အသက် ၁၃ နှစ် အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ဆုကြေးများတိုးမြှင့်

အသက် ၁၃ နှစ် အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ၏ ဆုကြေးများတိုးမြှင့်
ဓာတ်ပုံ - MFF

ရန်ကုန်၊ ဇူလိုင်လ ၃၁ ။          ။ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်နှင့် ပညာရေးဝန်ကြီးဌာနတို့ ပူးပေါင်းကျင်းပသည့် MFF U-13 Girls’ Tournament 2019 ဘောလုံးပြိုင်ပွဲတွင် ဆုရရှိသည့် အသင်းများအားလုံး၏ ဆုကြေးကို တိုးမြှင့် ချီးမြှင့်သွား မည်ဖြစ်ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်မှ သိရသည်။

ယခုပြိုင်ပွဲတွင် ချန်ပီယံ ဆုရရှိမည့် အသင်းကို ဆုကြေးငွေ ကျပ် သိန်း ၃၀၊ ဒုတိယဆု ရရှိမည့် အသင်းကို ဆုကြေးငွေ ကျပ် သိန်း၂၀၊ ပူးတွဲတတိယ ရရှိသည့် အသင်းများ ၁၀ သိန်းစီ ချီးမြှင့်သွားမည် ဖြစ်ပြီး ဂိုးသွင်း အများဆုံးဆု၊ အကောင်းဆုံး ကစားသမားဆုနှင့် အကောင်းဆုံး ဂိုးသမားဆုများကို ဆုကြေးငွေကျပ် နှစ်သိန်းစီ ချီးမြှင့်သွားမည် ဖြစ်ကြောင်း သိရသည်။

MFF U-13 Girls' Tournament 2019 ပြိုင်ပွဲ၏ ဗိုလ်လုပွဲကို သြဂုတ် ၁ ရက်တွင် မြန်မာအမျိုးသား ဘောလုံး အကယ်ဒမီ (ရန်ကုန်)၏ မြက်ခင်းတု လေ့ကျင့်ရေးကွင်းတွင် ကျင်းပသွားမည် ဖြစ်ပြီး ဧရာဝတီ တိုင်း ဒေသကြီး အသင်းနှင့် ရန်ကုန်တိုင်း ဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားရမည် ဖြစ်သည်။

ယင်းပြိုင်ပွဲ၏ ပူးတွဲ တတိယ ဆုများကို နေပြည်တော် တိုင်းဒေသကြီး အသင်းနှင့် ကချင်ပြည်နယ် အသင်းတို့က ရရှိခဲ့သည်။

ယခင် နှစ်များက ချန်ပီယံ ဆု ရရှိသည့် အသင်းကို ဆုကြေးငွေ ကျပ်၁၅ သိန်း၊ ဒုတိယ ရရှိသည့် အသင်း ကို ဆုကြေးငွေ ကျပ် ၁၀ သိန်း၊ ပူးတွဲတတိယဆု ရရှိသည့် အသင်းများကို ဆုကြေးငွေ ကျပ် ၅ သိန်းနှင့် တစ်ဦးချင်း အကောင်းဆုံးဆုများကို ဆုကြေးငွေ ကျပ် တစ်သိန်း ချီးမြှင့်ခဲဲ့သည်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly