ကိုကိုးကျွန်းတွင် NLD မဲဆွယ်ခွင့်မရသေး မရှက်တတ်ပါက အနိုင်ယူလိုက်ပါဟု ဝေဖန်

ကိုကိုးကျွန်းတွင် NLD မဲဆွယ်ခွင့်မရသေး မရှက်တတ်ပါက အနိုင်ယူလိုက်ပါဟု ဝေဖန်

ရန်ကုန်တိုင်း ကိုကိုးကျွန်း မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် အမတ်နေရာအတွက် ကြံ့ခိုင်ရေးနှင့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် နှစ်ပါတီသာ ယှဉ်ပြိုင်ကြမည်ဖြစ်ရာ ကြံ့ခိုင်ရေးပါတီ မဲဆွယ်စည်းရုံးခွင့် ရနေပြီး အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် မဲဆွယ် စည်းရုံးရန် သွားရောက်ခွင့် မရသေးသည့်အပေါ် မရှက်တတ်ပါက အနိုင်ယူနိုင်သည်ပြီး သိက္ခာရှိရှိ အရှုံးပေးမည်ဟု အမတ်လောင်း ဦးဝင်းမင်းက ဝေဖန် ပြောဆိုလိုက်သည်။

“ပြိုင်ဖက်ပါတီနှစ်ခုမှာ တစ်ခုသာ မဲဆွယ်စည်းရုံးခွင့်ရပြီး NLD အနေနဲ့ ယနေ့ အချိန်အထိ ၂၈ ရက်သာ လိုတော့တဲ့ အချိန်မှာ မဲဆွယ်စည်းရုံးခွင့် မရသေးပါဘူး၊ အဲဒီလိုနေရာမျိုးမှာ မရှက်တက်ရင်တော့ ရွေးကောက်ပွဲကို အနိုင်ယူလိုက်ပေါ့။ကျွန်တော်တို့က သိက္ခာရှိရှိနဲ့ အရှုံးခံမယ်” ဟု NLD အမတ်လောင်း ဦးဝင်းမင်းက ပြောသည်။

ကိုကိုးကျွန်းသို့ အတိုက်အခံ အမတ်များ ယနေ့အထိ မဲဆွယ်စည်းရုံးခွင့်အတွက် မသွားရောက်နိုင်သေးသည့် ကိစ္စရပ်နှင့် ပက်သက်ပြီး အောက်တိုဘာ ၁၂ရက်၊ တော်ဝင်နှင်းဆီ စားသောက်ဆိုင်တွင် ပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် မဇ္ဈိမ၏ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်း ဖြစ်သည်။

မဲဆွယ်စည်းရုံးခွင့် စတင်သည့်အချိန်မှ စတင်ကာ ကိုကိုးကျွန်းသို့ အတိုက်အခံ အမတ်များ သွားရောက် နိုင်ရေး စတင်လျောက်ထားခဲ့ပြီး ၂၂ရက်တွင် သွားရောက်ရန် ခွင့်ပြုခဲ့သော်လည်း ခရီးစဉ် ပျက်သည်ဟုဆိုကာ အတိုက်ခံအမတ်များ သွားရောက်ခွင့် မရရှိခဲ့ပေ။

 

ကိုကိုးကျွန်းတွင် NLD မဲဆွယ်ခွင့်မရသေး မရှက်တတ်ပါက အနိုင်ယူလ...

ကိုကိုးကျွန်းတွင် NLD မဲဆွယ်ခွင့်မရသေး မရှက်တတ်ပါက အနိုင်ယူလိုက်ပါဟု ဝေဖန်“ပြိုင်ဖက်ပါတီနှစ်ခုမှာ တစ်ခုသာ မဲဆွယ်စည်းရုံးခွင့်ရပြီး NLD အနေနဲ့ ယနေ့ အချိန်အထိ ၂၈ ရက်သာ လိုတော့တဲ့ အချိန်မှာ မဲဆွယ်စည်းရုံးခွင့် မရသေးပါဘူး၊ အဲဒီလိုနေရာမျိုးမှာ မရှက်တက်ရင်တော့ ရွေးကောက်ပွဲကို အနိုင်ယူလိုက်ပေါ့။ကျွန်တော်တို့က သိက္ခာရှိရှိနဲ့ အရှုံးခံမယ်” ဟု NLD အမတ်လောင်း ဦးဝင်းမင်းက ပြောသည်။ (ဟိန်းကိုစိုး - သတင်း၊ ရုပ်သံ၊ ဓာတ်ပုံ) ဆက်ဖတ်ရန် - http://mizzimaburmese.com/article/5925

