ကစားသမားတွေကိုယ်စား ယူနိုက်တက်ကို တောင်းပန်စကားဆိုခဲ့တဲ့ ပိုချက်တီနို

27 July 2019
ကစားသမားတွေကိုယ်စား ယူနိုက်တက်ကို တောင်းပန်စကားဆိုခဲ့တဲ့ ပိုချက်တီနို

တော့တင်ဟမ်ဟော့စပါးအသင်း နည်းပြ မာရီစီယို ပိုချက်တီနိုက ကြာသပတေးနေ့က မန်ချက်စတာယူနိုက်တက်အသင်းကို (၂-၁)ဂိုးနဲ့ အရေးနိမ့်ခဲ့တဲ့ ခြေစမ်းပွဲမှာ အသင်းရဲ့ ကစားသမားတွေ အပြုအမှုအတွက် ယူနိုက်တက်ကို တောင်းပန်ခဲ့သလို စိတ်ပျက်ခဲ့မိပြီး စိုးရိမ်ခဲ့တယ်လို့ ပြောပါတယ်။

စပါးအသင်းဟာ ယူနိုက်တက်နဲ့ တရုတ်နိုင်ငံ၊ ရှန်ဟိုင်းမြို့မှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ စပါးအသင်းကစားသမားတွေရဲ့ ကစားပုံက ကြမ်းတမ်းခဲ့ပါတယ်။ အဆိုပါပွဲမှာ ယူနိုက်တက်ကစားသမား ဒန်နီရယ်ဂျိမ်းစ်ကို စပါးကစားသမား ဆစ်ဆိုကိုက သိသိသာသာ တက်နင်းခဲ့တာကြောင့် ကွင်းလယ်လူ တော်မီနေးက ဒီအဖြစ်အပျက်အတွက် ဒေါသထွက်ခဲ့ပြီး စပါးကစားသမားတွေနဲ့ ပြဿနာ ဖြစ်ပွားခဲ့ပါတယ်။

သတင်းအပြည့်အစုံ - http://www.mizzimaburmese.com/article/59156

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly