောက်ပြည်သူပြည်သားများသည်လည်း စီးပွားအကျိုးတိုက်ရိုက်ရရှိနိုင်သည်။ “စင်္ကြံ” ၏အနောက်ဘက်သည် ရခိုင်ပြည်နယ်ကျောက်ဖြူထိ ကျယ်ပြန့်သည်။ ၎င်းနေရာသည် ဖွံ့ဖြိုးရေး စွမ်းအား အလွန်ကြီးမားပြီး စီးပွားရေးကို တစ်ဆင့်တိုးဆောင်ရွက်လျှင် မြန်မာနိုင်ငံ၏ အနာဂတ်တွင် ရေရှည်စီးပွားအကျိုးရရှိခြင်းအတွက် အကျိုးဆောင်နိုင်သည်။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြံတစ်ခုလုံး ကို အမှီပြုကာ မြန်မာတစ်ပြည်လုံးက နီးစပ်စွာချိတ်ဆက်နိုင်ပြီး အခြားနိုင်ငံနှင့်လည်း အပြန်အလှန် ချိတ်ဆက်နိုင်သည်။ ပစ္စည်းဥစ္စာနှင့် ငွေကြေးက အဆင်ပြေစွာ စီးဆင်းမှသာ ဥစ္စာဓနရရှိနိုင်သည်။

အရေးကြီးဆုံးအချက်သည် ကြိုးပမ်းဆောင်ရွက်ခြင်းနှင့် ဉာဏ်ပညာရှိခြင်းဖြစ်သည်။
အနောက်နိုင်ငံများ၏ စိုးရိမ်ကြောက်ကြခြင်းနှင့် အချို့သောနိုင်ငံများ၏ အချင်းပွားလာအောင် ရန်တိုက်လှုံ့ဆော်ခြင်းအပြင်၊ “ကြွေးမြီထောင်ချောက်”ပြောဆိုချက်ဖြစ်ပေါ်လာသည့်အကြောင်းရင်း နောက်တစ်ခုလည်း ရှိသေးသည်။ လွန်ခဲ့သောရာစုနှစ်က ပြည်ပရင်းနှီးမြှုပ်နှံရာတွင် အနောက်အုပ်စု ကုမ္ပဏီလုပ်ငန်းများသည် ကြွေးမြီအခက်အခဲအတွင်းသို့ နက်ရှိုင်းစွာ ကျရောက်ခဲ့ပြီး သူတို့သည် မိမိ၏အတွေ့အကြုံကို ယခုခေတ်ကာလ တရုတ်နိုင်ငံနှင့် ဆက်နွယ်ချိတ်ဆက်လာသည်။ ထို့ကြောင့် လည်း “ကြွေးမြီထောင်ချောက်”ပြောဆိုချက်ကို သုံးနှုန်းကြသည်။

ဥပမာအားဖြင့် လွန်ခဲ့သောရာစုနှစ် (၇၀)ဆယ်စုနှစ်က အမေရိကန်နိုင်ငံ၏ ပုဂ္ဂလိကပိုင်ဘဏ်သည် လက်တင်အမေရိကနိုင်ငံများအား ငွေများစွာထုတ်ချေးပေးသည်။ သို့ရာတွင် အဆိုပါထုတ်ချေးငွေသည် (၈၀)ဆယ်စုနှစ်တွင် အားလုံးလိုလိုပျက်ဆီးသွားလေသည်။ အမေရိကန်သည် ဆုံးရှုံးမှုခံခဲ့ရသည့် ချေးငွေကို ဖြေရှင်းရန် “၀ါရှင်တန်သဘောတူညီချက်”ကို တင်ပြခဲ့သည်။ အဓိကအကြောင်းအရာ သည် ကမ္ဘာဘဏ်၊ နိုင်ငံတကာငွေကြေးအသင်း (IMF)နှင့် အမေရိကန်သည် ပူးတွဲပြီး လက်တင် အမေရိကနိုင်ငံများ၏ စီးပွားရေးပြုပြင်ပြောင်းလဲမှုအပေါ် စီမံကိန်းနှင့် နည်းပရိယာယ်ကို တင်ပြသည်။ လက်တင်အမေရိကနိုင်ငံများစွာအတွက် “ကြွေးမြီထောင်ချောက်”ကြောင့် သူတို့၏(၈၀) ဆယ်စု နှစ်သည် “ဆုံးရှုံးမှုခံရသော ၁၀ နှစ်”ဖြစ်သည်။ ထို့နောက်တွင် ပြဌာန်းခဲ့သည့် “၀ါရှင်တန် သဘောတူညီချက်”သည်လည်း အငြင်းပွားဖွယ်ပိုမိုကြီးမားသော ကပ်ဆိုက်မှုဖြေရှင်းရန် နည်းလမ်း သာဖြစ်သည်။ ဆယ်နှစ်ကျော် အတွေ့အကြုံအရ လက်တင်အမေရိကနိုင်ငံများ၏ အချုပ်အခြာ အာဏာပိုင်မှု ပြင်းထန်စွာဆုံးရှုံးခဲ့ပြီး အမေရိကန်ဦးဆောင်သော အတိုင်ပင်ခံအဖွဲ့လည်း ကောင်းမွန် သောနည်းလမ်းကို ရေးဆွဲပေးသည်မဟုတ်ပါ။ လက်တင်အမေရိကနိုင်ငံ အများအပြားသည် ရပ်တန့်ခြင်းနှင့် မတည်မငြိမ်ရှိခြင်းတွင်သာ ရှိနေပြီး ယခုအထိ ကောင်းမွန်စွာပြောင်းလဲမှုမရှိသေးပါ။
လက်တင်အမေရိကကြုံတွေ့ခဲ့သော ကြွေးမြီထောင်ချောက်သည် ငွေထုတ်ချေးပေးသူနှင့် ကြွေးဆပ်သူ နှစ်ဦးနှစ်ဖက်၏ ဆုံးဖြတ်ချက်အမှားကြောင့် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ အမေရိကန် ဘဏ်တိုက်နှင့် လက်တင်အမေရိကအစိုးရ နှစ်ဖက်စလုံးသည် တာဝန်ရှောင်ရှား၍မရပါ။ သူတို့၏ နည်းလမ််းနှင့် နည်းပရိယာယ်ကို စမ်းသပ်ခြင်းမှတစ်ဆင့် သူတို့ဂရုစိုက်သည့်အချက်သည် စီးပွားရေး ပဲဖြစ်ပြီး“ရင်းနှီးမြှုပ်နှံမှု”ကိုသာ စဉ်းစားကာ “တည်ဆောက်ခြင်း”ဆိုသည်မှာ စဉ်းစားဖွယ်ရာ မရှိခဲ့ပါ။ ဥရောပနှင့်အမေရိကန်နို်င်ငံတို့သည် အကြီးစားအခြေခံအအောက်အုံအပေါ် ငွေကြေးကို ရင်းနှီးမြှုပ်နှံပြီး “ဖွံ့ဖြိုးတိုးတက်”နိုင်သည်ဟု ယူဆခဲ့ဖူးသည်။ သို့ရာတွင် အခြေအနေ စစ်တမ်း မှတစ်ဆင့် ရေရှည်ဖွံ့ဖြိုးရန် မဖြစ်နိုင်ဟု သိရှိလာသည်။ အဘယ်ကြောင့်ဆိုသော် ငွေကြေးအများအပြား ရင်းနှီးလျှင်လည်း “လူ(၁၀၀)ခန့်ထားခြင်းဖြင့် လှိုင်းတူးပြီးနောက် လူ(၁၀၀)ထပ်မံခန့်အပ်ကာ လှိုင်းဖြည့်”သကဲ့သို့ အူကြောင်ကြောင်လက်တွေ့အသုံးပြုချက်မရှိသော ပရောဂျက်ကိုသာ ပြုလုပ် သည်။ ထိုနှင့်အတူ ပတ်ဝန်းကျင်လည်း ပျက်ဆီးစေပြီး တန်ဖိုးကမူမပါပါ။ အစပိုင်းကာလတွင် ငွေကြေး ထည့်သွင်းရင်းနှီးခြင်းသည် မည်မျှပင်များပြားပါစေ ဆက်ရန်မဖြစ်နိုင်သကဲ့သို့ စီးပွားအကျိုးရှာခြင်း လည်း တစ်ဆင့်တက်၍ စဉ်းစားရန် မလိုအပ်တော့ပါ။

အခြေခံအဆောက်အအုံပရောဂျက်ကို စုံစမ်းသိရှိရန်သော့ချက်မှာ ပရောဂျက်သည် လမ်းတစ် လျှောက် နက်ရှိုင်းစွာဖွံ့ဖြိုးရေးကို မည်မျှသယ်ယူလာနိုင်သနည်း၊ စီးပွားရေးအခွင့်အရေး မည်မျှတိုးတက် နိုင်သနည်းနှင့် လူသားများစည်းရုံးရန် မည်မျှဆွဲဆောင်နိုင်သနည်း တို့ဖြစ်သည်။ ထိုမှတစ်ဆင့် ဘက် ပေါင်းစုံမှ စီးပွားအကျိုးရရှိသည်။ စစ်မှန်သောထွက်လမ်းသည် ဉာဏ်ကောင်း သောဦးနှောက်နှင့် အပတ်တကုတ် အလုပ်လုပ်တတ်သော လက်(နှစ်)ဖက်ဖြစ်သည်ဟုလည်း ပြောနိုင်သည်။ မြန်မာ လူမျိုးသည် ယခုခေတ်ကာလတွင် နောက်ကျမကျန်ရစ်ချင်လျှင် ကြိုးပမ်း အားထုတ်ရမည်။ တိကျ သေချာသော တည်ဆောက်ခြင်းဖြင့် ဥစ္စာဓနအစစ်အမှန်ကို ဖန်တီးရမည်။

အဆိုပါဖော်ပြချက်ကို ကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြင့်သာ မြန်မာ့စီးပွားရေး အဆင်ပြေ စွာ ဖွံ့ဖြိုးတိုးတက်နိုင်ပြီး နိုင်ငံတော်စည်ပင်သာယာဝပြောနိုင်ကာ ပြည်သူပြည်သားများလည်း အေးချမ်း ပျော်ရွှင်စွာ နေထိုင်နိုင်မည်။ မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုသည် မြန်မာပြည်သူပြည်သား များလက်၌ သာ ပိုင်ဆိုင်သင့်သည်။ “ကြွေးမြီထောင်ချောက်”သည် နိုင်ငံခြားမှ မြန်မာ့အားအတင်း လက်ခံခိုင်း သည် မဟုတ်ပါ။ ထိုနည်းတူစွာ စီးပွားရေးအရှိန်အဟုန်ဖြင့် ဖြစ်ထွန်းခြင်းသည်လည်း နိုင်ငံခြားမှ ပေးကမ်းစွန့်ကြဲခြင်းမဟုတ်ပါ။ တရုတ်ကို အပြစ်ဆိုလျှင် မည်သည့်သက်ရောက်မှုမျှ မရှိနိုင်ပါ။ အမေရိကန်ယုံကြည်လျှင် နှောင့်နှေးကြန့်ကြာစေပါမည်။ မြန်မာပြည်သူပြည်သားများသည် အဆိုပါ အကြောင်းအပေါ် ရှင်းလင်းစွာ နိုးကြားလာသင့်ပါသည်။

 

 

Mizzima Weekly