Posted by Mizzima - News in Burmese on Monday, October 12, 2015

 

ယင်းနောက် အတိုက်အခံ ပါတီအမတ်များ အနေဖြင့် ကိုကိုးကျွန်းသို့ သင့်လျော်သည့် အစီအစဉ်ဖြင့် သွားရောက် နိုင်ကြောင်းကို စာအမှတ် ၄/၇-၃(၄) လမ်းပန်း အမိန့်စာဖြင့် တိုင်းဝန်ကြီးချုပ် ကိုယ်စား ရန်ကုန်တိုင်း အစိုးရ အတွင်းရေးမှူး ဦးမြတ်ကျော်ကျော်က အောက်တိုဘာ ၁ ရက်၌ ခွင့်ပြုခဲ့သည်။

အောက်တိုဘာ ၁ရက် ခွင့်ပြုချက်ကြောင့် အတိုက်အခံ အမတ်လောင်းများက ကိုယ်ပိုင် အစီအစဉ်ဖြင့် သွားရောက်ရန် ပြင်ဆင်သော်လည်း၊ ယင်းအစီအစဉ်ကို တိုင်းရေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန၊ ဧရာဝတီ ရေတပ်စခန်း ဌာနချုပ်၊ အကောက်အခွန် ဦးစီးဌာန၊ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းချုပ်ရေး အဖွဲ့နှင့် တိုင်းအစိုးရထံ ထပ်မံအသိပေးစာ တင်ပြရမည်ဟု အတိုက်အခံအမတ်လောင်းများကို အောက်တိုဘာ ပထမအပတ်တွင် အကြောင်းကြားသည်ဟု ဦးဝင်းမင်းကဆိုသည်။

တိုင်းအစိုးရအပါအဝင် ယင်းဌာနများသို့ အတိုက်အခံ အမတ်များ အောက်တိုဘာ ၁၂ရက်တွင် ယင်းတို့ကိုယ်ပိုင် အစီအစဉ်ဖြင့်သွားရောက်မည့် အစီအစဉ်ကို တင်ပြထားသည်ဟုလည်း ဆိုသည်။

ကိုကိုးကျွန်း ပြည်သူ့လွှတ်တော်မဲ ဆန္ဒနယ်တွင် အာဏာရ ပါတီပြည်ခိုင်ဖြိုးပါတီ ကိုယ်စားပြု ကာကွယ်ရေး ဦးစီးချုပ်ရေ (ငြိမ်း) သူရ ဦးသက်ဆွေနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ ဦးဝင်းမင်းတို့ နှစ်ဦးသာ ဝင်ရောက် ယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

ကိုကိုးကျွန်း မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်လောင်းအဖြစ် ဝင်ရောက် ယှဉ်ပြိုင်သည့် ဗိုလ်ချုပ်ကြီး(ငြိမ်း) သူရ  ဦးသက်ဆွေသည် ကိုကိုးကျွန်းသို့ စက်တင်ဘာ ၂၂ရက်တွင် အင်္ဂါနေ့ အပတ်စဉ် ပြေးဆွဲနေသည့် ၁၆ ဦးဆံ့ တပ်မတော်လေယာဉ်ဖြင့် ရောက်ရှိပြီး မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ကာ အောက်တိုဘာ ၆ ရက်တွင် ရန်ကုန်သို့ ပြန်လည်ရောက်ရှိခဲ့သည်ဟု ကိုကိုးကျွန်းနေ အမည်မဖော်လိုသူ ဒေသခံများက ပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required