UFC ကစားသမားဟောင်းကို ပထမအချီတွင် အလဲထိုးအနိုင်ယူမည် ဟု ဒေ့ဗ်(ဒေဝ)ဆို

UFC ကစားသမားဟောင်းကို ပထမအချီတွင် အလဲထိုးအနိုင်ယူမည် ဟု ဒေ့ဗ်(ဒေဝ)ဆို
ဓာတ်ပုံ - သက်ကို (မဇ္စျိမ)

ရန်ကုန်၊ ဇူလိုင်လ ၂၇ ။             ။ အမေရိကန်နိုင်ငံသား UFC ကစားသမားဟောင်း ဆက်သ်ဘက်ဇင်စကီးကို ပထမအချီတွင် အလဲထိုး အနိုင်ယူ သွားမည်ဟု ဒေ့်ဗ်လက်ဒု(ဒေဝ) က ဇူလိုင်လ ၂၇ ရက်နေ့ က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မီဒီယာ များကိုပြောသည်။

"ပထမအချီနဲ့ အလဲထိုး သွားမှာပါ။ UFC ဖိုက်တာ ဆက်သ်ဘက်ဇင်စကီးက ကျွန်တော်ထက် အတွေ့အကြုံ နှစ်ဆလောက် ပိုများပေမယ့် အဓိက အဆုံးဖြတ်ဖြစ်သွားမှာက ဘယ်သူက အောင်မြင်မှုကို ပိုဆာလောင် လဲဆိုတဲ့ စိတ်က အဆုံးအဖြတ်ဖြစ်သွားမှာပါ " ဟု ဒေ့ဗ်(ဒေဝ) က မီဒီယာ များကို ဖြေကြားသည်။

အဆိုပါပွဲကို သြဂုတ်လ ၂ ရက်နေ့တွင် မန္တလေးမြို့၌ WLC : KING OF NINE LUMBS ပွဲအဖြစ် ကျင်းပမည်ဟု သိရပြီး ဒေ့ဗ်(ဒေဝ)နှင့် ဆက်ဘက်ဇင်စကီးတို့၏ တွဲဆိုင်းသည် ခေါင်ပွဲအဖြစ် ပါဝင်မည်ဟု သိရသည်။ ထို့အပြင် ပြည်တွင်း တွဲဆိုင်း ၄ ဆိုင်း ၊ အမျိုးသမီး တွဲဆိုင်း ၁ ဆိုင်း ၊ ပြည်ပ တွဲဆိုင်း ၂ ဆိုင်း၊ မိုက်ရိုင်းနှင့် ထိုင်းလက်ဝှေ့ ကစားသမား တို့၏ တွဲဆိုင်းများ ပါဝင်ကြောင်း သိရသည်။

" ကျွန်တော်တို့ အကောင်ပိုကြီးပေမယ့် ခံနိုင်ရည် အားတွေက ပိုတိုးသွားတာမဟုတ်ပါဘူး။ သူ အလဲ ထိုးနိုင်အောင် ကြိုးစားမှာပါ။ ဘယ်လောက်အကောင်ကြီးကြီး ပါ " ဟု ဒေ့ဗ်(ဒေဝ) က ဆက်ပြောသည်။

ဒေ့ဗ်(ဒေဝ)သည် အသက် ၂၈ နှစ်အရွယ်ရှိသော ကနေဒါလက်ဝှေ့သမားတစ်ဦးဖြစ်ပြီး WLC : KING OF NINE LUMBSသည် သူ့၏ ပွဲဦးထွက် ပွဲစဉ်ဖြစ်ကြောင်း သိရသည်။

အမေရိကန်နိုင်ငံသား UFC တိုက်ခိုက်ရေးသမား ဆက်ဘာဇင်စကီးမှာ အသက် (၃၈) နှစ်ရှိသူဖြစ်ပြီး အတွေ့ အကြုံပိုင်းတွင် ဆက်ဘာဇင်စကီးက ဒေ့ဗ်(ဒေဝ)ထက်ပိုသာကြောင်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly