တရုတ်မှာ မြေပြိုမှုကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံး

တရုတ်မှာ မြေပြိုမှုကြောင့် လူ ၂၀ ဦးထက်မနည်း သေဆုံး

ဇူလိုင် ၂၆ ။              ။ တရုတ်နိုင်ငံ အနောက်တောင်ပိုင်းက ကျေးရွာတစ်ရွာမှာ ပြီးခဲ့တဲ့ ရက်ပိုင်းက မြေပြိုမှုတစ်ခုဖြစ်ပြီးနောက် ဇူလိုင် ၂၆ ရက်အထိ သေဆုံးသူဦးရေဟာ  အယောက် ၂၀ အထိ မြင့်တက်လာခဲ့ပြီဖြစ်ကြောင်း နိုင်ငံပိုင် မီဒီယာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင် ၂၃ ရက်မှာ ယင်း သဘာဝဘေးဖြစ်ရပ်ဆိုး ဖြစ်ပေါ်ပြီးနောက် ယခုအချိန်အထိ လူပေါင်း ၂၅ ဦး ပျောက်ဆုံးနေဆဲ လို့ သိရပါတယ်။

ကွေ့ကျိုး ပြည်နယ် ဖြစ်တဲ့ ယင်းမြေပြိုမှုမှာတော့ ယမန်နေ့ ဇူလိုင် ၂၅ ရက်က ကလေးနှစ်ဦးနဲ့ အခြား အမျိုးသမီးတစ်ဦးတို့ရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေ ရှာတွေ့ခဲ့ကြပါတယ်။

ဇူလိုင် ၂၃ ရက်က ယင်းပြည်နယ်မှာ တောင်ကုန်းတစ်ခု မြေပြိုကျခဲ့ပြီးနောက် ယင်းအနီးအနားက ရွာတစ်ရွာရှိ နေအိမ် ၂၃ လုံးအပေါ် ပြိုကျပိမိခဲ့တာဖြစ်ပါတယ်။

တရုတ်ရဲ့ ကျေးလက်ဒေသတွေ၊ တောင်ကုန်းဒေသတွေမှာတော့ ခုလို မြေပြိုမှုတွေကတော့ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး အထူးသဖြင့် မိုးသည်းထန်စွာ ရွာသွန်းပြီးချိန်မျိုးမှာ ဖြစ်ပွားတတ်ကြောင်း သိရပါတယ်။
 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required