အနာဂတ် ရေပေါ်ကွင်းသစ်ဒီဇိုင်းကို ချပြလိုက်တဲ့ အဲဗာတန်

27 July 2019
အနာဂတ် ရေပေါ်ကွင်းသစ်ဒီဇိုင်းကို ချပြလိုက်တဲ့ အဲဗာတန်

အဲဗာတန်အသင်းဟာ ပေါင်သန်း (၅၀၀) ကုန်ကျမယ့် ရေပေါ် ဘောလုံးကွင်းကြီးကို အနာဂတ်မှာ အသုံးပြုသွားမယ့် အစီအစဉ်တွေအကြောင်း ပရိသတ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။

ရေပြင်ပေါ်မှာ မေးတင်ထားသလိုရှိနေမယ့် ကွင်းသစ်ကို အသုံးမပြုတော့တဲ့ လီဗာပူးလ်မြို့က ဘာမ်လေ-မိုးလ်သင်္ဘောကျင်းနေရာမှာ တည်ဆောက်သွားဖို့ အဲဗာတန်အသင်းက စီစဉ်ထားပြီး ၂၀၂၃-၂၄ ဘောလုံးရာသီအတွက် အချိန်မီ ကွင်းဟောင်းကနေ ကွင်းသစ်ဆီ ပြောင်းရွှေ့နိုင်မယ်လို့ မျှော်မှန်းထားပါတယ်။

ဗီဒီယိုခရစ်ဒစ် - အဲဗာတန်

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59158

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly